12/22/2013

Facebook Solutions (အချိန်ပေးပြီးဖတ်ပေးပါ)



မင်္ဂလာပါဗျာ........ဒီနေ.ကျွန်တော်တို.ဆိုဒ်ကိုအားပေးနေတဲ့ ပရိတ်သတ်ကြီးအတွက် ဒီပို.စ်လေးကိုတော့ christmas လက်ဆောင်ကြိုပေးတယ်ပဲသဘောထားပေးပါ :D  ကျွန်တော် အရင်တုန်းက ပို.စ်တွေမှာ facebook နဲ.ပက်သက်တာတွေ တော်တော်များများရှယ်ခဲ့ပြီးပါပြီ အခုဒီပို.စ်လေးမှာတော့ အရင်လိုအကောင့်ဖွင့်နည်းတွေ မဟုတ်တော့ပါဘူး ..... အရင်တုန်းက တော့ အကောင့်ဖွင့်နည်းတွေရှယ် ပေးရတယ်ဆိုတာက ဖွင့်ရတာ အခက်အခဲရှိလို. facebook က account အသစ်ဖွင့်ပြီဆိုတာနဲ. ဖုန်းနံပါတ်တောင်းပြီး comfirm လုပ်ခိုင်းပါတယ် ကျွန်တော်တို.နိုင်ငံကို comfirm ပို.တဲ့ message မ၀င်ပါဘူး အခုတော့ဒါတွေကိုကျော်လွှားနိုင်ပါပြီ   ဘာလို.လဲဆိုရင် usa ဖုန်းနံပါတ်တစ်ခု ကို apk သုံးပြီးပိုင်ဆိုင်နိုင်ပြီဖြစ်လို.ပါ email account တစ်ခုရှိယုံနဲ.

ရယူနိုင်ပါပြီ ဒီနည်းလေးကို ရှာဖွေခဲ့သူကတော့ မသဇင်ကိုကို(MMUG) ဖြစ်ပါတယ် အခုလို အမေရိကန်ဖုန်းနံပါတ်တစ်ခုရယူနည်းကို ဖေါ်ထုတ်ပေးနိုင်သူမသဇင်ကိုကို အား credit ပေးပါတယ် ဗျာ ဒီပို.စ်နဲ.ပက်သက်သူအားလုံးကိုလဲ credit ပေးပါတယ်။ဒီပို.စ်လေးဖြစ်မြောက်ဖို. ၀ိုင်းဝန်းကူညီခဲ့သူ ကျွန်တော့ facebook မှသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ရှိပါတယ် .......

အရင်ဆုံး  လော့ကျနေတဲ့ ဖေ့ဘုတ်အကောင့်ဖြည်နည်းကိုဆွေးနွေးပေးပါမယ် facebook က အသုံးပြုသူ user တွေများလာတာနဲ.အမျှ account ဖွင့်ရတာခက်ခဲလာပါတယ် ..... အကောင့်ဖွင့်လို.ရပြီဆိုရင်လဲ အကောင့်အသစ်တွေကိုမထင်ရင်မထင်သလို lock ချတတ်ပါတယ် ကျွန်တော်ကြုံဖူးသလောက်ပြောရရင် ပုံစံနှစ်မျိုးနဲ. lock ချပါတယ် ပထမနည်းဖြစ်တဲ့ ဓါတ်ပုံ ရွေးခိုင်းတာ ကိုတော့ အကောင့်ပိုင်ရှင်ကိုယ်တိုင်ရွေးပြီး အားလုံးမှန်ရင်ပြန်ရမှာဖြစ်ပါတယ်.....ဒုတိယနည်းဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် ကြောက်ရတဲ့ ဖုန်းနံပါတ်တောင်းတဲ့နည်းပါ..... ကိုယ့်ဖုန်းနံပါတ်ထည်.ပေးရမယ် ကိုယ်ထည်.လိုက်တဲ့ဖုန်းကို facebook က code ၆လုံးပြန်ပို.ပေးပါတယ် အဲ့ကုဒ်တွေမှန်အောင်ထည်.နိုင်ရင် အကောင့် lock ချထားတာကိုပြန်ဖွင့်ပေးပါတယ် lock ချမခံရအောင်ရှောင်ရန်ဆောင်ရန်တွေကိုတော့ အောက်မှာဆက်ပြီးဖေါ်ပြပေးသွားပါမယ် ........ ခုနလို code ပို.ပေးဖို.ဆိုတာအရင်က ကျွန်တော်တို.နိုင်ငံခြားမှာနေတဲ့သူငယ်ချင်းတွေကိုလိုက်အပူကပ်နေရပါတယ် အခုတော့ ကိုယ်ပိုင် usa ဖုန်းလေးရရှိနိုင်ပါပြီ ... ဒီလိုဖုန်းနံပါတ်တစ်ခုရယူဖို. လိုအပ်တဲ့ apk လေးတွေကတော့ text plus နဲ. yuilop ဆိုတဲ့ apk လေးနှစ်ခုပါ ဒီနှစ်ခုကို အဆင်ပြေပြေချိတ်ဆက်နိုင်ဖို.အတွက် VPN ကျော်တဲ့ apk လေးသုံးထားပါတယ် အောက်မှာကျွန်တော် video ဖိုင်လေးနဲ. လက်တွေ.လုပ်ပြထားပါတယ် သေချာလေးလေ့လာမယ်ဆိုရင်လုပ်တက်သွားပါလိမ့်မယ် ဒီပို.စ်တစ်ခုလုံးအတွက်လိုအပ်တဲ့ text plus , yuilop , vpn unlimited နဲ. google authenticator ဆိုတဲ့ apk လေးခုကို Sharebeast ကနေတင်ပေးထားတာ ကိုတော့ ဒီမှာဒေါင်းပါ ဒါတွေကိုအသုံးပြုပြီး ဖုန်းနံပါတ်ရယူဖို.အတွက် email အကောင့်တစ်ခုတော့လိုအပ်ပါမယ် ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့အောက်က ဗီဒီယိုဖိုင်လေးမှာ လေ့လာနိုင်ပါတယ်........



ကဲ့ အဆင်ပြေပြေနဲ.ဖုန်းနံပါတ်တစ်ခုပိုင်ဆိုင်သွားပြီဆိုရင်တော့ ဖုန်းနံပါတ်နဲ. lock ချထားတဲ့အပိုင်းကိုတော့ ကိုယ်တိုင်လုပ်နိုင်ကြပြီထင်ပါတယ် ပို.စ်လေးအရမ်းရှည်သွားမှာဆိုးလို. တစ်ဆင့်ခြင်းစီထပ်မရှင်းပြတော့ဘူးနော် ...... ဒီအဆင့်မှာမပြီးသေးပါဘူး ကျန်ပါသေးတယ် ကျွန်တော် တောင်ရေးနိုင်သေးတာပဲဟုတ်ဘူးလား ........:D
အခု ကျွန်တော်တင်ပေးထားတာက Apk လေးခုပါ လက်ရှိသုံးလိုက်ရတာ က သုံးခုပါတစ်ခုကျန်နေပါသေးတယ်  ဒါကတော့ဘာအတွက်ဆက်သုံးမလဲဆိုရင် facebook အကောင့်တွေ အခိုးမခံရအောင်လုံခြုံရေးလုပ်ဖို.အတွက် အကောင့်ကို login ၀င်တိုင်း login approval service ကိုအဆင်ပြေပြေသုံးနိုင်အောင် စီစဉ်ပေးထားပါတယ် အဲ့လို login approval security ခံထားခြင်းဖြင့် မိမိဖုန်း  လက်ထဲမှာမရှိရင် အကောင့်ပိုင်ရှင်ကိုယ်တိုင်တောင် password သိရဲ.နဲ.သုံးခွင့်မရပါဘူး အခုလို login approval service အတွက် လုပ်ဆောင်ရမဲ့အချက်လေးတွေကို ကျွန်တော်စာအုပ်လေးလုပ်ပေးထားပါတယ် ဒီမှာဒေါင်းပါ စာအုပ်ထဲက အကြောင်းအရာတွေနဲ.ပက်သက်ပြီး နားမလည်တာရှိခဲ့ရင် myanmarpyilunge.blog@gmail.com မှာမေးမြန်းနိုင်ပါတယ် ။

facebook က သင့်ကို ဘာ့ကြောင့် lock တွေချနေရလဲဆိုတာလေးတွေကို  (Facebook ကသင့်ကိုဘလော့ရခြင်းအကြောင်း များ)ဆိုတဲ့ ခေါင်းစဉ်နဲ. facebook မှ ကျွန်တော့ဆရာ ကို AC Vs DC မှမျှဝေထားတာလေးကို အောက်မှာဖတ်ပေးပါ



Facebook က သင့်ကို Block ရခြင်း အကြောင်း များ
===========================
Friend အသားကုန် Add ခြင်း
````````````````````
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

Message ဇွတ်ပို့ခြင်း
``````````````
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

Like ဇွတ်လုပ်ခြင်း
````````````
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

Group အများအပြား ဝင်ခြင်း
````````````````````
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

နာမည်ရင်း အသုံးမပြုခြင်း
````````````````
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

Friend များလွန်းခြင်း`
``````````````
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။

နေရာ ပြောင်းသုံးလွန်းခြင်း
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

Device ပြောင်းသုံးလွန်းခြင်း
```````````````````
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

Poke လုပ်လွန်းခြင်း
``````````````
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

Link များ ရှဲလွန်းခြင်း
``````````````
ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

အသက် ၁၈ နှစ်မပြည့်သေးရင်
````````````````````
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

Report အလုပ်ခံရများရင်
``````````````````
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

App ဇွတ်သုံးခြင်း
````````````
သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

အခြားအကြောင်းအရာများ
``````````````````
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။

အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ် ဖစ်နိုင်ရင်ဘာမှမလုပ်လေးကောင်းလေ ပါဘဲ  မူရင် link ကနေ ဘာတွေ လုပ်ရမလဲ လေ့လာနိုင်ပါသေးတယ်ခင်မျာ http://geek-easy.com/2012/09/five-essential-facebook-security-settings/



ကဲ့ဒီလောက်ဆိုရင် FACEBOOK နဲ.ပက်သက်လို. တော လုံလုံခြုံခြုံလဲဖြစ်သွားပါပြီ တော်ရုံတန်ရုံပြသနာလဲ ကိုယ်တိုင်ဖြေရှင်းနိုင်ပြီလို.ထင်ပါတယ် .....................အားလုံးပဲအဆင်ပြေကြပါစေဗျာ
   
                                                                                      ( မြန်မာပြည်လူငယ် )


ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download