3/04/2014

Nokia မှထုတ်လုပ်ခဲ့သည့် X,X+&XL Android ဟန်းဆက်များ








Nokia အနေဖြင့် ၄င်းတို့သည်လည်း Android နှင့်ပတ်သက်၍ နားလည်သိရှိကြောင်းကို အသိပေး သည့် အနေဖြင့် X ၊ X+ ၊ Xl ဟုအမည်ပေးထားသော Hansets သုံးမျိုးကို ထုတ်လုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟန်းဆက်များတွင် Nokia X ဟန်းဆက်သည် မျက်နှာပြင် ၄ လက်မရှိ၍ IPS LCD Display ကိုအသုံးပြုထား ကာ RAM 512 MB ရှိ၍ ကင်မရာမှာ 3MP ဖြစ်ပါသည်။ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၂၅ ရှိပြီး 1GHz Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားကာ အဖြူ၊ အနက်၊ အစိမ်း၊ အ၀ါ၊ ခရမ်းနှင့် အနီရောင်တို့ဖြင့် ထုတ်လုပ်ထားပါသည်။
Nokia X+ Handset တွင်လည်း Nokia X ကဲ့သို့ပင် မျက်နှာပြင် ၄ လက်မနှင့် Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါသည်။ သို့သော် 768MB RAM အသုံးပြုထားပြီး 4GB MicroSD Card ဖြစ်ကာ ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၃၅ ဖြစ်ပါသည်။
Nokia XL သည် မျက်နှာပြင်အကျယ် ၅ လက်မရှိ၍ ၄င်းတွင်လည်း Qualcomm Chip နှင့် IPS Display ကိုအသုံးပြုထားပါသည်။ ၄င်းတွင်လည်း 768MB RAM ဖြစ်ပြီး ကင်မရာမှာ 2 လုံးပါဝင်၍ အနောက်တွင် 5MP အရည်အသွေးရှိပြီး ရှေ့တွင် 2MP ဖြစ်ကာ ဟန်းဆက် ၃ ခုတွင် ဈေးနှုန်းအနေဖြင့် ၁၅၀ ဒေါ်လာဖြစ်သောကြောင့် ဈေးအကြီးဆုံးလည်းဖြစ်ပါသည်။
ဟန်းဆက်များတွင် Skype အား Install ထားကြောင်းပြသထားသလို Nokia ၏ကိုယ်ပိုင် Store တွင်လည်း Android Apps များစွာအား ထည့်သွင်းထားသည်ဟု သိရှိရပြီး ဈေးကွက်တွင် မကြာမီဖြန့်ချိတော့မည် ဖြစ်ပါသည်။

===============
ပြန်ဆိုသူ-World Wide
Ref:thetechjournal
Ref:TechSpace Journal



Thihahtike

Welcome From My Blog





























 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download