12/28/2013

Facebook အကောင့်လော့ကျနေသလား ဒီလိုပြန်ယူလိုက်ပါ


               





 ကျွန်တော့်ကို မနေ့ညကမှ ဖုန်းဆက်ပြီး Facebook Accound လော့ကျတာ ပြန်ယူချင်လို့ပါဆိုတော့ ကျွန်တော်လည်း  ထိုညီမ ကို ဒီနေ့ပဲ ကိုပြည့်ဖြိုးဆိုဒ်မှာတင်ပေးပါ့မယ်ဆိုပြီး ကတိပေးလိုက်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း မစမ်းရသေးပါဘူး အခုကျွန်တော်လေ့လာနေတဲ့ နည်းပညာနဲ့ မတူသေးလို့ပါ  ဒါကြောင့် ကျွန်တော်အခု ကျွန်တော်ကိုယ်တိုင်လေ့လာရှာဖွေထားတာမဟုတ်ဘဲ ဘလော့ခရီးသည် ဆီမှ ရယူလာပါတယ် ..ပြုလုပ်ပုံ ပြုလုပ်နည်း ကို တော့အောက်မှာ အသေးစိတ်ရေးသားထားလို့ ထပ်လည်း ပိုရေးမနေတော့ပါဘူး ...လော့ကျနေတဲ့ ညီအကိုေ
မာင်နှမများ ဒီနည်းလမ်းအတိုင်း ပြုလုပ်ကြပေါ့ဗျာ ....ဆက်ကြစို့...>>>>
မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့
ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ်
အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလို့
သတ်မှတ်ခဲ့ရပါတယ်


ဘာကြောင့်လဲဆိုတော့ Facebook ပို့တဲ့ Verification Code ဟာ
မြန်မာနိုင်ငံကဖုန်းတွေဆီကို မရောက်နိုင်လို့ပါ
အခုတော့ ကလိမ်ကကျစ်နည်းလမ်းလေးတွေသုံးပြီး
အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ပါပြီ
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက်

(၁) Model အရမ်းကြီးမနိမ့်တဲ့ Android ဖုန်းတစ်လုံး
(၂) Hotspot Shield VPN APK
(၃) TextPlus APK နဲ့
(၄) Yuilop APK တို့ လိုအပ်ပါတယ်
Hotspot Shield APK ကို ဒီမှာ ဒေါင်းပါ
TextPlus APK ကို  ဒီမှာ ဒေါင်းပါ
Yuilop APK ကို ဒီမှာ ဒေါင်းပါ
 APK သုံးခုလုံးကို တစ်ခါတည်းဒေါင်းချင်ရင်တော့   ဒီမှာ ဒေါင်းလိုက်ပါ  ( 30 MB ကျော်ရှိပါတယ်)

တစ်ချို့ဖုန်းတွေမှာ Yuilop APK က မ Run ပဲ ပြန်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်
ကျွန်တော်ကတော့ အဲဒီဖြစ်ပြီဆိုရင် Yuilop ကို ဖုန်းထဲကနေ Uninstall လုပ်ပစ်လိုက်ပါတယ်
ပြီးရင် Root Explorer လို Application ကိုသုံးပြီး root >> system >> app ဆိုတဲ့ဖိုဒါထဲကို
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Yuilop.apk ကို ကူးထည့်လိုက်ပါတယ်
ပြီးရင် အဲဒီကူးထည့်လိုက်တဲ့ Yuilop.apk ပေါ်မှာ ခပ်ကြာကြာဖိထားပြီး ပေါ်လာတဲ့ထဲက Permission ကိုရွေးပြီး
rw.r.r ဖြစ်အောင် Permission ပြောင်းပေးလိုက်ပါတယ်
ပြီးရင် ဖုန်းကို Restart ချလိုက်တယ်
ဖုန်းပြန်ပွင့်လာတဲ့အခါမှာ Yuilop ကို အဆင်ပြေပြေနဲ့ Run နိုင်တာ တွေ့ရပါတယ်
( ဒီနည်းက Root ဖောက်ထားတဲ့ဖုန်းတွေမှာပဲ သုံးလို့ရမှာဖြစ်ပါတယ် )
ကဲ .. ထားပါတော့
ကျန်တာတွေ ဘယ်လိုဆက်လုပ်မှာလဲ သိချင်နေမှာပေါ့
လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စာအုပ်လေးရေးပြီး တင်ပေးထားပါတယ်




စာအုပ်ကတော့ ဒီမှာ ဒေါင်းနော်



ဒီနည်းလမ်းမှာ လတ်တလောကြုံတွေ့နေရတဲ့ Yuilop က Confirm Code ဟာ TextPlus ထဲရောက်မလာတဲ့ပြဿနာကို
ဖြေရှင်းထားပါတယ်
အဲဒီပြဿနာကို ဖြေရှင်းဖို့ Hotspot Shield ဆိုတဲ့ Application တစ်ခုကို သုံးထားပါတယ်
ဖုန်းရဲ့ VPN ကို Fake လုပ်ပေးတဲ့ APK ပါ
ဒီ APK လေးကို Run မထားရင် Yuilop က Confirm Code သာမက Facebook က Verification Code လည်း
ဖုန်းထဲကို ရောက်လာမှာမဟုတ်ပါဘူး
တစ်ခုသတိပေးချင်တာက ဒီ Hotspot Shield VPN ဆိုတဲ့ Application ကို Run ထားတဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့လက်ရှိ
Facebook အကောင့်ကို မသုံးမိပါစေနဲ့ အဲဒီအကောင့်ကို US ကနေ တစ်ယောက်ယောက် ခိုးသုံးနေတယ်လို့
Facebook က ယူဆပြီး လော့ချပစ်တာတွေ Security Test လုပ်တာတွေ ခံရတတ်ပါတယ်
နောက်ပြီးအဲဒီဖုန်းထဲမှာရှိနေတဲ့ Gmail ထဲကိုလည်း " မင်းရဲ့အကောင့်ကို US က တစ်ယောက်ယောက် ခိုးသုံးနေပါတယ် "
ဆိုတဲ့ Message တွေကို Google Team က မကြာခဏပို့နေမှာဖြစ်ပါတယ်

ကျွန်တော်တင်ပေးထားတာတွေက ကျွန်တော်ကိုယ်တိုင်ရေးတာမဟုတ်တာတော့ သိစေချင်ပါတယ် ကို အိုင်တီမုဆိုး ရေးသာထားတာတွေကို မျှဝေပေးတာပါ ကိုအိုင်တီမုဆိုးကိုCredit ပေးပါတယ်ခင်ဗျာ

Thihahtike
thihahtike@gmail.com
www.thihahtike.blogspot.com