9/12/2016

♪ “Smart Watch လောကထဲဝင်လာတဲ့Casio G-Shock G'MIX” ♫


Casio G-Shock ဟာလက်ပတ်နာရီလောကမှာတော့နာမည်ရပြီးသားပါ။ရိုးရိုး လက်ပတ်နာရီတွေကို၁၉၈၃ခုနှစ်မှာစပြီးထုတ်လုပ်ခဲ့ပါတယ်။အကြမ်းခံတဲ့
G-Shock တွေဟာ ခေတ်လူငယ်တွေကြားမှာလူကြိုက်များပါတယ်။ (၂၀၀၀) ပြည့်နှစ်ဝန်းကျင်မှာG-Shock ဟာဒစ်ဂျစ်တယ်လက်ပတ်နာရီတွေ ဖြစ်လာ ပါတယ်။အခုအချိန်မှာတော့G-Shock ဟာ ခေတ်နဲ့အညီစမတ်လက်ပတ်နာရီ ဖြစ်လာခဲ့ပါပြီ။အခြားလက်ပတ်နာရီတွေနဲ့ယှဉ်ရင်ပုံစံမျိုးကွဲပေါင်းရာ ဂဏန်း လောက်ရတာကအားသာချက်ဖြစ်ပါတယ်။ဒီဇိုင်းပိုင်းအရကြည့်မယ် ဆိုရင်
G-Shock ဟာ တွေ့နေကျပုံစံခွက်ထဲမှာပဲရှိနေပါသေးတယ်။Casio ဟာ လူကြိုက် များခဲ့တဲ့နာရီပုံစံဟောင်း၊စွမ်းဆောင်နိုင်ချက်အဟောင်းအများစုပေါ် မှာပဲ အမှီပြုနေသေးတယ်ဆိုတာ တွေ့ရပါတယ်။လူကြိုက်များတဲ့နာရီကို အပြာရောင်နဲ့ထုတ်ပေမယ့် ရွှေရောင်ကွပ်ထားတဲ့နာရီအမည်းရောင်ကိုရနိုင် သလိုကိုယ်ထည်တစ်ခုလုံးအဖြူရောင်၊ပန်းရောင်၊အနီရောင်၊အမည်းရောင် စတာတွေကိုလည်းရနိုင်ပါတယ်။ရိုးရိုးအမည်းနဲ့ ရွှေရောင်ကွပ်အမည်း မော်ဒယ်တွေကတော့ကြည့်လို့ အဆင်အပြေဆုံးပါ။ကျန်တဲ့ပုံစံတွေကကာလ ဒေသ ရွေးမယ်ထင်ပါတယ်။
G-Shock ဟာသူ့ထုံးစံအတိုင်းနာရီကို ဘေးဘောင်သားထူထူထဲထဲ နဲ့ ကာကွယ် ပေးထားပါတယ်။နာရီဘေးဘောင်သားပေါ်မှာခလုတ်ငါးခုပါပါ တယ်။ အဲဒါတွေကAdjust ၊Light ၊Mode ၊Bluetooth on/off နဲ့ဘာစာတန်းမှ ထိုးမထားတဲ့function ခလုတ်တွေဖြစ်ပါတယ်။ဒစ်ဂျစ်တယ်စနစ်နဲ့လုံးလုံး ယဉ်ပါး နေသူတွေအတွက်ကတော့ဒီခလုတ်တွေကြောင့်တစ်ခါတလေမှာ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်ပါတယ်။သုံးနာရီအမှတ်နဲ့တည့်တည့် နေရာမှာ Bluetooth ရဲ့လုပ်ငန်းမျိုးစုံကို ရွေးချယ်ဆောင်ရွက်နိုင်စေမယ့် သော့သီးတစ်ခု ရှိပါတယ်။Bluetooth ကိုအဖွင့်အပိတ်လုပ်ရင်နာရီမျက်နှာပြင်ပေါ်မှာ ငွေရောင် စက်ဝိုင်းလေးတစ်ခုလည်နေတာ တွေ့ရပါမယ်။G-Shock ရဲ့ လက်ပတ်ကြိုးကိုပလပ်စတစ်အမာနဲ့လုပ်ထားပါတယ်။ဒါပေမယ့်ပတ်တဲ့အခါ မထင်မှတ်လောက်အောင်သက်သောင့်သက်သာရှိပါတယ်။ထူထူထဲထဲနာရီ အိမ်ရဲ့အလေးချိန်ကိုသည်းခံနိုင်သရွေ့လက်ပတ်ကြိုးက ပြဿနာမရှိပါဘူး။ လက်ပတ်ကြိုးနှစ်ခုကိုချိတ်နဲ့ တေ့ချိတ်ပြီး ပြုတ်မထွက်အောင်ထိန်းပေးပါ တယ်။နာရီဖန်သားပြင်ကိုလည်းအလွန်ထူတဲ့ဖန်သားအောက်မှာလုံလုံခြုံခြုံ ကာကွယ်ထားပါတယ်။ဖန်သားအုပ်ထားတယ်ဆိုပေမယ့်Screen ပေါ်က စာသားတွေကိုကြည့်ရဖတ်ရတာအဆင်ပြေပါတယ်။G-Shock ဟာဒစ်ဂျစ်တယ် နဲ့အင်နာလော့စနစ်နှစ်မျိုးလုံးကို ပြပေးထားပြီးနှစ်မျိုးလုံးမှာကြည့်ရ အဆင်ပြေ တာ ဖြစ်ပါတယ်။ထူးထူးခြားခြားထည့်ပေးထားတဲ့တခြားစွမ်းဆောင်ချက်တွေ ကိုလည်း ရွေးချယ်နိုင်တာမို့G-Shock G'MIXကိုဝယ်မိတဲ့လူတွေစိတ်ကျေနပ် ကြမှာပါ။
G-Shock G'MIX ဟာသာမန်နာရီသုံးဘက်ထရီကိုထည့်ထားတယ်ဆိုပေမယ့် သာမန်လောက်သုံးသူတွေအတွက်ဘက်ထရီကနှစ်နှစ်အသုံးခံပါတယ်။နှစ်ရက်တစ်ခါအားသွင်းရတဲ့ Smartwatch တွေထက်စာရင်G-Shock ကဒီနေရာမှာ အားသာပါတယ်။ဒစ်ဂျစ်တယ်လက်ပတ်နာရီတစ်လုံးကရနိုင်တဲ့စွမ်းဆောင် ချက်အားလုံးကိုG'MIXမှာရနိုင်ပါတယ်။ကမ္ဘာ့နိုင်ငံတွေရဲ့အချိန်တွေကြည့်မှာ လား၊Stop Watch နဲ့timer သုံးမှာလား၊နှိုးစက်ပေးမှာလား၊အားလုံး လုပ်နိုင်ပါ တယ်။နည်းပညာတိုးတက်မှုအပိုင်းကနေကြည့်မယ်ဆိုရင်တော့Bluetooth music controls ဟာဆွဲဆောင်မှုဖြစ်လာပါတယ်။G'MIXရဲ့ချိတ်ဆက်နိုင်မှု ဟာBluetooth တစ်ခုတည်းပေါ်မှာပဲအမှီပြုထားလို့သူ့ကိုစွမ်းအားပြည့် Smartwatch လို့တော့မသတ်မှတ်နိုင်ပါဘူး။Casio ကိုယ်တိုင်ကလည်း Smartwatch အစစ်ပါလို့မပြောပါဘူး။အရိုးသားဆုံးနာမည်ပေးရရင် G'MIX ဟာBluetooth ပါတဲ့လက်ပတ်နာရီတစ်လုံးဖြစ်ပါတယ်။Bluetooth ဟာG'MIX မှာ ကောင်းကောင်းအလုပ်လုပ်ပါတယ်။ ဈေးပေါတဲ့G-Shock မော်ဒယ်တွေ မှာBluetooth မပါပါဘူး။G'MIXဟာအားသာချက်အတော်များများရှိသလို စိတ်ပျက်စရာကောင်းတဲ့အားနည်းချက်တွေလည်းရှိပါတယ်။အလုပ်လုပ် ပုံကိုကြည့်ရင်အဆင့်မြင့်Smart watch တွေနဲ့အတော်ဆင်ပါတယ်။G'MIXနဲ့ ချိတ်ဆက်ဖို့app ကိုiOS ဒါမှမဟုတ်Android ဖုန်းပေါ်မှာinstall လုပ်ရပါမယ်။
G'MIXနဲ့တွဲသုံးလို့ရတဲ့ဖုန်းအမျိုးအစားစာရင်းကို ဖော်ပြထားပေမယ့် မပြည့်စုံ ပါဘူး။Galaxy G6 နဲ့G7 တို့ဟာG'MIXနဲ့တွဲသုံးနိုင်တာမှန်ပေမယ့်တွဲဖက်သုံး နိုင်တဲ့ စာရင်းထဲမှာဒီဖုန်းနှစ်လုံးမပါပါဘူး။Samsung မဟုတ်ဘဲAndroid ဖုန်းတွေထဲကဘယ်ဖုန်းနဲ့တွဲနိုင်မယ်ဆိုတာကိုမဖော်ပြတာကလည်းမကျေနပ် စရာ ဖြစ်ပါတယ်။G-Shock + လို့ခေါ်တဲ့အဲဒီapp ဟောဖုန်းနဲ့နာရီကို ချိတ်ဆက် ပြီးsetting တွေကိုအမျိုးမျိုးချိန်ညှိနိုင်ဖို့ရည်ရွယ်ပါတယ်။ လောလောဆယ်မှာဒီapp ဟာbug တွေအတော်ပဲများပါတယ်။ဘယ်လိုset up လုပ်ရမယ်ဆိုတဲ့လုပ်ငန်းစဉ်ကလည်းရှုပ်ထွေးပါတယ်။ဒီလုပ်ငန်းစဉ်အတွက် Product manual ကိုအွန်လိုင်းမှာကြည့်နိုင်ပါတယ်။On Screen Prompt တွေပြပေမယ့်အားမကိုးလောက်ပါဘူး။Manual trouble shooting အတော် လေးကြိုးစားလုပ်မှဖုန်းနဲ့နာရီကိုချိတ်လို့ရပါတယ်။Watch setting ကို ခေါက် လိုက်တဲ့အခါအခန့်မသင့်ရင်ဖုန်းနဲ့နာရီကြားကချိတ်ဆက်မှု ပျောက်သွားတတ် ပါသေးတယ်။
ဖုန်းနဲ့နာရီကြားအကွာအဝေးကလည်း တော်တော်လေးဝေးလို့မရပါဘူး။ အခန်းတစ်ခန်းထဲကသာမန်အကွာအဝေးမှာတောင်အဆင်မသင့်ရင် Bluetooth အဆက်အသွယ်ကို ဖြတ်ချပါတယ်။လက်လှမ်းမီတဲ့အကွာအဝေး ရောက်မှ ပြန်ဆက်သွယ်ပေးပါတယ် ဆိုပေမယ့်ဒီစွမ်းဆောင်ချက်ကလည်း အမြဲတမ်းစိတ်ချထားလို့မရပါဘူး။ G-Shock +app ထဲဝင်ပြီး ပြန်ချိတ်ပေးရတာ များပါတယ်။G Shock + နဲ့အဆင်မပြေရင်G'MIX ဆိုတဲ့app လည်းရှိပါသေး တယ်။G'MIXကထူးထူးခြားခြားလုပ်နိုင်တာတစ်ခုရှိပါတယ်။music control ပါ။music control အတွက်app နှစ်ခုတောင်လိုတယ်ဆိုတာကတစ်ခုခုတော့ မှားနေပြီဆိုတာကို ပြပါတယ်။G'MIX ကSpotify၊Apple Music နဲ့Google Music လိုStreaming service တွေကိုအထောက်အပံ့ပေးပါတယ်။ဒါပေမယ့်volume control ကိုနာရီသော့သီးကတစ်ဆင့်သွားရပါတယ်။သီချင်းအပုဒ် ပြောင်း ချင်ရင်EQ ကိုအရင်ပြောင်းရပါတယ်။ပြီးရင်သီချင်းနာမည်တွေ (track names) ကိုရှာရပါတယ်။ပြီးမှ ပြောင်းနိုင်ပါတယ်။ဒီကိစ္စအတွက်G'MIX Player app ကိုသုံးရပါတယ်။
နားထောင်ချင်တဲ့သီချင်းတွေကိုနာရီထဲမှာ မသိမ်းနိုင်ပါဘူး။ဖုန်းရဲ့internal memory ထဲမှာသိမ်းရပါတယ်။ဒီလိုသိမ်းမှ ပြန်ပြီးနားထောင်နိုင်ပါတယ်။ spotify playlist တွေသိမ်းတဲ့အခါမှာလည်းဒီအတိုင်းပါပဲ။Streaming လုပ်တဲ့ အချိန်မှာနာရီရဲ့အလုပ်လုပ်နိုင်စွမ်းဟာအကန့်အသတ်ရှိပါတယ်။Streaming နဲ့သီချင်းနားထောင်နေရင်းနာရီဟာmusic control ကလွဲပြီးနာရီရဲ့အလုပ် ဘာတစ်ခုမှမလုပ်နိုင်တော့ပါဘူး။Bluetooth အဆက်အသွယ်ကို ဖြတ်လိုက်မှ နာရီရဲ့အလုပ်တွေကို ပြန်လုပ်နိုင်ပါတယ်။ချီးကျူးစရာဆိုလို့ နာရီနဲ့ ဖုန်းကို Bluetooth နဲ့ချိတ်ထားတဲ့အချိန်မှာခလုတ်ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ဘယ် သီချင်းဖွင့်နေတယ်ဆိုတာ မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်သိနိုင်တာဖြစ်ပါ တယ်။ခြုံငုံပြီးကြည့်ရင်G-shock G'MIXဟာတစ်ခါခါမှာသိပ်ချီးကျူးဖို့ကောင်းပြီး တစ်ခါ ခါမှာသိပ်စိတ်ပျက်ဖို့ကောင်းပါတယ်။ Bluetooth အဆက်အသွယ် ပြတ် သွားတဲ့အချိန်မှာအလိုအလျောက်စနစ်နဲ့အဆင်ပြေအောင်ချိတ်မပေးနိုင်တာကအဓိကအားနည်းချက်ဖြစ်နေ ပါတယ်။နာရီကောင်းကောင်းသုံးချင်ရင် သီချင်း ဖွင့်ချင်တယ်ဆိုရင်G'MIX ကိုဝယ်နိုင်တယ်ဆိုပေမယ့် မ၀ယ်ခင်မှာ Compatibility ကိုတော့အတော်သတိထားစစ်ရပါလိမ့်မယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com