5/29/2015

♪ Screen ပေါ်မှာဓါတ်ပုံလေးတွေကို Slide Show နဲ့ထားနိုင်တဲ့ - Animated Photo Frame Widget + v6.4.0 Apk (25-May) ♫

https://lh6.ggpht.com/dq3Fk8djo_O4F9wR8Yecm37gGjKGtkeXIxiD15UCwNesDSng2zAYDHmB9pM57OgGfek=h900


Phone ရဲ့ Home Screen ပေါ်မှာ မိမိတင်ထား ချင်တဲ့ Photo တွေကို Slide Show လေးတွေနဲ့ Animation တွေ ထည့်ပြီးအလှဆင်နိုင်ဖို့အတွက် Animated Photo Frame Widget v6.4.0 Apk ကိုမျှဝေပေးလိုက်ပါတယ်ဗျာ။ တချို့ Hand Set တွေမှာ Original ပါတယ်ဆိုပေမယ့် အခုတင်ပေးလိုက်တဲ့ Application လေးကတော့မတူပါဘူးနော် ဓါတ်ပုံတွေအတွက် Photo Frame တွေက လည်း တော်တော်လေးကိုလှပါတယ်။ အခုအသစ်ထွက်လာတဲ့ Version လေးမှာတော့ Animation Photo Frame လေးတွေက အသစ်လေးတွေပါဝင်လာတာကို တွေ့ရပါတယ်ဗျာ။ Install app ပြီးတာ နဲ့ခဏစောင့် ပါ.ပြီးရင် Home -> Widget -> Animated Photo Frame Widget သွားပြီးမိမိထားချင်တဲ့ ပုံကိုဆွဲသွင်း လိုက်ရုံပါပဲ။ အောက်မှာနမူနာပုံလေးတွေ တင်ပေးထားပါတယ်ဗျာ။ Android OS 3.0 နှင့်အထက်ဖုန်းများ မှာစပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Pro version features
● Photo slideshow interval can be chosen.
● Original frame shadow can be removed.
● New 180° rotate animation.
● One click shuffle all your photos.
● 4 in 1 photo widget. (Support only one 4 in 1 widget on Home screen)
● Future update functions and more than 30 kinds of different design photo frame.
● New rich design sense of the time panel. (Show/Hide)
● 10 kinds of rich design sense fonts.
● Simultaneously select multiple albums playback.
● Gallery Click Function.
● No ads.
● Lock screen photo widget (Android 4.2 above)
● All expected - The photo no crop mode
★ The most gorgeous, the most powerful photo slideshow widget.
★ The best photo widget with lots of elegant photo frames on Google Play.

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



Animated Photo Frame Widget + - screenshot     Animated Photo Frame Widget + - screenshot

Animated Photo Frame Widget + - screenshot     Animated Photo Frame Widget + - screenshot

Animated Photo Frame Widget + - screenshot     Animated Photo Frame Widget + - screenshot
Animated Photo Frame Widget + - screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

မောင်ကတော့ နှင်းဆီပန်း နှင်းဆီပန်း ပေးမယ်ချစ်သူ- Rose Live Wallpaper v1.4Apk

Android ဖုန်းကို အသုံးပြုနေကြတဲ့ဘော်ဒါတို့အတွက် ကျမက နှင်းဆီပါမောင် ဆိုတဲ့ဇာတ်ကားတော်တော် ခေတ်စားနေတယ် ဆိုတော့ အခုဝင်းလှိုင် တင်ပေးလိုက်တာကတော့ "မကို ပေးမယ့် ချစ်လက်ဆောင် နှင်းဆီ Live Wallpaper" လေဖြစ်ပါတယ်။ ချစ်သူရှိတဲ့ဘော်ဒါတို့အတွက်ဖြစ်ဖြစ် ချစ်သူမရှိပဲ ချစ်သူရှာနေတဲ့ဘော်ဒါတို့ဖြစ်ဖြစ် ဒီ   "မောင်ကတော့ နှင်းဆီပန်း  နှင်းဆီပန်း ပေးမယ်ချစ်သူ" live Wallpaper ပေးပြီး ချစ်စကားလုံးတွေပြောရင် မိမိ ၏ ရင်ခုန်သံတွေ ကိုသူဆီက ရှိနိုင်တဲ့ Live Wallpaper ဖြစ်ပါတယ်။အောက်မှာဒေါင်းလုပ်ယူနိုင်ပြီးနော်။
Home -> Menu -> Wallpapers> Live Wallpapers



 
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ ဓာတ်ပုံများကို Google Photos Appဖြင့် အကန့်အသတ်မရှိ Cloud ထဲ၌ သိုမှီးထားနိုင်မည် ♫


ယနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ Google I/O 2015 နည်းပညာ ညီလာခံ၌ မိတ်ဆက်ပေးခဲ့တဲ့ Google Photos App က အတော်လေးကို ထူးခြားပါတယ်။

Google ဟာ ယခင်ကတည်းက ဓာတ်ပုံဝက်ဘ်ဆိုဒ် Picasa နဲ့ Google+ ရဲ့ Photos ဝန်ဆောင်မှုများကို အများပြည်သူ သုံးစွဲနိုင်ဖို့ ဖန်တီးပေးထားပေမယ့် အထူးတလည် အောင်မြင်မှု မရရှိခဲ့ပါဘူး။ အထူးသဖြင့် Google+ ဟာ လူမှုကွန်ယက်အဖြစ်မှ ရေစုန်မျောပြီး ရပ်တန့်သွားပြီ ဖြစ်ပေမယ့် ယင်းမှာ ပါရှိခဲ့တဲ့ Photos ကဏ္ဍအား အသွင်ပြောင်း အဆင့်မြှင်ပြီး Google Photos App အနေနဲ့ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ 

ဒီ App ရဲ့ လုပ်ဆောင်ချက်က ရိုးရိုးလေးပါပဲ။ သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ iPad၊ Mac ၊ PC ကွန်ပြူတာ နဲ့ Memory Card စတဲ့ Gadget ပေါင်းများစွာပေါ်မှာ ရှိနေတဲ့ ဓာတ်ပုံများကို Cloud (အွန်လိုင်း) မှာ လုံခြုံစွာနဲ့ စနစ်တကျ စုဝေးသိမ်းဆည်းပေးမယ့် ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။

တစ်နေရာကနေ ဓာတ်ပုံတစ်ပုံကို Save လုပ်လိုက်ပြီ ဆိုတာနဲ့ Google Photos App ထည့်သွင်းထားတဲ့ Gadget တိုင်းမှာ အလိုလျောက် Sync လုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ Android ဖုန်းပေါ်မှာ Edit လုပ်ပြီး Save လိုက်တဲ့ ဓာတ်ပုံဟာ သင့်ရဲ့ iPhone ပေါ်မှာ Edit လုပ်ပြီးသားအတိုင်း ပေါ်လာပါလိမ့်မယ်။
App ရဲ့ လုပ်ဆောင်ချက်များကလည်း အလွန်ကောင်းမွန်ပြီး လူပုဂ္ဂိုလ်၊ နေရာဒေသ၊ ပါဝင်သည့် အရာဝတ္ထုများအလိုက် စုဝေးသိမ်းဆည်း ပေးထားနိုင်ပါတယ်။ App အား အသုံးပြုရာတွင် ဓာတ်ပုံများအား နေ့၊ လ၊ နှစ်အလိုက် စုစည်းပေးထားနိုင်သလို ရှာဖွေမှု (Search) ပြုလုပ်ရာမှာ ဓာတ်ပုံနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ (သို့) အရာဝတ္ထုနဲ့ ဆက်စပ်ပြီး ရှာဖွေနိုင်ပါတယ်။

ဥပမာအားဖြင့် ရာပေါင်းများစွာသော ဓာတ်ပုံများထဲက သင် Coca Cola သောက်နေတဲ့ ပုံကို ရှာဖွေလိုပါ Search Box ထဲမှာ “Coca Cola” ဟု ရိုက်ထည့်ပေးရုံနဲ့ ရှာဖွေတွေ့ရှိ နိုင်ပါလိမ့်မယ်။ MCG မှ စမ်းသပ်မှုအရတော့ ဓာတ်ပုံများကို ကဏ္ဍအလိုက် ကြိုတင် Organize လုပ်ထားမှသာ သက်ဆိုင်ရာ ပုံများကို ရှာဖွေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဥပမာ ရန်ကုန်မြို့၏ ဓာတ်ပုံ ၆ ပုံအား Upload လုပ်ပြီးနောက် Search လုပ်ကြည့်ရာ ၁ ပုံသာ ပေါ်လာတာကို တွေ့ရှိခဲ့ရပါတယ်။

Google Photo App ဟာ Sync လုပ်ထားတဲ့ ဓာတ်ပုံများကို Cloud ထဲမှာသာ သိုမှီးထားမှာဖြစ်လို့ မိမိရဲ့ Gadget ပေါ်မှာ သိုမှီးမှုပမာဏ လျော့နည်းသွားမှာ မစိုးရိမ်ရတော့ပါဘူး။ Cloud ထဲ၌ သိုမှီးထားရှိခြင်းကိုလည်း ပမာဏ အကန့်အသတ်မရှိ ပေးအပ်ထားပါတယ်။

သို့သော်လည်း ယင်းအချက်မှာ အမြင့်ဆုံး 16MP ပုံထွက်နှုန်းရှိတဲ့ ဓာတ်ပုံများနဲ့ 1080p ပုံထွက်နှုန်းရှိတဲ့ ဗီဒီယိုများအတွက်သာဖြစ်ပြီး ပုံထွက်နှုန်း ပိုမိုမြင့်မားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများကို သိမ်းဆည်းခြင်းအတွက် လိုအပ်သည့် သိုမှီးမှုပမာဏကို သင်၏ Google Drive ၏ လက်ကျန်ပမာဏအတိုင်းသာ ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ သင်၏ Google Drive ၌ သိုမှီးမှုပမာဏ 4.5 GB ကျန်ရှိသေးလျှင် ယင်းပမာဏ ပြည့်သည်အထိ မိမိစိတ်ကြိုက် ပုံထွက်နှုန်းရှိတဲ့ ဆိုဒ်ကြီး ဓာတ်ပုံနဲ့ ဗီဒီယိုများကို သိုမှီးထားနိုင် ပါလိမ့်မယ်။

Google Photo App ကို Google Play Store ၊ Apple App Store နဲ့ photos.google.com တို့မှတဆင့် download ရယူနိုင်ပါတယ်။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ HTC ရဲ့ အလတ်တန်းစား Dual SIM စမတ်ဖုန်းအသစ် Desire 626G+ ♫



ဈေးနှုန်းနဲ့ စပြီးပြောရမယ် ဆိုရင်တော့ HTC ရဲ့ အသစ်စက်စက် စမတ်ဖုန်း Desire 626G+ ဟာ ကျပ် ၂၂၀ ၀၀၀ ဝန်းကျင် (မေလ ၂၈ ရက်နေ့ ဈေးနှုန်းအရ) ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ စွမ်းဆောင်ရည်မျိုး ရရှိနိုင်ပါ့မလား။ လေ့လာကြည့်ရအောင်။ 

Desire 626G+ ဟာ 720p HD ပုံထွက်နှုန်းရှိတဲ့ ၅ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပြီး ပုံထွက်သိပ်သည်းဆ 294 ppi ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ ဝေဝါးမှုမရှိတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုံရိပ်များကို ဖော်ပြပေးနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

MediaTek MT6752 1.7 GHz Octa-core ပရော်ဆက်ဆာ၊ Mali-T760MP2 ဂရပ်ဖစ်ပရော်ဆက်ဆာနဲ့ 1GB RAM တို့ ထည့်သွင်းပေးထားတဲ့ Desire 626G+ ဟာ စွမ်းဆောင်ရည်ပိုင်းမှာ မဆိုးလှဘူးလို့ ပြောရမှာဖြစ်ပါတယ်။ နေ့စဉ်သုံး ဂရပ်ဖစ်အပိုင်းနဲ့ ပြိုင်တူလုပ်ဆောင်မှု (Multitasking) များအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတွင်းသိုမှီးမှုပမာဏက 8GB ပဲရှိလို့ microSD ကဒ် ထည့်ကိုထည့်မှ ဖြစ်မယ့်အခြေအနေ ရှိနေပါတယ်။ microSD ကဒ်နဲ့ 32GB ပမာဏအထိ ထပ်ဆောင်ထည့်သွင်း နိုင်ပါတယ်။

2000 mAh ပမာဏရှိတဲ့ ဘက်ထရီ ထည့်သွင်းပေးထားလို့ 3G ကွန်ယက် ဖွင့်ထားပြီး အသင့်အနေအထား (Standby) မှာ ၄၅၈ နာရီ အထားခံမှာဖြစ်ပြီး 3G ကွန်ယက် ဖွင့်ထားပြီး အသုံးပြုမှုမှာတော့ ၁၂ နာရီကျော် တာရှည်ခံပါလိမ့်မယ်။

ဒီစမတ်ဖုန်းရဲ့ ပင်မကင်မရာကတော့ 13MP ဖြစ်ပြီး Autofocus ၊ f/2.2 Aperture ၊ LED Flash နဲ့ 1080p FullHD ဗီဒီယိုရိုက်ကူးမှုစနစ်တို့ ပါရှိပါတယ်။ ရှေ့ဖက် Selfie ကင်မရာကတော့ ပုံထွက်နှုန်း 5MP ရှိပြီး f/2.8 Aperture နဲ့ 1080p ဗီဒီယိုများ ရိုက်ကူးနိုင်တဲ့ ကင်မရာ ဖြစ်ပါတယ်။

ပင်မကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများဟာ အရည်အသွေး ကောင်းမွန်ပြီး အလတ်တန်းစား စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းကို ကျော်လွန်တယ်လို့ ဆိုနိုင်ပြီး ရှေ့ဖက်ကင်မရာကတော့ Skype နှင့် Facebook Messenger ကဲ့သို့ ဗီဒီယိုနဲ့ ဆက်သွယ်မှု App များ သုံးစွဲရန် အလွန်အသုံးဝင် ပါလိမ့်မယ်။

Desire 626G+ ဟာ လက်ရှိအချိန်မှာ Android 4.4.4 KitKat အသုံးပြုထားပြီး HTC ရဲ့ မူပိုင်ဖြစ်တဲ့ Sense UI ကို အပေါ်မှ ထပ်ဆောင်ထည့်သွင်း ပေးထားပါတယ်။ ဆင်းမ်ကဒ် ၂ ကဒ် ထည့်သွင်းသုံးစွဲနိုင်ပြီး 3G ကွန်ယက်များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ White Birch (အဖြူ) ၊ Purple Fire (ခရမ်း) နဲ့ Blue Lagoon (အပြာရင့်ရောင်) ၃ ရောင်နဲ့ ထုတ်လုပ်ထားပါတယ်။

ကနဦး တွေ့ရှိချက်များအရတော့ HTC Desire 626G+ ဟာ ကျပ် ၂၂၀ ၀၀၀ ဆိုတဲ့ ဈေးနှုန်းနဲ့ “တန်” တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 8GB သိုမှီးမှုပမာဏကလွဲလို့ ကျန် အချက်အလက်များဟာ အလတ်တန်းစား စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်စံနှုန်းထက် မသာလွန်ရင်တောင် မနိမ့်ကျပါဘူး။
ပုံစံဒီဇိုင်းပိုင်းမှာလည်း HTC ရဲ့ ထုံးစံအတိုင်း မူပိုင်ဟန်နဲ့ ထုတ်လုပ်ထားလို့ နှစ်လိုဖွယ်ရာ ရှိပါတယ်။ ဈေးကွက်ထဲမှာ အလားတူ စမတ်ဖုန်းတွေ များပြားနေလို့ ဝယ်ယူတဲ့အခါမှာ ဇဝေဇဝါ ဖြစ်နိုင်ပေမယ့် HTC ရဲ့ ကွာလတီကတော့ ငြင်းပယ်လို့ မရတာ သေချာပါတယ်။

Myanmar Consumer Guide

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ Facebook က Messenger တွင် သူငယ်ချင်းများ အတူတကွ ဂိမ်းကစားနိုင်ရန် ပြုလုပ်မည် ♫

2

Facebook Messenger တွင် သူငယ်ချင်းများ အတူတကွ ဂိမ်းကစားနိုင်တော့မည် ဖြစ်သည်။

Facebook က Messenger အတွက် ဂိမ်းများ တီထွင်ပေးရန် Developer များနှင့် ဆွေးနွေးနေသည်ဟု အတည်ပြုပါသည်။ အခြား Apps များမှ Content များကို Messenger တွင် မျှဝေနိုင်သည့် စွမ်းဆောင်ချက် ကိုလည်း မကြာမီက ထည့်သွင်းပေးခဲ့ပါသည်။

Facebook က ပြီးခဲ့သောနှစ်တွင် Messenger ကို Facebook မှ ခွဲထုတ်၍ သီးခြား App အဖြစ် အသုံးပြုစေ ခဲ့ပါသည်။ ထိုကဲ့သို့ ခွဲထုတ်လိုက်ခြင်းသည် Video Call စွမ်းဆောင်ချက်ကို ပိုမိုကောင်းမွန်လာစေသည်ဟု Messenger ထုတ်ကုန် ဌာနမှ အကြီးအကဲဖြစ်သူက Mashable ကို ရှင်းပြပါသည်။

Facebook က Messenger အတွက် မည်သည့်ဂိမ်းများ ထွက်ရှိမည်ဆိုသည်နှင့် ဖြန့်ချီမည့် နေ့ရက် အတိအကျကို ကြေညာခြင်း မရှိသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...