3/04/2014

စမတ်ဖုန်း နဲ့ အခြား Device တွေကို ခိုင်းစေနိုင်တဲ့ စမတ် လက်စွပ်






စမတ်ဖုန်း က အချက်ပေးမှုတွေကို လက်ခံရယူ နိုင်တဲ့ စမတ် လက်စွပ်တွေကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတစ်ခါတော့ စမတ်ဖုန်း ကို ထိန်းချုပ်နိုင်တဲ့ စမတ် လက်စွပ်ဖြစ်ပါတယ်။ စမတ်လက်စွပ် က သာမာန် ငွေရောင် လက်စွပ် နဲ့ ဆင်တူပါတယ်။ စမတ်ဖုန်း နဲ့ အခြား Device တွေကို ထိန်းချုပ်ဖို့ လက်စွပ် ၀တ်ဆင်ထားတဲ့ လက်ကို ဝှေ့ယမ်း ရမှာ ဖြစ်ပါတယ်။ လက်စွပ် နဲ့ Device တွေကိုချိတ်ဆက်ဖို့ Bluetooth ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
လက်စွပ် တီထွင်သူ Logbar ရဲ့ CEO ဖြစ်သူ Takuro Yoshida က ပြီးခဲ့တဲ့ နှစ်က လက်စွပ် ရဲ့ စွမ်းဆောင်ချက်တွေကို San Francisco မှာ သရုပ်ပြခဲ့ပါတယ်။ အခုတော့ လက်စွပ် ကို Kickstarter Campaign မှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။
လက်စွပ် က လက်ဝှေ့ယမ်းမှုပုံစံ (Gesture) တွေကို သိရှိပြီး အလုပ်တွေ လုပ်ပေးမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မိနေတဲ့ Device မှာ စာရေးသားဖို့ အတွက် လေထဲမှာ စာတွေ ရေးသားလို့ရပါတယ်။ Apps တွေအသုံးပြုဖို့အတွက်လည်း လေထဲမှာ ပုံဆွဲပြနိုင်ပါတယ်။ ဥပမာအားဖြင့် Music Note တစ်ခုကို ဆွဲပြလိုက်ရင် Music Player ကိုဖွင့်ပေးမှာ ဖြစ်ပါတယ်။ စာအိတ်ပုံဆွဲပြရင် အီးမေး ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။
ဒီထက်ပိုအဆင့်မြင့်တဲ့ စွမ်းဆောင်ချက်တွေပါရှိပါသေးတယ်။ GPS , iBeacon တို့ကနေတစ်ဆင့် ငွေပေးချေနိုင်ပါတယ်။ စမတ်အိမ် က တီဗီ ၊ မီးချောင်းတွေကို ထိန်းချုပ်တဲ့ Remote Control အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ လက်စွပ် ကို Pebble , Drones, Google Glass တို့နဲ့ ချိတ်ဆက် စမ်းသပ်ပြီးပြီလို့ Company က ပြောပါတယ်။
လက်စွပ် အတွက် App တစ်ခုပြုလုပ်ပေးထားပြီး Gesture တွေကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ လက်စွပ် ကို တစ်ခါအားသွင်းထားရင် Gesture ပေါင်း တစ်ထောင် အထိပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ စမတ်လက်စွပ် ရဲ့ အားနည်းချက် က ရေစိုခံနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။
စမတ်လက်စွပ် ကို ဒေါ်လာ (၁၄၅) ၀န်းကျင်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ တီထွင်သူက နောက်ပိုင်းမှာ ဒေါ်လာ တစ်ရာအောက် ရောင်းချပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ iOS, Android တို့အတွက် လက်စွပ် App ကို ပြုလုပ်ပေးထားပါတယ်။ Windows Phone အတွက်လည်း ပြုလုပ်ပေးမယ်လို့ Company က ပြောပါတယ်။



Thihahtike

Welcome From My Blog


Ref:Myanmar Digital Life Journal



























 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download