9/01/2016

♪ ၀က်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook တွင် သိမ်းဆည်းနည်းနဲ့ မျှဝေနည်း ♫

1

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook မှာ သိမ်းလို့ မရခဲ့ပါဘူး။ ဒီလိုပြုလုပ်နိုင်ဖို့ Facebook က Chrome Extension ၂ ခုကို မကြာမီက ပြုလုပ်ပေးခဲ့ပါတယ်။ Save to Facebook နဲ့ Share to Facebook တို့ဖြစ်ကြပြီး Chrome Browser ကနေ ၀က်ဆိုက်များကြည့်တဲ့အခါမှာ ပို့စ်များကို Facebook မှာသိမ်းဆည်းနိုင်သကဲ့သို့ မျှဝေနိုင်ပါတယ်။
Chrome Extension ၂ ခုကို Chrome Web Store မှာ ရှာပြီး Install လုပ်ပါ။
၁။ ၀က်ဆိုက်များမှ ပို့စ်များကို Facebook တွင် သိမ်းဆည်းနည်း
Extension များကို Chrome မှာ Install လုပ်ပြီးရင် Chrome ကနေ ၀က်ဆိုက်များ ကြည့်ပါ။ သင် နှစ်သက်တဲ့ သတင်း၊ ဆောင်းပါးကို Facebook မှာ သိမ်းဆည်းချင်ရင် Extension Bar ကနေ Save to Facebook ကို နှိပ်ပါ။
1
၂။ သိမ်းပြီးသွားရင် Saved လို့ ပြသပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အောက်မှာ သင် ယခင်က Facebook မှာ သိမ်းထားတဲ့ ပို့စ်များကို ပြသပေးထားပါတယ်။ သိမ်းထားတဲ့ ပို့စ်များကို Facebook မှာ ရှာချင်ရင် မိုဘိုင်းဖုန်းများအတွက် Menu ကနေ Saved ထဲသွားပါ။ Desktop , Laptop များမှာ ဆိုရင် News Feed ရဲ့ ဘယ်ဘက် ကဏ္ဍမှ Saved ထဲသွားပါ။
2
၃။ ၀က်ဆိုက်မျာမှ ပို့စ်များကို Facebook တွင် မျှဝေနည်း
သင်နှစ်သက်တဲ့ သတင်း ၊ ဆောင်းပါးများကို လူမှုကွန်ရက်များမှာ လွယ်ကူစွာ မျှဝေနိုင်ဖို့ ၀က်ဆိုက်များမှာ Social Sharing Button များ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် ထည့်သွင်းပေးခြင်း မရှိတဲ့ ၀က်ဆိုက်များလည်း ရှိနေပါတယ်။ အဲဒီဝက်ဆိုက်များမှ ပို့စ်များကို Facebook မှာ မျှဝေချင်ရင် Share to Facebook ကို သုံးနိုင်ပါတယ်။ Facebook မှာ မျှဝေချင်တဲ့ ပို့စ်ကို တွေ့ရင် Extension Bar ကနေ Share to Facebook ကို နှိပ်ပါ။
3
၎။ သင်နှစ်သက်ရာ Status များလည်း ရေးသားနိုင်ပါတယ်။ Friends, Public, Only Me စသဖြင့် Privacy ကို ရွေးချယ်ပြီးရင် Post to Facebook ကို နှိပ်ပါ။
4



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ အွန်လိုင်းဈေးကွက်တွင် ပိုကီမွန်ရှားပါးကဒ်များ အားငွေကျပ်တစ်သောင်းဖြင့်ရောင်းချလျှက်ရှိ ♫

maxresdefault

နိုင်ငံတစ်ကာတွင်ရေပန်းစားလျှက်ရှိသည့် ပိုကီမွန်ဂိုး (Pokemon Go ) ဂိမ်းသည် သြဂုတ်လ ၆ ရက်နေ့မှစတင်၍မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။မြန်မာပြည်ရှိဂိမ်းကြိုက်နှစ်သတ်သူလူငယ်အများစုတို့  သည် အဆိုပါဂိမ်းကိုစွဲလမ်းစွာဆော့ကစားလာကြသည်။ ရန်ကုန်မြို့  တွင်းရှိအထင်ကရနေရာအများအပြား အပါအ၀င်မြို့တော်ခမ်းမ၊ဂွှေတိဂုံဘုရား၊ ကမ္ဘာအေးကန်ဘောင်စသည့်နေရာများတွင် ပိုကီမွန်များပိုမိုဖမ်းယူရရှိနိုင်သဖြင့် ဂိမ်းဆော့သူအများအပြားစည်ကားလျှက်ရှိသည်။

စားသောက်ဆိုင်အများစုမှလဲပိုကီမွန်ဂိမ်းဆော့သည့်သူများအတွက်သီးသန့် လျှော့ဈေးများဖြင့်ကြော်ငြာရောင်း ချလာကြသည်။ ထို့ အပြင်ပိုကီမွန်ဂိမ်းကစားသူများ ရန်ကုန်မြို့ တွင်းပိုကီမွန်များဖမ်းယူ ရရှိနိုင်မည့် မြို့ နယ်များသို့ တစုတစည်းထဲ သွားရောက်ကစားနိုင်မည့် Poke Bus Tour အစီအစဉ်ကိုလည်း အွန်လိုင်းဈေးကွက်များတွင် ကြေငြာလာကြသည်။ ပိုကီမွန်ဂိမ်းကစားသူအရေအတွက် များပြားလာသည်နှင့်အမျှ ပိုကီမွန်ဂိမ်းနှင့် ပတ်သတ်သည့် အမှတ်တရ ပစ္စည်းများကို စီးပွားရေးလုပ်ငန်းရှင်များမှထုတ်လုပ်ရောင်းချလာကြသည်။

အခမဲ့အရောင်းအ၀ယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် ads.com.mm တွင် Head Of Public Relation and Communication တာဝန်ရှိသူမဇာနည်ကြည်ဝင်းမှ “ ကျွန်မတို့ ဝက်ဘ်ဆိုက်မှာ ခုဆိုရင်ပိုကီမွန်နဲ့ ပတ်သတ်တဲ့အမှတ်တရပစ္စည်းတွေ အများကြီးလာတင်ရောင်းချကြတယ်။ပိုကီမွန်အမှတ်တရ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ Pokemon Pikachu doll၊Pokemon Go phone Cover၊Pokeball အ၇ုပ်စသဖြင့်အစုံပေါ့နော် အမှတ်တရပစ္စည်းတွေ အများကြီးလာရောင်းကြတာကိုတွေ့ ရပါတယ်။

ထူးခြားတာတစ်ခုကအရင်တုန်းက ပိုကီမွန်ကို ကဒ်နဲ့ ဝယ်ပြီးဆော့ခဲ့သူတွေ ရှိတယ်။ အဲ့လိုကဒ်နဲ့ ဝယ်ဆော့ခဲ့တဲ့သူတွေက သူတို့ သိမ်းထားတဲ့ အရင်တုန်းကပိုကီမွန်ရှားပါးကဒ်လေးတွေကို တစ်ကဒ်ကို ကျပ်တစ်သောင်းနဲ့ တင်ပြီးရောင်းလာကြတာကိုတွေ့ ရပါတယ်” ဟုပြောပြခဲ့ပါသည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ AutoCAD Professional သင်တန်းအား m3wi သင်တန်းကျောင်းမှ အသစ်စတင်ဖွင့်လှစ်မည် ♫

rendering-with-autocad-logo-Feature_1290x688_KL

Myanmar WWW Institute တွင် ဆောက်လုပ်ရေးနှင့် AutoCAD Drawing ကို စိတ်ပါဝင်စားသူများအတွက် AutoCAD Professional သင်တန်းကို ဖွင့်လှစ်တော့မည်ဖြစ် သည်။ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လိုသူများ၊ အင်ဂျင်နီယာနည်းပညာများကို စိတ်ပါဝင်စားသော ကျောင်းသား/သူများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသော အင်ဂျင်နီယာများ၊ အင်ဂျင်နီယာမဟုတ်သော်လည်း AutoCAD ကို လေ့လာသင်ယူလိုသူများအတွက် ထိရောက်သောသင်ရိုးများဖြင့် သင်ကြားပေးမည့် သင်တန်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ AutoCAD ကျွမ်းကျင်သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

၎င်းသင်တန်းတွင် (1) Fence layout plan (2) Archie building plan, elevation, section (3) Door and window, stairs design detail (4) Dimension and plot style, printing (5) Septic tank, ground tank, pump house plan and section (6) 3D modeling for building (7) isometric drawing စသည့်အကြောင်းအရာများကို လေ့လာသင်ယူရမည်ဖြစ်သည်။ Draft Man မှနေ၍ မိမိအားသန်ရာလမ်းကြောင်းကို ရွေးချယ်နိုင်စေရန် ဘာသာစုံအနေဖြင့် အခြေခံများအားလုံး ပါဝင်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းပို့ချသူနှင့်အတူ Assignment နှင့် Project များ ပြုလုပ်စေခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် ပိုမိုထိရောက်စွာ သင်ယူနိုင်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဆောင်လုပ်ရေးလုပ်ငန်းခွင်များ၊ ထုတ်ကုန်ပစ္စည်းများကို ရေးဆွဲရသော AutoCAD Designer များအဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။ ကွန်ပျူတာအခြေခံရှိပြီး Engineering ကို စိတ်ပါဝင်စားသူအားလုံးတက်ရောက်နိုင်ပါသည်။ 

သင်တန်းချိန်မှာ (စနေ + တနင်္ဂနွေ) (နံနက် – ၉း၁၅ မှ ၁၂း၁၅)ထိ တစ်ပတ်လျှင်နှစ်ရက် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)လခွဲခန့် ကြာမြင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများနေဖြင့် Myanmar WWW Institute (M3Wi)၊ အဆောင်(၅)၊ အခန်း (၄)၊ MICT Park, လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်။ (ဖုန်း) ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊၀၉ ၉၇ ၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 
 

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Sony ရဲ့ဖုန်းသစ် Xperia X မျိုးဆက် Compact အတွက် အချက်အလက်များပေါက်ကြားလာ ♫


Sony ရဲ့ ထုံးစံအတိုင်း Xperia ဖုန်းတွေကို နာမည်အမျိုးမျိုးပေးတတ်တဲ့ အလျောက် ယခုအခါမှာလည်း “Xperia X Compact” ဆိုတဲ့ ဖုန်းသစ်မှာ ပါဝင်လာနိုင်တဲ့ အချက်အလက်တွေ ပေါက်ကြားလာခဲ့ပါတယ်။ “Compact” ဆိုတဲ့စကားလုံးကို “lite” ဒါမှမဟုတ် “mini” လို့ဆိုနိုင်ပြီး နာမည်အရ ဖုန်းအသစ်အနေနဲ့ အဓိကဖုန်းကို အလယ်အလတ်တန်းစားဖုန်းအနေနဲ့ ထုတ်လုပ်လိုတဲ့ သဘောရှိနေတာပါ။

Xperia X Compact ဟာ Xperia X Performance နဲ့ တူညီနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ Compact ဖုန်းမှာ RAM အနေနဲ့ 4GB ပါဝင်ပြီး Xperia X Performance ကတော့ 3GB သာ ပါဝင်တာပါ။      Processor ကတော့ အတူတူပဲဖြစ်ပြီး Qualcomm Snapdragon 820 ကိုအသုံးပြုမှာဖြစ်ပါတယ်။

Internal Storage ကလည်း 32 GB ရှိမှာဖြစ်တာကြောင့် တူညီတယ်လို့ ဆိုရမှာပါ။ မျက်နှာပြင်ကလည်း Performance နဲ့ အတူတူပဲဖြစ်ပြီး ၄.၇လက်မအရွယ် Full HD Resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Compact ကနည်းသွားပြီး ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့မျက်နှာကင်မရာ 8MP ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Sony အနေနနဲ့ Compact မော်ဒယ်အတွက် ဈေးနှုန်းကို မကြာမီထုတ်ပြန်ဖွယ်ရှိနေပေမယ့် ဈေးနှုန်း သက်သက်သာသာနဲ့တော့ ထွက်လာနိုင်ခြေမရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။

xperia-x-compact1


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ဟက်ခ်ပြီး စာမေးပွဲရက်နောက်ဆုတ်ဖို့ ကြိုးစားခဲ့တဲ့ သီရိလင်္ကာကျောင်းသားတစ်ဦး ဖမ်းဆီးခံရ ♫


အသက် ၁၇ နှစ်အရွယ် သီရီလင်္ကာဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ဟက်ခ်ခဲ့တယ်လို့ ယူဆရတာကြောင့် တနင်္လာနေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

သီရိလင်္ကာသမ္မတရုံးဝက်ဘ်ဆိုဒ်ကို ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ “သီရိလင်္ကာလူငယ်အဖွဲ့” လို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့က ဟက်ခ်ခဲ့ပြီး၊  A-level စာမေးပွဲရက်တွေကို နောက်ဆုတ်ပေးဖို့ တောင်းဆိုထားတဲ့မက်ဆေ့ကို Homepage မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဧပြီလမှာကျင်းပမယ့် A-level စာမေးပွဲတွေဟာ ဆင်ဟာလာနဲ့ တမီးလ်နှစ်သစ်ကူးပွဲတွေနဲ့ တိုက်နေတာကြောင့် စာမေးပွဲရက်တွေကို အချိန်ပြန်ဆွဲပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး၊ သိရီလင်္ကာဝက်ဘ်ဆိုဒ်တွေရဲ့ လုံခြုံရေးပိုင်းကိုလည်း ဂရုစိုက်ပေးဖို့ သမ္မတကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သမ္မတရုံးဝက်ဘ်ဆိုဒ်ကို အဟက်ခံရပြီး သိပ်မကြာခင်မှာ ပြန်လည်ရယူနိုင်ခဲ့ပေမယ့်၊ နောက် တစ်ကြိမ်ပြန်လွှင့်ပြီး မကြာမီမှာတင် ထပ်အဟက်ခံခဲ့ရပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ခြေရာခံလိုက်တဲ့အခါမှာ မြို့တော်နဲ့ ၆၂ မိုင်ကွာဝေးတဲ့ ကာဒူဂန်နာဝါမြို့က အိမ်ကို ခြေရာခံမိပြီး၊ အသက် ၁၇ နှစ်အရွယ်ဆယ်ကျော်သက်ကောင်လေးကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရီလင်္ကာရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

သမ္မတဝက်ဘ်ဆိုဒ်ဟက်ခဲ့သူလို့ ယူဆရတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ဒဏ်ကြေး ဒေါ်လာ ၂၀၀၀ အပြင် ထောင်ဒဏ်သုံးနှစ်အထိပါ ကျခံသွားရဖို့ရှိနေပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...