6/16/2013

MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters New version 1.4.0.2955


MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version အမြင့် 1.4.0.2955 ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 1000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. အရင်ကလည်း တစ်ခါ တင်ပေးခဲ့ဖူးပါတယ်. အဲဒီတုန်းက ဗားရှင်းနိမ့်ပြီး အမျိုးအစား 1000 ကျော် Root နိုင်ပါတယ်. ခု 2000 ကျော် Root နိုင်တဲ့ New Version ပါ..  ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..

2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters 1.3.2.2905 ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..

3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..

 



4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

မောင်ပေါက်

Download Here !

or 

 Download Here !