2/22/2014

HTC စမတ်နာရီ မိတ်ဆက်မည်





လာမယ့်အပတ် Mobile World Congress မှာ ထိုင်ဝင် HTC ဟာ Samsung နဲ့ Sony ကိုယှဉ်ပြိုင်မယ့် စမတ်နာရီ တစ်မျိုးကို စတင် မိတ်ဆက်ပြသ မှာ ဖြစ်ကြောင်း သိရ ပါတယ်။ မိတ်ဆက်ပြသပြီးရင်တောင်မှ ချက်ချင်း ထုတ်လုပ်ရောင်းချမှာ မဟုတ် ပါဘူး။ ၂၀၁၄ ခရစ်စမတ်ပြီးမှ ရောင်းချနိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းပြောဆို ထားပါတယ်။ အကြောင်းကတော့ မျက်နှာပြင် ဖြစ်ပါတယ်။ Mirasol screen technology ကို အသုံးပြုပြီး သာမန် စမတ်နာရီ၊ စမတ်ဖုန်းများထက် စွမ်းအင် အသုံးပြုမှု အတော်လေး သက်သာမှာ ဖြစ်ပါတယ်။ Ultra low power usage ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့် ထွက်ရှိလာရင်တော့ စမတ်နာရီလောက ကို တစ်ခေတ်ဆန်းစေမယ့် နာရီ တစ်မျိုး ဖြစ်ပါတယ်။ အခြားသော စမတ်နာရီ Feature အားလုံး ကတော့ Samsung, Sony တို့နဲ့ သိပ်ကွာမယ့် ပုံ မပေါ် ပါဘူး။ ဒီဇိုင်းကတော့ HTC ရဲ့ အသွင်အပြင် မပျက်အောင် ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

HTC ဟာ စမတ်နာရီ ပြီးရင် AMOLED မျက်နှာပြင် အသုံးပြု၊ Google Now ပါဝင်တဲ့ စမတ်နာရီ နောက်တစ်မျိုးလည်း ထုတ်လုပ်အုံးမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ပြီးရင် စမတ်လက်ပတ်လည်း ထုတ်လုပ်ပြီး ဖန်သား မျက်နှာပြင်သေး ပါဝင်လို့ သီချင်းနားထောင်လို့လည်း ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ စမတ်နာရီ၊ စမတ် လက်ပတ် ထုတ်လုပ်မှုမှာလည်း HTC က ဈေးကွက် တစ်ခု ရရှိ နိုင်ပါတယ်။ လာမယ့် အပတ် ဘာစီလိုနာ မှာ ကျင်းပမယ့် Moblie World Congress မှာတော့ စမတ်နာရီ တစ်မျိုးကို အရင် မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။


Ref&Credit;smart pro journal


Thihahtike

thihahtike.it@gmail.com

Welcome From My Blog






ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download