3/04/2014

ဆက်သွယ်ရေးဝန်ဆောင်မှုများတရားမ၀င်ဆောင်ရွက်ပါကတည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်









က်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရားမ၀င်ဆောင်ရွက်ထား ရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတဆင့် သိရှိရ သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ်္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများအ နေဖြင့် အခွင့်အလမ်းတူမျှစွာဖြင့် ပွင့်လင်းမြင်သာစွာယှဉ်ပြိုင်နိုင်ရန် အတွက် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ (၂၆)ရက်နေ့တွင် အသိပေးကြေ ငြာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အသိပေးကြေငြာချက်အရလက် ရှိကာလတွင် အချို့သောပုဂ်္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများသည် တရား ၀င်လိုင်စင်ရယူထားခြင်းမရှိဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးစက်ပစ်္စည်းများ အသုံးပြုခြင်းနှင့် တင် သွင်းရောင်းချခြင်းများကို တရားမ၀င်ဆောင်ရွက်လျက်ရှိနေကြောင်း ထုတ်ပြန်ကြေငြာထားရှိသည်။
လက်ရှိကာလတွင် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအတွက် ပြည် ပအော်ပရေတာ (၂)ဦးနှင့် ပြည်တွင်းအော်ပရေတာ (၂)ခုတို့ဖြင့် ဈေးကွက်ယှဉ်ပြိုင်မှုပုံစံမျိုး ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေး နိုင်ရန်စီစဉ်ထားရှိသည်။ ပြည်ပအော်ပရေတာ (၂)ဦးဖြစ်သော ကာ တာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေးနိုင်ငံအခြေစိုက် Telenor တို့အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လက်ဝယ်ရရှိ ထားရှိပြီး များမကြာမီကာလအတွင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များဦးဆောင်ဖွဲ့စည်းထားရှိသော ရတနာပုံတယ်လီပို့ အများပိုင် ကုမ္ပဏီကို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ပေးသွားရန်စီ စဉ်ထားရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို သီးသန့်အော်ပရေတာအဖြစ် ပြောင်းလဲ၍ ၀န်ကြီးဌာနမှခွဲထုတ်ဖွဲ့ စည်းသွားရန် စီစဉ်ထားရှိသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆက် သွယ်ရေးပစ္စည်းအသုံးပြုခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများတင်သွင်း ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်ကြရန် နှင့် တရားမ၀င်ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်ကို တာဝန်ရှိသူများအနေဖြင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ များ နှင့်အညီ အရေးယူသွားမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားရှိသည်။ ဆက်သွယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၃ခု နှစ် အောက်တိုဘာ (၈)ရက်နေ့တွင် ထုတ်ပြန်ပြဌာန်းခဲ့ပြီး ဖြစ်သည်။



Thihahtike

Welcome From My Blog 

Ref:Myanmar Digital Life Journal
























 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download