6/07/2013

Supreme Heroes APK V.1.0.2 For Android Game


Supreme Heroes ကတော့ ကိုယ်ပိုင် သူရဲကောင်းတစ်ယောက်ဖန်တီးပြီး ကိုယ့်ရဲ့သူရဲကောင်းကို တိုက်ပွဲဝင်ခိုင်းရ မယ့်ဂိမ်းပုံစံဖြစ်ပါတယ်။ ကိုယ့်ရဲ့သူရဲကောင်းကို စိတ်ကြိုက်ဖန်တီးပြင်ဆင်နိုင်တဲ့အတွက် ပိုပြီးပျော်စရာကောင်းတဲ့ဂိမ်းလေး ဖြစ်မှာပါ။ သင့်ရဲ့သူရဲကောင်းကြီးကို ၀တ်စုံနဲ့အဆင်တန်ဆာ ၁၀၀၀ ကျော်ကိုအသုံးပြုကာ စိတ်ကြိုက်ဖန်တီးပြင်ဆင်ပေးနိုင် ပါတယ်။ ပြီးရင် သင်ဖန်တီးလိုက်တဲ့ စူပါဟီးရိုး avatar ကို နည်းဗျူဟာခင်းပြီးကစားရတဲ့ card-style တိုက်ပွဲတွေထဲဝင် ရောက်တိုက်ခိုက်ခိုင်းရမှာပါ။ တိုက်ပွဲတွေကပြင်းထန်ပြီး ရန်သူတွေကလည်း ကြောက်မက်ဖွယ်ကောင်းပါတယ်။ ရန်သူတွေ ကို တိုက်ခိုက်အနိုင်ယူပြီး ရရှိလာတဲ့ ကတ်တွေ၊ လက်နက်ကိရိယာတွေကိုအသုံးပြုကာ သင့်သူရဲကောင်းကြီးရဲ့ စွမ်းရည်တွေ ကို ထပ်မံမြှင့်တင်ပေးနိုင်ပါတယ်။ ထူးခြားတဲ့ကာတွန်းစာအုပ်ပုံစံဇာတ်လမ်းနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ Mission တွေ အများကြီးပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်ကာ မြို့ကြီးကိုကာကွယ်ပေးရမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ graphic ကောင်းမွန်မှုနဲ့အသံဖန်တီးမှုတို့ကြောင့် ဂိမ်းဆော့ရတာ တကယ့်တိုက်ပွဲကြီးတစ်ပွဲကို ကိုယ်တိုင်ဆင်နွှဲနေသလိုထင်ရစေမှာ ပါ။ သူငယ်ချင်းမိတ်ဆွေတွေနဲ့အဖွဲ့လိုက်ကစားနိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ Supreme Heroes ဂိမ်းကိုကစားချင်တယ်ဆိုရင် Android 2.3.3 နဲ့အထက်မှာကစားနိုင်ပါတယ်။


 
 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။