YotaPhone 2 ကို ထုတ်လုပ်သူ Yota Devices က ဒီဇင်ဘာလ သုံးရက်နေ့တွင် သူ၏
စမတ်ဖုန်း အသစ်ကို မိတ်ဆက်မည်ဟု ကြေညာပါသည်။ လန်ဒန်တွင် စမတ်ဖုန်း
ကြေညာသည့် ပွဲတစ်ခု ပြုလုပ် မည် ဖြစ်ပါသည်။
YotaPhone 2 တွင် 2.3GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 800 SoC , 2GB RAM, 32GB Internal Storage ပါရှိပါသည်။ အဓိက ကင်မရာ အနေဖြင့် အနောက်ဘက်တွင် 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera တပ်ဆင်ထားပါသည်။ 2550mAh Battery ပါရှိပါသည်။
YotaPhone 2 ကို ရုရှားတွင် စတင်ရောင်းချမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းတွင် အာရှနှင့် မြောက် အမေရိကတွင် ရောင်းချမည် ဖြစ်သည်။ ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း မူလ YotaPhone ကို ဒေါ်လာ ၂၉၅ ဖြင့် ရောင်းချခဲ့သောကြောင့် ယခုဒုတိယမျိုးဆက်ကိုလည်း အဆိုပါဈေးနှုန်း ၀န်းကျင်ဖြင့် သာရောင်းချမည် ဖြစ်သည်။