ကျွန်တော်တို့တွေ ဒီတစ်ခါ Avatar မျက်နှာပုံလေးတစ်ခုဖန်တီးရအောင်။ ဘယ်လိုအဆင့်ဆင့်လုပ်
သွားလဲဆိုတာအောက်မှာပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြထားပါတယ်။ စိတ်ဝင်စားသူငယ်ချင်းတို့
ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရအောင်...ပုံတွေကိုမမြင်ရရင် ပုံပေါ်ကလစ်ပြီးကြည့်ပါ။
ပုံ 1 ။။ပထမဆုံးကိုယ်ပြုလုပ်မဲ့ ပုံတစ်ပုံကိုအရင်ယူလိုက်ပါ။ပြီးရင် နံပါတ် ၁ ပြထားတဲ့အတိုင်း
Background ပုံပေါ် ညာကလစ်နှိပ်ပြီး ပေါ်လာတဲ့အကွက်ကနေ Duplicate Layer ကိုနှိပ်လိုက်ပါ။
ဆိုလိုချင်တာကတော့ လေယာအသစ်တစ်ခုယူလိုက်တာပါပဲ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း
Filter ကနေ နံပါတ် ၃ ပြထားတဲ့အတိုင်း Liquify ကိုနှိပ်လိုက်ပါ။
ပုံ 2 ။။ ပေါ်လာတဲ့ဘောက်ကနေ နံပါတ်တပ်ဖို့မေ့သွားတယ်ဗျာ sorry ပါနော်။ ဘယ်ဘက်က
Bloat tool လေးကိုအရင်ယူလိုက်ပါ။ ပြီးရင်ညာဘက်မှာ တန်ဖိုးတွေကို 51 . 50 .100 . 80
လောက်ထားလိုက်ပါ။
ပုံ 3 ။။ မျက်လုံးတွေ ၊ နှာခေါင်းတွေကို ပုံထဲကအတိုင်း မောက်နဲ့ဖိပြီး လိုက်ဆွဲလိုက်ပါ။
အဆင်ပြေလောက်ပြီဆိုရင် အိုကေနှိပ်လိုက်ပါ။
ပုံ 4 ။။ ပုံကိုကာလာချိန်ဖို့အတွက် ကျွန်တော်တို့ Image ကနေ Adjustment ပြီး၇င်ဒီဘက်က
Hue/Saturation ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ဘောက်ကနေ +180 ၊ -18 ၊ -3 လောက်ထားလိုက်ပါ။
ပုံ 5 ။။ ကာလာရပြီဆိုတော့ နှုတ်ခမ်းတွေကိုဆေးချယ်ဖို့ နံပါတ် ၁ ပြထားတဲ့ Brush tool ကို
ယူလိုက်ပါ။ နံပါတ် ၂ ပြထားတဲ့ ကာလာဘောက်ကနေ အရောင်ဖျော့ဖျော့လေးတစ်ခုယူလိုက်ပါ။
ပြီးရင်နှုတ်ခမ်း နဲ့ နှာခေါင်းအဖျားလေးမှာ ဆေးချယ်ပါမယ်။
ပုံ 6 ။။ ဒါကတော့ချယ်လို့ပြီးပါပြီ။
ပုံ 7 ။။ ပြီးရင် ကျွန်တော်တို့ Image ကနေ Adjustment ပြီး၇င်ဒီဘက်က Levels ကိုယူပါမယ်။
ပုံ 8 ။။ ကျလာတဲ့ဘောက်ကနေ 17 ၊ 0.98 ၊ 251 လောက်ထားလိုက်ပါမယ်။ OK
ပုံ 9 ။။ ဒီအဆင့်မှာတော့ ကျွန်တော်တို့ကြိုတင်ရှာထားတဲ့ avatar ပုံထဲကနေသူ့ရဲ့မျက်စိကို
ယူပါမယ်။ဒီပုံကိုလည်းအောက်ကဒေါင်းလော့စ်ဖိုင်ထဲမှာထည့်ပေးထားပါတယ်။
နံပါတ် ၁ ပြထားတဲ့အတိုင်း Lasso tool ကိုယူလိုက်ပါ။ ပြီးရင် နံပါတ် ၂ ပြထားတဲ့အတိုင်း
မျက်လုံးလေးကို ၀ိုက်ပြီးယူလိုက်ပါ။ ပြီးရင် Ctrl + C နှိပ်ပြီး copy ယူလိုက်ပါမယ်။
ကျွန်တော်တို့ ပြုလုပ်ဆဲမျက်နှာပေါ်မှာ Ctrl+V နှိပ်ပြီး paste လုပ်ပါမယ်။
ပုံ 10 ။။ ဒီလိုလေးဖြစ်လာပါမယ်။ ဒီလိုပဲနောက်ထပ်တစ်ခါထပ်လုပ်လိုက်ပါ။ တစ်လုံးတည်းဆိုတော့
ကြည့်မကောင်းပါဘူး။
ပုံ 11 ။။ မျက်လုံးတွေပြီးသွားရင် ခုနကအတိုင်းပဲ နားရွက်လေးတွေထပ်ယူပါမယ်။
ပုံ 12 ။။ နားရွက်ဖြတ်လို့ဘေးနားကအပိုပါလာတာလေးတွေကို Eraser tool လေးနဲ့အနားတွေကို
ညီအောင်သေချာလိုက်ဖြတ်ပေးလိုက်ပါ။
ပုံ 13။။ နောက်ထပ်တစ်ရွက်ဖြတ်တဲ့အခါမှာ သူ့ကိုပြောင်းပြန်လှန်ဖို့အတွက် နားရွက်ကိုအကြီး
အသေး ချိန်ပြီးသွားရင် နားရွက်ပေါ်မောက်စ်တင်ပြီး ညာဘက်ကလစ်လိုက်ပါ။ပေါ်လာတဲ့အကွက်ကနေ
နံပါတ် ၂ ပြထားတဲ့အတိုင်း Distort ကိုယူလိုက်ပါ။
ပုံ 14 ။။ အိုခေ...အကြီးအသေးကတော့ညီအောင်ချိန်ပေးပါနော်။ တော်ကြာ avatar ကြီး
နားမညီပဲဖြစ်နေမှာစိုးလို့ပါ။
ပုံ 15 ။။ ဒီအဆင့်မှာကတော့ မျက်နှာပေါ်မှာ Avater လိုမျိုးဆေးချယ်ဖို့အလွယ်ကူဆုံးဖြစ်တဲ့
ကြိုတင်ယူထားတဲ့ ဒီပုံလေးကို Move tool လေးနဲ့ဆွဲထည့်လိုက်ပါ။ ဒီပုံလေးကိုလည်း
အောက်ကဒေါင်းလော့စ်ဖိုင်ထဲမှာထည့်ပေးထားပါတယ်။
ပုံ 16 ။။ ပုံလေးကိုယူပြီးသွားရင် မျက်နှာပေါ်ကိုအုပ်လိုက်ပါ။ပြီးရင် ဘေးနားကပိုနေတဲ့ဟာတွေကို
Eraser tool လေးနဲ့လိုက်ပြီးဖျတ်လိုက်ပါ။
ပုံ 17 ။။ ကျွန်တော်တို့ နံပါတ် ၁ ပြထားတဲ့အတိုင်း ပုံရဲ့ Opacity ကို25လောက်ထားလိုက်မယ်ဗျာ။
ဖျတ်ရတာပိုပြီးလွယ်ကူသွားမယ်။ ပြီးရင်ဒီအတိုင်းပဲ ချိန်ထားလိုက်ပါ။27လောက်ပေါ့။
ပုံ 18 ။။ ကဲဒါကတော့ နောက်ဆုံးအဆင့်ပေါ့နော် ။ မျက်နှာပေါ်မှာအစက်လေးတွေလုပ်ချင်ရင်တော့
Eraser tool လေးတဲ့ အ၀ိုင်းကိုသေးသေးလေးလုပ်ပြီး လိုက်နှိပ်လိုက်ပေါ့အစက်ဖြစ်သွားရော.....
ဒါလေးကို PDF ဖိုင်အဖြစ်လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ။

နည်းပညာမြို့တော်
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။