ဘေကျင်းတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Xiaomi
၏မျိုးဆက်သစ်ဖုန်းများမိတ်ဆက်ပွဲတွင် အရည်အသွေး အထူးကောင်းမွန်ပြီး
ဈေးနှုန်းသက်သာမည့် ၄င်းတို့၏ဖုန်းအသစ်များကို မိတ်ဆက်ခဲ့ပါတယ်။
ရှေးနှစ်များက ထွက်ခဲ့သောဖုန်းများဖြစ်သည့် Mi 5 ကိုတစ်မူထူးခြားစေပြီး
“s” ကို ရည်ညွန်းတာကတော့ ပြောင်းလဲသွားတဲ့ ဒီဇိုင်းပိုင်းနှင့်
အရည်အသွေးပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။
Mi 5s ဟာဆိုရင်
မျက်နှာပြင်အကျယ် (၅.၁၅) လက်မရှိပြီး Mi 5s Plus ကတော့ မျက်နှာပြင်အကျယ်
(၅.၇) လက်မရှိပါတယ်။ ဖုန်း၏ ကိုယ်ထည်များကို
အလူမီနီယမ်သားဖြင့်ပြုလုပ်ထားပြီး 5s Plus ကတော့ 5s ကဲ့သို့ antenna line
ပါဝင်ခြင်းမရှိပါဘူး။ အခြားလုပ်ဆောင်ချက်များအနေဖြင့် Fingerprint sensor
ကိုထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်။
Xiaomi Mi 5s ၏ ပါဝင်မှုများမှာ
* 5.15-inch Full HD, 600 nits, 95% NTSC
* Snapdragon 821, 2.15 GHz
* 3GB RAM/64GB storage or 4GB RAM/128GB storage (LPDDR4/UFS 2.0)
* 12MP rear camera (Sony IMX 378, PDAF, OIS, dual LED flash)
* 4MP front camera (f/2.0 aperture, 80-degree viewing angle)
* 3,200 mAh battery
* LTE with 3-carrier aggregation
* USB Type-C
* Under-glass fingerprint sensor
* Android 6.0 Marshmallow, MIUI 8 Xiaomi
Mi 5s Plus ၏ ပါဝင်မှုများမှာ
* 5.7-inch Full HD, 600 nits, 95% NTSC
* Snapdragon 821, 2.35 GHz
* 4GB RAM/64GB storage or 6GB RAM/128GB storage (LPDDR4/UFS 2.0)
* Dual 13MP rear cameras (Sony IMX 258, RGB and BW sensors, PDAF, OIS, dual LED flash)
* 4MP front camera (f/2.0 aperture, 80-degree viewing angle)
* 3,800 mAh battery
* LTE with 3-carrier aggregation
* USB Type-C
* Rear mounted fingerprint sensor
* Android 6.0 Marshmallow, MIUI 8
၎င်း Mi ဖုန်းအသစ်များတွင် အဓိကလုပ်ဆောင်ချက်အနေဖြင့်ပါဝင်တာကတော့
လက်ဗွေစနစ်ပဲဖြစ်ပါတယ်။ FingerPrint ခလုတ်ကို ဖုန်းမျက်နှာပြင်
ဖန်သားပြင်၏အောက်ခြေတွင် အထစ်ပုံစံလေးပြုလုပ်ကာမြှပ်ထားတာဖြစ်ပါတယ်။
ထိုအချိုင့်လေးပေါ်သို့ လက်လေးကိုတင်လိုက်ရုံဖြင့်
အလွန်လျှင်မြန်သောစနစ်ဖြင့် အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါဟာ
ဖန်သားမျက်နှာပြင်အောက်ခြေတွင် ထည့်ပြီးပထမဆုံးပြုလုပ်တာဖြစ်ပါတယ်။
ဖုန်းများ၏ဈေးနှုန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• Xiaomi Mi 5s 64GB/3GB: (~$300) • Xiaomi Mi 5s 128GB/4GB:
(~$345) • Xiaomi Mi 5s Plus 64GB/4GB: (~$345) • Xiaomi Mi 5s Plus
128GB/6GB: (~$395)
Xiaomi Mi 5s နှင့် Xiaomi Mi 5s Plus ဖုန်းများကို လာမည့်ကြာသပတေးနေ့၊
တရုတ်နိုင်ငံတွင် စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ရရှိနိုင်တဲ့
အရောင်များကတော့ dark grey (brushed metal), gold (brushed metal), silver
(matte) နှင့် pink (matte) တို့ဖြစ်ပါတယ်။
Thet Myat Noe Wei (Myanmar Mobile App)