9/12/2016

♪ ‘Buddy System’ ပါဝင်လာပြီး၊ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့တဲ့ Pokémon GO update ထွက်ရှိ ♫


Google Play Store နဲ့ Apple App Store တို့မှာ ယနေ့ထွက်ရှိလာတဲ့ Pokémon GO update အသစ်မှာ trainer တိုင်း စောင့်မျှော်လင့်နေတဲ့ ‘Buddy System’ ပါဝင်လာပြီး၊ မိမိစိတ်ကြိုက် ပိုကီမွန်အကောင်ကို ရွေးချယ်ကာ ကိုယ့်နဲ့အတူတူခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ‘Buddy’ ရွေးပြီး လမ်းလျှောက်တဲ့အခါ ကီလိုမီတာပြည့်တိုင်း ရွေးထားတဲ့ပိုကီမွန်ရဲ့ Candy ပြန်ရသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ယခု update မှာ သတင်းဆိုးတစ်ခုလည်း ပါလာပါတယ်။ ဒါကတော့ ယခု update အသစ်မှာ Root ဖောက်ထား၊ Jailbreak လုပ်ထားတဲ့ဖုန်းတွေကို support ပေးတော့မှာမဟုတ်ဘဲ၊ ဂိမ်းစဝင်ဝင်ချင်း စခရင်မှာတင် ရပ်နေမှာဖြစ်ပါတယ်။

ဒီ့အပြင် ယခု update မှာ Pokémon GO Plus နဲ့ တွဲကစားနိုင်လို့ရအောင်လည်း လုပ်ပေးထားပြီး၊ ကစားနေရင် အင်တာနက်လိုင်းပြောင်းတဲ့အခါ app က ပိတ်သွားတာမျိုးမဖြစ်တော့အောင်လို့ Performance ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်း လုပ်ပေးထားတယ်လို့ သိရပါတယ်။

သတင်းဆိုးဖြစ်တဲ့ Root ဖောက်ထားတဲ့ဖုန်းတွေမှာ ဆော့လို့မရတော့ဘူးဆိုတာနဲ့ ပတ်သတ်ပြီး နာမည်ကျော်နည်းပညာဝက်ဘ်ဆိုဒ် Android Police က Root ဖောက်ပြီးသား Moto X Pure Edition ဖုန်းရယ်၊ Galaxy S7 Edge ဖုန်းရယ်နဲ့ စမ်းသပ်ခဲ့ရာမှာ၊ သတင်းက အမှန်ဖြစ်နေကြောင်း စိတ်မကောင်းဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

t

လက်ရှိမှာ ယခု update ကို မိတ်ဆွေမှာ မရသေးဘူးဆိုရင် Android အတွက် ယခုလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ သတိပြုရမှာက Niantic အနေနဲ့ တရားဝင် app စတိုးတွေဖြစ်တဲ့ Play Store နဲ့ App Store တို့ကနေပဲ ဆွဲဖို့ အကြံပြုထားတာကြောင့် မရသေးရင် ခဏစောင့်ဆိုင်းပြီး တရားဝင်ဒေါင်းလုဒ်ဆွဲဖို့ကိုပဲ အကြံပေးပါရစေ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com