Facebook၊Twitter နှင့်တခြားလူမှုကွန်ရက်platform များကြောင့် လာမည့်
ဆယ်စုနှစ်အတွင်းဗြိတိန်ရှိပုံနှိပ်သတင်းမီဒီယာလုပ်ငန်းများအနေဖြင့် ပေါင်
သန်း၄၅၀ (ဒေါ်လာသန်း၆၀၀ခန့်) အထိဆုံးရှုံးမှုများရှိနိုင်ကြောင်း မဟာဗျုဟာ
အကြံပေးလုပ်ငန်း OC&C ၏ နောက်ဆုံးထုတ်ပြန်လိုက်သည့်အစီရင်ခံစာ က
ခန့်မှန်းလိုက်သည်။ OC&C ၏အစီရင်ခံစာကိုအခြေခံထားသည့်ဗြိတိန် ဂါးဒီးယန်း
သတင်းစာ၏သတင်းဖော်ပြချက်အရသတင်းစာများအနေဖြင့်လူမှု
ကွန်ရက်မီဒီယာကိုအဓိကအသုံးပြု၍သတင်းဖတ်ရှုနေသည့်လူငယ်မျိုးဆက်
အပေါ်လွှမ်းမိုးနိုင်မှုနည်းပါးလာနေသည်ဟုဆိုသည်။မြန်မာနိုင်ငံတွင်မူ လွန်ခဲ့
သည့်၂နှစ်ခန့်ကပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပြုပြီးနောက်ပိုင်းသတင်းစာနှင့်စာစောင်ဖတ်ရှုမှုနှုန်း သိသိသာသာတိုးတက်လာနေပြီးလူငယ်ထု၏
သတင်းနှင့်စာနယ်ဇင်းများကိုစိတ်ဝင်စားမှုနှုန်းမှာလည်း မြင့်တက်လာနေ သည်။
သို့သော်လည်း ပြည်တွင်းတွင်မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု
များပြုလုပ်ထားပြီးနောက်မိုဘိုင်းဖုန်းကိုင်ဆောင်မှုနှုန်းအထူးတိုးတက်လာနေသကဲ့သို့မိုဘိုင်းဖုန်းမှတစ်ဆင့် သတင်းနှင့်မီဒီယာစားသုံးမှုနှုန်းမှာလည်းသတင်းစာဖတ်ရှုသူတိုးတက်လာသကဲ့သို့ပင်ထပ်ချပ်မကွာတိုး တက်လာနေသည်။
ယနေ့ခေတ်သည်ဒစ်ဂျစ်တယ်နည်းပညာခေတ်ဖြစ်သည်။ ခေတ်သည် တဖြေးဖြေး လျင်မြန်မှုကိုအသားပြုလာသည်။တိကျမှုသည် နောက်ကလိုက် သည်။သတင်းတင်ဆက်မှုများတွင်ပင်အချိန်နှင့်တစ်ပြေးညီဆိုသည့်စကားက ခေတ်စားလာနေသည်။ မိမိတို့အနေဖြင့်ပုံစံခွက်တစ်ခုထဲတွင်ထိုင်နေ၍မရ သောခေတ်လည်းဖြစ်သည်။မြန်မာ့မီဒီယာလောက သည် နှစ်ပေါင်း၁၅၀ ကျော် ခဲ့ပြီဖြစ်သည်။ ခေတ်နှင့်အညီ ရွေ့လျားမှုများရှိသည်။Platform အမျိုးမျိုး ပေါ်တွင်အခြေပြု၍လှုပ်ရှားလာခဲ့သည်စာရွက်များ၊ ရေဒီယိုလှိုင်းများ၊ ရုပ်မြင်သံကြား များမှယခုအခါအင်တာနက်Platform ပေါ်အထိတစ်ဆင့် ခုန်တက်လာခဲ့ပြီ ဖြစ်သည်။ကျွန်တော်တို့ကိုယ်တိုင်ထိုင်ခုံတစ်ခုတည်းပေါ်တွင် ပေတေရပ်နေ၍မရပေ။ မီဒီယာများကိုယ်တိုင်လည်းနားလည်ကြဟန်တူလေ သည်။

ယခုခေတ်တွင်ဆက်သွယ်ရေးစနစ်ကောင်းမွန်လာခြင်းနှင့်အတူနည်းပညာကိုအခြေပြုထားသောသတင်း မီဒီယာPlatform
တစ်ခုပုံပေါ်လာသည်။ သတင်း
ဖန်တီးမှုနှင့်တင်ဆက်မှုများလည်းလိုက်ပါအသွင်ပြောင်းလဲလာသည်။ယခင်လိုယနေ့ဖြစ်သောသတင်းကို မနက်ဖြန်မှမကြားချင်ကြတော့မနက်ဖြန်ကြားချင်
သည်ကယနေ့အဖြစ်အပျက်၏ပိုမိုတိကျသော နောက်ကွယ်မှဇာတ်လမ်းသာ
ဖြစ်သည်။ယခုသတိထားကြည့် မိလျှင်Facebook ကဲ့သို့သော ထင်ရှားသည့် Social
Media ကြီးပေါ်တွင်သတင်းဝန်ဆောင်မှုများကျယ်ကျယ်ပြန့်ပြန့်
ရှိနေပြီဖြစ်ပြီးProfessional Journalist များအပြင်ဝါသနာရှင်အဆင့်Citizen
Journalist များပါ ပေါများလာသည်။မျက်မှောက်ခေတ်တွင် အင်တာနက် ကြောင့်
လူတိုင်းသတင်းရှာလို့ရလာသည်။သတင်းတင်ပြလို့ရလာသည်။ သို့သော်
ယင်းသည်သတင်းတည်ဆောက်မှုတော့မဟုတ်ပေ။သတင်းHints
များသာဖြစ်သည်။အင်တာနက်ကြောင့်သတင်းထောက်များကိုယ်တိုင်သတင်းဦးရဖို့စိန်ခေါ်မှုများမြင့်တက် လာကြောင်းဝန်ခံကြသကဲ့သို့အင်တာနက်က
သတင်းရှာဖွေပေးရာတွင်အရေးပါလာသည့် နေရာလည်းဖြစ်လာပြန်သည်။
တစ်ချိန်ကပုံနှိပ်သတင်းမီဒီယာများသည်တိုင်းပြည်တွင်လက်တံအရှည်ဆုံးဖြစ်ခဲ့သည်။သို့သော်လည်းလွန်ခဲ့ သည့်တစ်နှစ်ခန့်မှစတင်၍
ပြည်တွင်းရှိ သတင်းစာ များနှင့်သတင်းဌာနများသည်Digital News-letter
များNews Alert များ၊News Message များNews App များကိုသိသိသာသာအကောင်အထည်
ဖော်လာကြပြီးထိုက်သင့်သည့် အောင်မြင်မှုများရခဲ့ကြသည်။ ထို့အပြင် မြန်မာ
ပြည်တွင်လူကြိုက်များလှသည့်လူမှုကွန်ရက်ဝက်ဆိုက်တစ်ခုဖြစ်သော
ဖေ့ဘုတ်ပေါ်တွင် လည်းသတင်းများလွှင့်တင်ခြင်းဖြင့်စာဖတ်ပရိတ်သတ်ကို
ဆွဲဆောင်မှုများ ပြုလုပ်နေကြသည်။လက်ရှိတွင်မူမိုဘိုင်းဆက်သွယ်ရေး နှင့်
အင်တာနက်စနစ်များကပိုမို၍လက်တံရှည်လာကြသည်။တိုင်းပြည်အနှံ့မဟုတ်တောင်
နေရာတော်တော် များများသို့ရောက်နေသည်။ဥပမာအနေဖြင့် နယ်
ဒေသများတွင်ယနေ့ထုတ်အားကစားဂျာနယ်တစ်စောင်ကိုဝယ်ယူမည်ဆိုပါကဂျာနယ်သာရမည်ဖြစ်ပြီး အချပ်ပိုစာရွက်က
နောက်နေ့မှရမည်ဖြစ်သည်။ သို့သော်လည်းအင်တာနက်မှအဆိုပါဂျာနယ်အားPdf File
ဖြင့်Download ဆွဲပါကချက်ချင်းရနေပြီဖြစ်သည် (အချို့အားကစားဂျာနယ်များက
တော့ Download ဆွဲခွင့်မပြုသေး)။သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများ၊
သတိပေးချက်များ၊သတင်းမျှဝေမှုများကိုသတင်းစာများ၊ဂျာနယ်များပင်လျှင်အင်တာနက်မှတစ်ဆင့်ဦးဦးဖျားဖျား မျှဝေနေကြရသည်။
သတင်းမီဒီယာများအနေဖြင့်ရောစာဖတ်သူများပါလူမှုကွန်ရက်ပလက်ဖောင်းအပေါ်စိတ်ပါဝင်စားမှုမြင့်တက် လာကြောင်းသက်သေမှာထိပ်တန်းသတင်းစာများဖြစ်ကြသည့်7Day
သတင်းစာ၏ ဖေ့ဘုတ်စာမျက်နှာမှာLike လုပ်သူ ၇.၇သန်း ကျော်ရှိနေပြီးEleven
Media ၏ ဖေ့ဘုတ်စာမျက်နှာမှာလည်းlike
လုပ်သူ၇.၅သန်းကျော်အထိရှိနေခြင်းကိုကြည့်ခြင်းဖြင့်သိနိုင်လေသည်။
ယင်းသို့လူမှုကွန်ရက်ပလက်ဖောင်းများပေါ်သတင်းမီဒီယာများနှင့်သတင်းများ တက်လာခြင်းကြောင့် ကြော်ငြာလုပ်ငန်းများအပေါ်တွင်လည်းသက်ရောက် မည်ဖြစ်ကာ ကြော်ငြာလုပ်ငန်း၏ပစ်မှတ်များလည်း ပြောင်းလဲလာမည်ဖြစ် သည်။လက်ရှိတွင်အင်တာနက်နှင့်လူမှုကွန်ယက်ပလက်ဖောင်းများပေါ်တွင် ကြော်ငြာလွှင့်တင်ခြင်းမှ အကျိုးအမြတ်၃၀ရာခိုင်နှုန်းရရှိနေပြီး ရေရှည် တွင်လစဉ်ကြေးကောက်ခံမှုများပေါ်တွင်လည်းသက်ရောက်မှုရှိလာနိုင် ကြောင်းOC&C ကခန့်မှန်းထားသည်။ခေတ်ကိုအမှီလိုက်၍ ဒစ်ဂျစ်တယ် စနစ်ကိုလျင်လျင်မြန်မြန်အကောင်အထည်ဖော်ခဲ့ပြီးအကျိုးအမြတ်များလည်း စတင်ရရှိနေပြီဖြစ်သည့်Financial Times နှင့်New York Times တို့သည် လက်ရှိလစဉ်ကြေးကောက်ခံမှုစနစ်ဖြင့်အင်တာနက်မှသတင်းစာများရောင်းချနေပြီး အောင်မြင်နေသော ထုတ်ဝေသူများဖြစ်နေပြီ ဖြစ်သည်။၎င်းတို့အနေဖြင့် လက်ရှိတွင်ထုတ်ကုန်များကိုလူမှုကွန်ရက်ပလက်ဖောင်းများမှ ရောင်းချခြင်း မရှိသေးသော်လည်းအနာဂတ်တွင်မူလူမှုကွန်ရက်ပလက်ဖောင်းများပေါ်မှပါသတင်းစာနှင့်မီဒီယာထုတ်ကုန် များကို ရောင်းချလာဖွယ်ရှိကြောင်းOC&C ကခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်လည်းသတင်းစာဂျာနယ်များနှင့် ရုပ်သံ
လိုင်းများ၊ ရေဒီယိုလိုင်းများမှသတင်းထူး၊သတင်းဦးများနှင့်သုံးသပ်ချက်များ
ကိုလူမှုကွန်ရက်ပေါ်မှဖတ်ရှုမှုများခေတ်စားလာနေပြီ ဖြစ်သည်။ထို့အပြင်
လူမှုကွန်ရက်ပလက်ဖောင်းအခြေပြုအွန်လိုင်းသတင်းအေဂျင်စီများ၊အွန်လိုင်းရုပ်သံသတင်းမီဒီယာများနှင့် အွန်လိုင်း
ရေဒီယိုချန်နယ်များလည်းပေါ်ပေါက် လာပြီးတချို့မှာသိသိသာသာ
အောင်မြင်မှုများရရှိနေကြသည်။ယခင်က သတင်းမီဒီယာအချို့မှာDigital Media
များအားကောင်းလာလျှင်သတင်းစာ၊
ဂျာနယ်များရောင်းအားကျသွားမည်ဟူသောအတွေးအခေါ်တချို့ရှိခဲ့ဖူးသည်။ယခုလည်းတချို့ရှိကြသည်။ ထို့အပြင်လက်ရှိတွင်အခမဲ့နီးပါးဖြင့်ဝန်ဆောင်မှု
ပေးနေရသောကြောင့်တချို့ သောငွေကြေးအင်အား နည်းပါးသော မီဒီယာ
များမှာဒစ်ဂျစ်တယ်စနစ်၊လူမှုကွန်ရက်ပလက်ဖောင်းအခြေပြုစနစ်များဖြင့်
ဝန်ဆောင်မှုပေးရန်လက်တွန့်ကြသည်။သို့သော်OC&C ၏ သုံးသပ်ချက် အရ တစ်ဖက်မှ
လျော့ပါးသွားသောအကျိုးအမြတ်ထက်ပိုမိုသည့်အကျိုးအမြတ်များ
လူမှုကွန်ရက်ပလက်ဖောင်းဘက်မှ ပြန်လည်ဝင်ရောက်လာနိုင်သည်ဟု ဆိုသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာပြည်အပါအ၀င် တစ်ကမ္ဘာလုံးတွင်
မိုဘိုင်းဖုန်းသုံးစွဲမှုနှင့်အင်တာနက်အသုံးပြုမှု တောက်လျှောက်မြင့်တက်
လာနေပြီးယင်းသို့မြင့်တက်နေသမျှကာလပတ်လုံးအကျိုးအမြတ်များအဆက်
မပြတ်ရှာဖွေနိုင်နေမည်ဖြစ်သည်ဟုဆိုသည်။
မြန်မာပြည်တွင်လည်းဤနည်းနှင်နှင်ပင်ဖြစ်လိမ့်မည်။သို့သော်လည်းအကျိုး
အမြတ်ကိုစနစ်တကျရှာဖွေတတ်ဖို့တော့လိုမည်။ပုံနှိပ်သတင်းမီဒီယာများသည်အသက်လတ်ပိုင်းနှင့်လူကြီး ပိုင်းများကိုပစ်မှတ်ထားသည်ဆိုလျှင်Digital
သတင်းမီဒီယာများသည်Smart Phone နှင့်Tablet အသုံးများသည့်ကမ္ဘာပေါ်ရှိ
အင်အားအကောင်းဆုံးအင်အားစုဆီသို့ပစ်မှတ်ထားရပေမည်။ထို့အပြင်
ပြည်တွင်းရှိစစ်တမ်းများအရလူမှု ကွန်ရက်ပလက်ဖောင်းတွင် အောင်မြင်
နေသည့်သတင်းမီဒီယာများသည်အပြင်ဈေးကွက်တွင်ပါ ရောင်း အားကောင်း
နေသည့်အချက်ကိုလည်းသတိထားမိကြစေချင်သည်။တခြားနိုင်ငံများနှင့်မတူသည့်
မြန်မာ့ မီဒီယာဈေးကွက်၏အားသာချက်ဖြစ်လေသည်။အပြင်တွင်
ရောင်းအားကောင်း၍လူမှုကွန်ရက် တွင် အောင်မြင်သကဲ့သို့လူမှုကွန်ရက်
ကြောင့်အပြင်တွင် ရောင်းအားပိုကောင်းနိုင်သည်။ကျွန်းကိုင်းမှီ
ကိုင်းကျွန်းမှီ ပင်။
ဒီဂျစ်တယ်ပလက်ဖောင်းနှင့်လူမှုကွန်ရက်ပလက်ဖောင်းအခြေပြု၍
သတင်းမီဒီယာများသည်အနာဂတ်တွင်ယခုထက်ပို၍အလုပ်တွင်ကျယ်လာဖို့ ကတော့
သေချာနေသည်။ယင်းအတွက်ကြောင့်ပုံနှိပ်မီဒီယာများထိခိုက်မည်
ဟုတော့အယူမလွဲကြစေလို။
မောင်မိုးဇွန်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com