9/11/2016

♪ “KENBO Hero K3” ♫


စမတ်ကျတဲ့အပြင် ကိုင်ဆောင်ရတာသက်သောင့်သက်သာရှိပြီးဘယ်မိုဘိုင်း ကွန်ရက်မှာမဆိုအသုံးပြုနိုင်တဲ့ Hero K3ဖုန်းကိုKENBO Smartphone က ထုတ်လုပ်ခဲ့ပါတယ်။ ထောင့်ကျကျဒီဇိုင်းလေးနဲ့ မာကျောတဲ့ ကိုယ်ထည် ကလည်း Hero K3 ကိုပိုမိုဆွဲဆောင်မှုရှိစေပါတယ်။ မျက်နှာပြင်အရွယ်အစား5 inches ရှိတဲ့အတွက် ဖုန်းကိုလက်ထဲမှာကိုင်ဆောင် သွားတဲ့အခါ မိမိလက်နဲ့ လိုက်လျောညီထွေရှိတာ ကိုတွေ့မြင်ရမှာပါ။

IPS နည်းပညာသုံးScreen ဖြစ် တဲ့အပြင် 1280 × 720 Pixels အထိ ရုပ်ထွက်ထုတ်ပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ အားလပ်ချိန်များမှာဖုန်းနဲ့ Movie ၊ MTV၊ Game တို့ကိုသုံးတဲ့အခါမှာလည်း ကြည်လင်ပြတ်သားတဲ့ HD ရုပ်ထွက်ကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။ လူမှု ကွန်ရက် စာမျက်နှာများမှာဓာတ်ပုံတင်ရတာ ၀ါသနာပါသူများ၊ အမှတ်တရ ခရီးစဉ်များကိုကိုယ်တိုင်ဓာတ်ပုံရိုက်ကူးကာ သိမ်းဆည်းထားလိုသူများ အဆင် ပြေစေရန် အရှေ့ဘက် 5 Megapixels နဲ့ အနောက်ဘက် 13 Megapixels ကင်မရာကိုHero K3 မှာတပ်ဆင်ပေးထားပါတယ်။

ဓာတ်ပုံရိုက်ကူးရာ မှာလည်း ကြည်လင်တောက်ပတဲ့ ရုပ်ထွက်တွေရရှိမှာမို့ မိမိကိုယ်ကိုယုံကြည် မှုပိုမိုရရှိစေပါတယ်။ ဖုန်းရဲ့လုပ်နိုင်စွမ်းအားပိုမိုကောင်းမွန်စေရန်အတွက် Quad Core 1.2GHz CPU ၊ RAM 2GB နဲ့ ROM 16GB တို့ကိုလည်းထည့်သွင်း ပေးထားပါတယ်။

GSM/WCDMA/4G LTE အစရှိတဲ့ မိုဘိုင်းကွန်ရက်တွေ မှာအသုံးပြုနိုင်မှာဖြစ် လို့ SIM Card မကိုက်ညီမှာစိုးရိမ်စရာမလိုတော့ပါဘူး။ ဖုန်းScreen ပေါ်မှာ အင်္ဂလိပ်အက္ခရာများဖြစ်တဲ့ (m,w,o,e,c) တို့ကိုရေးဆွဲရုံနဲ့ Application များ ကိုအလွယ်တကူ ၀င်ရောက်လို့ရတဲ့ Magic Touch စနစ်ကိုလည်းထည့်သွင်း ပေးထားပါတယ်။

Hero K3 မှာ ကြိုးမဲ့အလွယ်တကူအနီးကပ်ချိတ်ဆက်မှုစနစ် Near-field communication (NFC) ကိုထောက်ပံ့ပေးထားပြီးG-Sensor နဲ့ Electronic Compass စနစ်တွေလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီ မှာ2200 mAhပါ။

<Specification>
Network - GSM/ WCDMA/LTE
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 13 MP
Screen - 5 inches
OS - Android 4.4
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com