12/13/2016

♪ “Network ဖောက်ထွင်းသူတွေကို စောင့်ကြည့်စို့” ♫


Network ဆိုတာ အရင်တုန်းကတော့ ကျွန်တော်တို့နဲ့ သိပ်မဆိုင်တဲ့ကိစ္စပါ။ မိုဘိုင်းအင်တာနက်ဆိုတာကြီး တွင်ကျယ် လာတော့ အင်တာနက်ကို ခွဲဝေ သုံးချင်တဲ့အခါမှာ Network ချိတ်ကြရပါတယ်။ Mobile device အချင်းချင်း ဖိုင်တွေမျှဝေဖို့ Network ချိတ်ကြရပါတယ်။ အခုဆိုရင် ကုမ္ပဏီတွေ ရုံးကြီး ကန္ဒားကြီးတွေမှာလည်း Network ချိတ်ကုန်ပါပြီ။သတိကြီးတဲ့ လူတွေ ကတော့ Network ချိတ်ရင် WPA 2 လိုဟာမျိုး တွေသုံးတယ်။ Password တွေ မဖြစ်မနေခံတယ်။ စနစ်နဲ့သုံးတဲ့အခါကြတော့ အနားကဖြတ်သွား ဖြတ်လာ ဟက်ကာတွေ ကိုယ့် Network ထဲ ၀င်ဖို့ခက်သွားပါတယ်။ Password ဆိုတာကလည်း များလာရင် မေ့တတ်တယ်။ ဒါကြောင့် တချို့က အလွယ်တကူကြည့်လို့ရမယ့်နေရာမျိုး (ဥပမာ- router ရဲ့ မျက်နှာပြင်) ပေါ်မှာရေးပြီး ကပ်ထားတာမျိုးရှိတယ်။ အချင်းချင်းပါပဲလေဆိုပြီး ကိုယ့်ဆီကို အလွယ်တကူ ၀င်ထွက်ခွင့်ပြုထားတဲ့ လူတစ်ယောက် အဲဒါ ရသွားရင် မခက်ပါလား။ ဆင်ခြေဖုံးက မြို့သစ်ရပ်ကွက်တွေဆိုရင် အိမ်ချင်းကပ် နေတာ။ ကိုယ့်အချင်းချင်း Network ရဲ့ Password ကို အော်ဟစ်ပြောရင်း ဘေးအိမ်ကကြားတယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ။ ဖုန်းရှားတဲ့အချိန်ကဆို ဒါဟာ ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် စမတ်ဖုန်းတွေပေါလာတဲ့အခါမှာ ဒါကပြဿနာဖြစ်လာနိုင်ပါတယ်။

Network ထဲမှာ မလိုလားသူတွေ မရောက်လာအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် Network ထဲမှာ ဘာကိုရှာရမယ်၊ ဘယ်နေရာမှာ ရှာရမယ်၊ ပြီးတော့ ဘယ်လိုဖယ်ထုတ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။ မရှိသင့်တဲ့လူ တစ်ယောက်မရှိတဲ့ Network တစ်ခုတည်ထောင်ဖို့ဆိုတာ သမားရိုးကျ အတိုင်းဆိုရင် လွယ်တာမဟုတ်ပါဘူး။ ဒါပေမယ့် Who is on my wi-fi ကြောင့် အများကြီးလွယ်လာပါတယ်။ သူက ကွန်ပျူတာသုံး Software ပါ။ PC ပေါ်မှာ ထိုင်ပြီး network scanning လုပ်ပေးမယ်။ သုံးလေး မိနစ်ကြာတိုင်း တစ်ခါ လောက် network scan လုပ်ပေး မှာပါ။ ကိုယ့်ရဲ့ ခွင့်ပြုချက် ကြိုတင်ပေး မထားတဲ့ device တစ်ခုခု Network ထဲ ရောက်လာပြီဆိုရင် Screen ပေါ်မှာ Warning message တက်လာတာ မြင်ရပါမယ်။ ပြဿနာအရင်းအမြစ် ဘယ်ကစတယ်ဆိုတာ ရှာနိုင်ပါမယ်။ Security Setting တွေ အပြောင်းအလဲ လုပ်ဖို့ လိုမလားဆိုတာကို စဉ်းစားနိုင်ပါမယ်။ပထမဆုံးလုပ်ရမယ့် အလုပ်က Software ကို ယူဖို့ပါ။ သူ့ကို www.whoisonmywifi.com ကနေ download ချနိုင်ပါတယ်။ install လုပ်ပြီးပြီဆိုရင် ပထမဆုံး လုပ်ရမယ့်အလုပ်က Network ကို scan လုပ်ဖို့ပါ။ Scan လုပ်လိုက်တဲ့အခါမှာ Network ထဲမှာရှိတဲ့ device တွေအားလုံးကို မြင်ရပါလိမ့်မယ်။ ဒီကိစ္စအတွက် ကွန်ပျူတာ taskbar အောက်ဘက် ညာဘက် ထောင့်မှာရှိတဲ့ Scan button ကိုရှာပါ။ ပြီးရင် Scan Now ကို ကလစ်နှိပ်ပါ။ Scan လုပ်နေပြီဆိုရင် အဲဒီ Software icon ဟာ notification area မှာ ပေါ်နေပါမယ်။ ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ပြီး အလုပ်လုပ်နေ တဲ့အကြောင်း အသိပေးပါမယ်။

Notification area မှာ icon မမြင်ရဘူးဆိုရင် taskbar မှာရှိတဲ့ အပေါ်ထောင် မြားခေါင်းလေးမှာ ကလစ်နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့ အကွက်ထဲက Click customize နေရာမှာ ကလစ်နှိပ်ပါ။ my wifi icon ကို ရှာပါ။ Behavious ခေါင်းစဉ်အောက်မှာ Show icon and notification ကို ရွေးပါ။ Scan လုပ်လို့ ပြီးသွားပြီဆိုရင် ကိုယ့် Wi-Fi network မှာ လာချိတ်တဲ့ device အားလုံး ရဲ့စာရင်းကို တွေ့ရပါမယ်။ Last Computer Name ခေါင်းစဉ်အောက်မှာ တစ်ချက်ကြည့်ပါ။ ကိုယ်သုံးတဲ့ device ကို မှတ်မိမယ် ဆိုရင် known/unknown ခေါင်းစဉ်အောက်က dropdown menu မှာ ကလစ်နှိပ်ပါ။ ပြီးရင် known ကိုရွေးပါ။ Device တွေနဲ့ပတ်သက်ပြီး ဒီထက်ထဲထဲဝင်ဝင် စုံထောက်လို့ ရပါသေး။ Network ထဲက device information ကိုဖွင့်ပြီး ကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့် Network ထဲဝင်လာတဲ့ device ဟာ ဘယ် ကုမ္ပဏီထုတ်ဆိုတာကအစ device information ထဲမှာ ကြည့်နိုင်ပါတယ်။ ကိုယ်လက်ခံထားတဲ့ device ဆိုရင် အဲဒီ device မှာ known ဆိုပြီး အမှတ် အသား လုပ်ထားလိုက်လို့ရပါသေးတယ်။ တကယ်လို့များ unknown IP address တစ်ခုကို တွေ့တယ်ဆိုရင် အဲဒီ address ကို ကူးပြီး browser ရဲ့ address bar မှာ ရိုက်ထည့်ပါ။ ဒါဆိုရင် configuration page ဆီ ခေါ်သွားပါ မယ်။ အဲဒီကနေပြီး ကိုယ်မသိတဲ့ device ကို ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပါလိမ့်မယ်။

ကိုယ်မသိတဲ့ device တစ်ခုကို ခွဲခြမ်းစိတ်ဖြာသိနိုင်အောင် ကူညီနိုင်တဲ့ နောက်ထပ်နေရာတစ်ခုက MAC address ဖြစ်ပါတယ်။ MAC address ကို များသောအားဖြင့် အောက်ဘက်မှာပြထားလေ့ရှိပါတယ်။ ဒါမှမဟုတ် device setting မှာဝင်ပြီး MAC address ကိုရှာနိုင်ပါတယ်။ iPhone တွေနဲ့ ပတ်သက် လာရင် MAC address ကို Wi-Fi address အနေနဲ့ တွေ့ရပါမယ်။Device တွေအားလုံးနဲ့ ပတ်သက်ပြီး အကြောင်းသိအောင် လုပ်ပြီးပြီဆိုရင် Network ထဲမှာ လာချိတ်တဲ့ device တွေဟာ white ပဲ ဖြစ်သင့်ပါတယ်။ ကိုယ့် Network ထဲဝင်ပြီး မချိတ်ထားတဲ့ device တွေကတော့ grey အနေနဲ့ တွေ့ရပါမယ်။ Scan လုပ်ငန်းစဉ်ပြီးသွားပြီ ဆိုပေမယ့် ရှေ့မှာပြောခဲ့သလိုပဲ ဒီ Software က Scan လုပ်ငန်းစဉ်ကို သုံးမိနစ် တစ်ခါလောက် background ကနေ လုပ်ပေး ပါမယ်။ ကိုယ့်ထဲကို connection အသစ်တစ်ခု ၀င်ချိတ်လာရင် အသိပေးပါ မယ်။ do list ထဲမှာ လည်း ၀င်ချိတ်တဲ့ device အကြောင်း အသေးစိတ် အချက်အလက်တွေကို ပြပေးပါမယ်။

ဒီ Software ဟာ ကိုယ်ပထမဆုံးထောင်တဲ့ network setting ကိုပဲ အတည်ယူ ပါတယ်။ Network နေရာရွှေ့ရင် recofigure မလုပ်ပါဘူး။ တကယ်လို့ Network အပြောင်းအလဲ လုပ်ခဲ့ရင် IP address range အသစ်ကို ရှာရပါ မယ်။ ဒီကိစ္စ အတွက် Windows Key နဲ့ R ကို တွဲပြီးနှိပ်ပါ။ Request box တက်လာပါမယ်။ Cmd ရိုက်ထည့်ပြီး enter ခေါက်ပါ။ အဲဒီအခါ Command line window တက်လာပါမယ်။ C: နောက်မှာ iP config ကို ရိုက်ထည့်ပြီး enter ထပ်ခေါက်ပါ။IP address ပေါ်လာပါမယ်။ ပထမဂဏန်းသုံးလုံး (ကြား ထဲမှာ full stop တွေ ခံထားပါတယ်) ကိုပြထားတဲ့ IPV 4 address ထဲကနေ ယူပါ။ ဒါမှမဟုတ် Default Gateway ကိုရွေးပါ။ ပြီးရင် Who is my Wi-Fi ထဲမှာ Setting button ကို ကလစ်နှိပ်ပါ။ ပြီးရင် Scan Option tab ကို ထပ်ပြီး ကလစ်နှိပ်ပါ။ ပြီးရင် add button ကို ဆက်လုပ်ပါ။ ဒီနေရာရောက်ပြီဆိုရင် new IP range ပေါ်လာသင့်တယ်။တကယ်လို့ ပေါ်မလာဘူး ဆိုရင် IP range ရိုက်ထည့်ပါ။ (အရင် အဆင့်တုန်းကပြတဲ့ IP address ကို လက်နဲ့ချရေး ထားပြီး ထည့်ပေးရမှာဖြစ်ပါတယ်။ full stop တွေ မှန်အောင်ထည့်ပေးပြီး သူ့နောက်မှ ၂၅၄ ကို ထည့်ရိုက်ပေးရပါမယ်) ပြီးရင် Setting ထဲမှာ အချိန် မိနစ် ဘယ်လောက်ကြာတိုင်း Scan လုပ်ချင်တယ်ဆိုတာ သတ်မှတ်သင့်ပါ တယ်။ ကိုယ်မလိုချင်တဲ့ device တစ်ခု network ထဲမှာ ရှိနေပြီဆိုရင် အဲဒီ device ရဲ့ ဘယ်ဘက်မှာရှိတဲ့ Block box ကို ကလစ်နှိပ်ပြီး ဖယ်နိုင်ပါတယ်။ ဒါပေမယ့် Wi-Fi Password အသစ်သတ်မှတ်လိုက်တာက ပိုပြီးကောင်းတယ် လို့ ပညာရှင်တွေက အကြံပြုပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com