1/02/2017

♪ ဖုန်းထဲက Icon တွေကို ခဲခြစ် Icon ပုံလေးတွေအဖြစ်ပြောင်းလဲပေးမယ့် -Sketchy – Icon Pack v1.45 Apk (Dec-28) ♫


အခုတင်ပေးလိုက်တဲ့ Icon Pack လေးကတော့ ပုံမှာမြင်ရတဲ့အတိုင်းပါပဲဗျာ။ စာရွက်ပေါ်မှာ icon လေးတွေ ကို ပုံဆွဲထားတဲ့ Design လေးဖြစ်ပါတယ်ဗျာ။ အခြားသော တင်ပေးခဲ့ဖူးတဲ့ Icon ပုံစံလေးတွေနဲ့မတူဘဲ တစ်မျိုးဆန်းသစ်နေမှာပါ။ နမူနာကြည့်နိုင်အောင် အောက်မှာလည်း Screen Shot လေးတွေပြပေးထားပါ တယ်ဗျာ။ စမ်းသုံးကြည့်ပါ တော်တော်လေး လန်းပါတယ်။ အောက်ဆုံးမှာ Download ဆွဲနိုင်အောင် Link ပေး ထားပါတယ်ဗျာ။





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 










   Sketchy - Icon Pack- screenshot

   Sketchy - Icon Pack- screenshot

   Sketchy - Icon Pack- screenshot




Download




www.pyaephyo.com
Read More ...

1/01/2017

♪ “KENBO Fly One” ♫

Image may contain: phone

Fly One ဖုန်းမှာ အသံပိုင်းစနစ်ကို ထူးခြားကောင်းမွန်စေဖို့အတွက် Auro 3D Audio စနစ်ကို တပ်ဆင်ပေးထား ပါတယ်။ အရောင်အမျိုးအစား ပေါင်း ၁၆ သန်းအထိ အနုစိတ်ခွဲခြားပုံဖော်ပေးနိုင်တဲ့ Sharp Screen ကို သုံးထားပြီး သူ့ရဲ့ မျက် နှာပြင်အရွယ်အစား 5.5 inches ရှိပါတယ်။ ဂိမ်းကစားတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် 1280*720 Pixels HD ရုပ်ထွက် ကို ထုတ်ပေးနိုင်တာမို့ ကြည်လင်တောက်ပတဲ့ အမြင်အာရုံကိုခံစားထိတွေ့ နိုင်မှာဖြစ်ပါတယ်။

အရည်အသွေးကောင်းမွန်တဲ့ Speaker ၂ ခုကို အသံ စစ်ထုတ်အားပိုမိုကောင်းမွန်စေရန် Fly One မှာ ထည့်သွင်းပေးထားတဲ့အပြင် ဖုန်းကိုအထက်အောက် ပြောင်းပြန်အနေအထားနဲ့ စကားပြောဆိုနိုင်ဖို့အတွက် MIC ၂ ခုကို ဖုန်းအထက်နဲ့အောက်မှာ ထည့်ပေးထားပါတယ်။ စွမ်းဆောင် ရည်မြင့်မားတဲ့ Quad Core 1.3 GHz CPU ကို ဖုန်းမှာတပ်ဆင်ပေးထားတာမို့ ဖုန်းအသုံးပြုတဲ့အခါမှာ ထစ်ငေါ့ခြင်းမရှိဘဲ မြန်ဆန် သွက်လက်နေမှာပါ။

ဗီဒီယို၊ ဓာတ်ပုံ၊ သီချင်း၊ အခြားအချက်အလက်များကို 16 GB ROM ပါဝင်တာ မို့ များပြားစွာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ RAM ပမာဏကိုတော့ 2GB ထည့်သွင်းပေးထားပါတယ်။ GSM နဲ့ WCDMA မိုဘိုင်းကွန်ရက်တွေမှာ ဖုန်းအသုံးပြုနိုင်မှာဖြစ်ပြီး Android စက်လည်ပတ်မှုစနစ် ဗားရှင်း 6.0 Marshmallow ကို သုံးပေးထားပါတယ်။ ကိုယ်ထည်ကို Air Aluminium (Metal Line) သတ္တုကို အသုံးပြုထားတာကြောင့် မတော်တဆထိခိုက်မိတဲ့ဒဏ်များကို ခံနိုင်ရည်ရှိစေမှာပါ။

ဘက်ထရီအားကတော့ 2500 mAh အထိ သိုလှောင်နိုင် စွမ်းရှိပြီး အရှေ့ဘက်တွင် 5 Megapixels ကင်မရာ၊ အနောက်ဘက် တွင် 8 Megapixels ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။ ဈေးနှုန်းသက်သက် သာသာနဲ့ နည်းပညာမြင့်မြင့်ဖုန်းကို သုံးချင် တယ်ဆိုရင်တော့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ Fly One ဖုန်းဟာ သုံးစွဲသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။


<Specification>
Network - 2G/3G
Memory - 16 GB
CPU - Quad Core 1.3 GHz
Camera - 8 MP
Screen - 5.5 inches
OS - Android OS, v6.0
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Nokia စမတ်ဖုန်းသစ်တွင် Snapdragon 835 Chipset အသုံးပြုမည်ဟုဆို ♫


Nokia သည် Mobile World Congress 2017 တွင်ပါဝင်မည်ဖြစ်ပြီး စမတ်ဖုန်းသစ်များ ထုတ်ဖော်ပြသဖွယ် ရှိကြောင်းသိရသည်။ Nokia ဖုန်းသစ်၏ အသေးစိတ်အချက်အလက်နှင့် အခြား Android ဖုန်းများမှာ အွန်လိုင်းတွင် ပေါက်ကြားထွက်ပေါ်ထားသည်။ Nokia အနေဖြင့် စမတ်ဖုန်းဈေးကွက်သို့ ယခင်ကထက် ပိုမိုအားကောင်းစွာ ဝင်ရောက်လာဖွယ်ရှိသည်။

Nokia ၏ Weibo လူမှုရေးမီဒီယာတွင် ပေါက်ကြားခဲ့သော အသေးစိတ်အချက်လက်နှင့် feature များကို Phone Arena မှဖော်ပြခဲ့သည်။ ၎င်းဖုန်း၏အမည်မှာ Nokia P ဟုအမည်ရကြောင်းသိရသည်။ အဆိုပါဖုန်းတွင် Snapdragon 835 chipset နှင့် RAM 6GB အသုံးပြုထားဖွယ် ရှိသည်။ ကင်မရာပိုင်းတွင် 23-megapixel Carl Zeiss ကင်မရာကို အသုံးပြုဖွယ်ရှိရာ Quad HD display ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
Nokia P ကို ၅ လက်မနှင့် ၅.၅ လက်မဟူ၍အရွယ်နှစ်မျိုးဖြင့် ထုတ်လုပ်မည် ဖြစ်ကြောင်း Fortune မှ ဖော်ပြခဲ့သေးသည်။

Nokia အနေဖြင့် ၅ လက်မ စမတ်ဖုန်းကို ဒေါ်လာ ၁၅၀ နှင့် ၅.၅ လက်မကို ဒေါ်လာ၂၀၀ ဖြင့် ရောင်းချ ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် အသစ်ထွက်ရှိမည့် Nokia C1 တွင် 3,210mAh ဘက် ထရီပါဝင်လာဖွယ်ရှိပြီး memory 32GB, 64GB နှင့် 128GB အသီးသီး ထွက်ရှိလာဖွယ်ရှိသည်။ C1 တွင်နောက်ဆုံးပေါ် Android OS ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

HMD Global အနေဖြင့် ယခုနှစ်တွင် Nokia အမှတ်တံဆိပ် မူပိုင်ခွင့်ကို Microsoft ထံမှ ဝယ်ယူခဲ့သည်။ ထို့ကြောင့် လာမည့် ၁၀ နှစ်အတွင်း Nokia အမှတ်တံဆိပ် စမတ်ဖုန်းများကို HMD မှဖြန့်ချိမည် ဖြစ်သည်။



Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ ၂၀၁၇ ပထမသုံးလပတ်တွင် HTC က စမတ်ဖုန်းသစ် သုံးမျိုး ကြေညာမည် ♫


ယခုနှစ်တွင် Bolt နှင့် 10 အပါအဝင် ထုတ်ကုန်အချို့ကို မိတ်ဆက်ခဲ့သော်လည်း အနည်းငယ် ရုန်းကန်ခဲ့ရသည့် HTC သည် လာမည့်နှစ် ပထမသုံးလပတ်တွင် စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ကြေညာ သွားဖွယ်ရှိကြောင်း ထိုင်ဝမ်မှ ထွက်ပေါ်လာသည့် သတင်းအရ သိရသည်။

HTC သည် ဇန်နဝါရီ ၁၂ ရက်တွင်ကျင်းပမည့် သတင်းစာရှင်းလင်းပွဲ၌ ပထမထုတ်ကုန်ကို မိတ်ဆက်ကြေညာဖွယ်ရှိသည်။ ကောလာဟလ သတင်းများအရ ကုမ္ပဏီအနေဖြင့် X9 နေရာဆက်ခံမည့် mid-rage X10 ကို ပွဲထုတ်ပြသဖွယ်ရှိသည်။ ၎င်းထုတ်ကုန်တွင် ၅.၅ လက်မ 1080p display, MediaTek Helio P10 processor, 3GB RAM နှင့် 13MP ကျောဘက်ကင်မရာတို့ ပါဝင်မည်ဟုဆိုသည်။

ဒုတိယထုတ်ကုန်က HTC 11 ဖြစ်ဖွယ်ရှိသည်။ အဆိုပါ ထုတ်ကုန်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress (MWC) တွင် မိတ်ဆက်ကြေညာ ဖွယ်ရှိသည်။

တတိယစမတ်ဖုန်းမှာ phablet ဖြစ်ဖွယ်ရှိသည်။ ကုမ္ပဏီအနေဖြင့် HTC Ocean Note ဟုခေါ်သည့် ထုတ်ကုန်တစ်မျိုးကို ဖန်တီးနေသောကြောင့် အသစ်ထွက်မည့် HTC 11 ထက် အရွယ်ကြီးမားသည့် ဗားရှင်းတစ်မျိုးကို တွေ့မြင်ရဖွယ်ရှိသည်။


Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ " Rescue CD တစ်ချပ် လုပ်ကြည့်ရအောင် " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫

Image may contain: text

ကွန်ပျူတာဆိုတာ အလွန်ပျက်တတ်တဲ့ အမျိုးခင်ဗျ။ မီးအားအတက်အကျအလွန်များတဲ့ ဒီတိုင်းပြည်မှာ ကွန်ပျူတာတွေက သာပြီးပျက်သေး။ ကွန်ပျူတာမှာ Windows တက်နိုင်အောင်လိုအပ်တဲ့ hardware ပိုင်းပျက်ပြီဆိုရင် Windows မတက်နိုင်တော့ဘူး။ ဒါကတော့ အပိုပစ္စည်းရှိမှ သက်ဆိုင်ရာ service ကိုပို့မှ အဆင်ပြေတတ်တာမျိုး။ သို့ပေမဲ့ ကွန်ပျူတာအသစ်ရဲ့ သက်တမ်းခြောက်လအတွင်းမှာ hardware ပျက်ခဲ့တယ်။ ပျက်လိုက်ရင် Windows ချည်းပဲ။ မပျက်ခံနိုင်ရိုးလား၊ တွဲဖက်သုံးရမယ့် ပစ္စည်းတွေအတွက် driver တွေတင်လိုက် ကိုယ့်သဘောကျတဲ့ ခိုးကူး software ပေါင်းစုံတင်လိုက်နဲ့ ကြာတော့ Windows လည်းမခံနိုင်ဘူး။ OS ထဲက ဖိုင်တချို့လွင့်စင်သွားတာ ပြိုပျက်သွားတာတွေရှိတယ်။ ကြိုတင်ဖန်တီးထားတဲ့ CD တစ်ချပ်ရှိရင် တော်ရုံ Windows အမှားတွေကို ပြန်ပြင်ပေးနိုင်ပါတယ်။

Windows ကို ပြန်ပြီးကယ်တင်ပေးမယ့် CD မို့ အဲဒီ CD ကို Rescue CD လို့ခေါ်ပါတယ်။ System rescue toolkit (SRT) လို့လည်းခေါ်တယ်။ သူ့ထဲမှာ Windows ပြင်ဆင်ဖို့ လိုအပ်တဲ့ tool တွေ အားလုံးပါတယ်။ နည်း နည်းနောနော tool တွေမဟုတ်ဘူး။ အမျိုးပေါင်းငါးဆယ်ကျော်လောက်ပါတာ။ တရားဝင်အခမဲ့ပေးတဲ့ tool တွေမို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။ Tool တွေသုံးပြီး ပြဿနာအရင်းအမြစ်ကို ရှာနိုင်တယ်။ ပြင်စရာရှိတာကို ပြင်ပေးနိုင်တယ်။ Windows ပြဿနာအားလုံးနီးပါးကို ပြင်ပေးနိုင်ပါတယ်။


SRT ကိုသုံးပြီးပျက်စီးနေတဲ့ Windows ထဲက အရေးကြီးအပိုင်းတွေ (control panel, Registry , command prompt , disk defragementer) ကို ကိုင်တွယ်နိုင်တယ်။ စိတ်ချရတဲ့ Third-party tool တွေ (kaspersky, eset, McAfee, Avast) ကို SRT ကနေ ခိုင်းစားနိုင်တယ်။ အဲဒီတော့ကာ SRT လို့ခေါ်တဲ့ CD တစ်ချပ်ကို အရင်ဆုံးဖန်တီးထားကြပါမယ်။ Windows မှာ ပြဿနာ တွေပေါ်လာပြီဆိုရင် ပြင်ကြပါမယ်။


Rescue disk ဖန်တီးဖို့လိုအပ်တဲ့ ရင်းမြစ်တွေရယူစရာလမ်းကြောင်း အများကြီးရှိတယ်။ ဒါပေမဲ့ အကောင်းဆုံး လမ်းကြောင်းက Google Drive ကနေသွားတဲ့လမ်းကြောင်းပါ။ www.snipca.com/21983 ကနေလည်း သွား နိုင်ပါတယ်။ Google Drive ထဲကို Gmail account ကတစ်ဆင့် ဝင်ရပါမယ်။ ပြီးရင် အပြာရောင်နဲ့ပြထားတဲ့ Download button မှာ ကလစ်နှိပ်ရပါမယ်။ပြီးရင် download anyway မှာထပ်ပြီး ကလစ်နှိပ်ရပါမယ်။ ကိုယ့်ရဲ့ download folder ထဲဝင်လာမယ့် ဖိုင်တွေကိုမြင်နေရအောင် Show all ကို ရွေးပေးထားပါ။


ဖိုင်တွေအားလုံးစုံပြီး CD burn ကြမယ်။ CD အလွတ်တစ်ချပ်ကို CD/ DVD writer ထဲ ထည့်လိုက်ပါ။ မပါရင် external writer ကို USB port ကနေ စွပ်ပြီးသုံးပါ။ Auto play pop-up Windows ပေါ်လာပြီဆိုရင် Burn files to disc မှာ ကလစ်နှိပ်ပါ။ ကိုယ်ဖန်တီးမယ့် disc ကို နာမည်ပေးပါ။ With a CD/ DVD player ကိုရွေးပါ။ ပြီးရင် next မှာကလစ်နှိပ်ပါ။ ဒီအဆင့်ပြီးသွားပြီ ဆိုရင်ဘာမှမပါတဲ့ File Explorer Windows ကိုတွေ့ရပါမယ်။ ကိုယ်သုံးမယ့် ဖိုင်တွေကို Mouse နဲ့ drag ဖိဆွဲပြီး Explorer Windows ထဲလွှတ်ချဖို့ ညွှန် ကြားချက်ကိုလည်း မြင်ရမယ်။


ပြီးရင် download folder ကိုသွားပြီး ဖွင့်လိုက်ပါ။ အကောင်းဆုံးက explorer windows အလွတ်နဲ့ downloaded folder ကို screen ပေါ်မှာထက်ဝက် စီနေရာယူပြီးဖွင့်တာပါ။ ဒီလိုလုပ်ဖို့အတွက် downloaded folder windows ကို အပေါ်ဘောင် (status bar) ကနေ mouse နဲ့ ဖိဆွဲပြီး screen ရဲ့ ဘေးဘောင်ထဲ ရောက်နိုင်သမျှရောက်အောင် ဆွဲသွင်းပြီး လွှတ်လိုက်ပါ။ Screen ရဲ့ထက်ဝက်ဟာကို အလိုအလျောက်နေရာယူသွားပါလိမ့်မယ်။ Explorer windows ကိုလည်း ဒီအတိုင်းပဲလုပ်ပါ။ ပြီးရင် Download folder ထဲကဖိုင် တွေကို mouse နဲ့ ဖိဆွဲပြီး screen ရဲ့ တစ်ခြမ်းမှာ မြင်နေရတဲ့ File Explorer windows ထဲမှာလွှတ်ချပါ။ ပြီးရင် CD burn ပါ။ CD အပေါ် မှာ CD marker နဲ့ SRT လို့ စာရေးပြီး သိမ်းပါ။


Windows ပြဿနာမရှိခင်မှာ အဲဒီ CD ကို CD/DVD drive ထဲထိုးထည့်ပါ။ Pop-up windows ပေါ်လာပြီဆိုရင် Run Aio-SRT မှာ ကလစ်နှိပ်ပါ။ ပြီးရင် Yes နေရာမှာနှစ်ခါနှိပ်ပေးပါ။ Program windows ပွင့်လာပြီဆိုရင် ကိုယ်ကွန်ပျူတာ desktop အနက်ရောင် ပြောင်းသွားပါမယ်။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့သတင်းအချက် အလက်တွေကို ညာဘက်မှာမြင်ရပါမယ်။ အဲဒီမှာ dirve တစ်ခုချင်းအကြောင်း၊ OS version ၊ user name အပါအဝင် အချက်အလက်တော်တော်များများကို တွေ့ရပါမယ်။


SRT Windows က screen ရဲ့ဘယ်ဖက်ခြမ်းမှာရှိမယ်။ သူ့ထဲမှာ tab အတော်များများရှိပြီး tab တစ်ခုစီမှာ ရွေးချယ်ခွင့်တွေပေးထားတာကိုလည်း တွေ့ရပါမယ်။ ကိုယ့်ကွန်ပျူတာဟာ မကြာမကြာ Crash ဖြစ်နေ တယ်ဆိုရင် Task Manager ကိုရွေးပြီး Windows ရဲ့ Task Manager ကိုဖွင့်ပါ။ ကွန်ပျူတာပေါ်မှာ လောလော ဆယ် Run နေတဲ့ program အားလုံးကို မြင်ရပါမယ်။ အဲဒီထဲမှာ သံသယရှိတဲ့ program တစ်ခုကို မြင်ပြီဆိုရင် သူ့ကိုကလစ်နှိပ်ပြီးရွေးပါ။ ပြီးရင် End task မှာ ကလစ်ပေးပါ။ သံသယဖြစ်စရာ program မတွေ့ဘူးဆိုရင် Resource Monitor ကို ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ။


အဲဒီနေရာမှာ ကွန်ပျူတာထဲ Run နေသမျှ process အားလုံးကို ပြပေးပါမယ်။ Background မှာ လာနေသမျှ ဟာတွေ ပါပါတယ်။ ပြီးရင် Memory tab ကိုကလစ်နှိပ်ပါ။ ပြီးရင် commit column header ကိုရွေးပါ။ ဘယ် process က ကွန်ပျူတာရဲ့ memory က အများဆုံးစားတယ်ဆိုတာတွေ့ ရပါမယ်။ အဲဒီ process ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့ အကွက်ထဲက End process ကိုရွေးပါ။ Malware တွေကြောင့် ကွန်ပျူတာမှာ မကြာခဏပြဿနာတက်နေတယ်လို့ယူဆရင် System Analyzer ကို ဖွင့်ပါ။ Webroot secure Anywhere tool ကို ဖွင့်ပေးပါမယ်။ Agree and start နှိပ်ပါ။


Scan လုပ်ပြီးရင် Hardware, Software and threats ဆိုပြီး result ကို ခေါင်းစဉ်သုံးမျိုးနဲ့ ထုတ်ပေးပါမယ်။ Save result ကိုနှိပ်ရင် screen shot ဖမ်းပြီး သိမ်းပေးပါမယ်။ Result ထဲက hardware tab ကို နှိပ်ပြီး fix လုပ်ခွင့်ပေးမယ့် option တွေကို ကြည့်ပါမယ်။ တချို့က drive update လိုတာဖြစ်မယ်။ Device Manager ထဲဝင်ပြီး လိုအပ်တဲ့နေရာမှာ update Device driver လုပ်ပေးပါ။ Memory Diaganostic test လည်းလုပ်နိုင်ပါတယ်။ HD သုံးထားခဲ့ရင် drive တွေကို defrag လုပ်နိုင်တယ်။ မလိုအပ်တဲ့ဖိုင်တွေရှင်းပြီး PC ထဲမှာနေရာလွတ် ရအောင် လုပ်နိုင်တယ်။ Hardware tab က ကွန်ပျူတာပြုပြင် ရေးပညာရှင်တွေအတွက် ပိုပြီးအသုံးတည့်ပါတယ်။ 

OS repair tab ကို ထပ်ဖွင့်ပါမယ်။ ကွန်ပျူတာကို အရင်အချိန် ဟောင်းဆီပြန်သွားခွင့် (System restore) လုပ်ခွင့်ပေးပါမယ်။ Windows ကို တရားဝင်သုံးတာဆိုရင် update download ဆွဲနိုင်တယ်။ Update ကြောင့် ပြဿနာပြေလည်သလားဆိုတာ စမ်းကြည့်နိုင်တယ်။ PC ရဲ့ registry ကို အပြောင်းအလဲလုပ်ချင်ရင် ဒီနေရာကနေ registry ကို သွားနိုင်တယ်။ Hard drive တွေကိုလည်း clean up လုပ်နိုင်ပါတယ်။ Software tab မှာတော့ OS အတွက် Product key ကိုရှာနိုင်တယ်။ တရားဝင်ဝယ်သုံးတဲ့ Software မှန်သမျှအတွက် product key ရှာနိုင်ပါတယ်။


Software tab အောက်ကနေပြဿနာရှိတဲ့ program တွေကို uninstall လုပ်နိုင်တယ်။ Sleep & wake information ကြည့်နိုင်တယ်။ Network tab ဖွင့်ပြီး အင်တာနက်ချိတ်လိုက်ရင် အင်တာနက်ရဲ့အမြန်နှုန်းကို သိနိုင်တဲ့အပြင် Windows firewall on/off အခြေအနေကိုပါ သိနိုင်ပါတယ်။ Security and AV Removal tab ကို ဖွင့်ရင် Kaspersky Removal Tool ၊ Avast Removal Tool ၊ Esetsys Inspector ၊ Microsoft safety scanner နဲ့ webroot Removal tool တွေကို တွေ့နိုင်ပါတယ်။ Autofix utility tab ကိုဖွင့်လိုက်ရင် Antimalware Program တွေကိုတစ်ခုပြီးတစ်ခု run ခွင့်ပြုပါတယ်။ ကိုယ်စချင်တဲ့ program တစ်ခုကိုရွေးပါ။ ပြီးရင် start autofix မှာကလစ်နှိပ်ပါ။ Tool တစ်ခုစီက အကျိုးအကြောင်းလာပြရင် ကိုယ့်ဖက်က လိုအပ်သ လိုတုံ့ပြန်ဖို့လိုပါတယ်။ ခိုင်းချင်တာတွေအားလုံးပြီးရင် CD/DVD Drive မှာညာကလစ်နှိပ်ပြီး Eject ကိုရွေး ပေးလိုက်ပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...