တရုတ်နိုင်ငံတွင် Meizu MX4 Pro ကို
တရားဝင်ကြေညာလိုက်ပြီ ဖြစ်သည်။ Sharp ၏ ၅.၅ လက်မ အရွယ် 2560x1536 Display
ကို တပ်ဆင်ထားပြီး အရည်အသွေးမြင့်မားပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၄၂ ဖြစ်ပါသည်။ မျက်နှာပြင်၏ ဘေးနှစ်ဖက်ရှိ ဘောင်များမှာ သေးငယ်သည့် အတွက် လှပပါသည်။
Meizu MX4 Pro တွင် Quad-Core 2.0GHz Cortex-A15 နှင့် Quad-Core 1.5GHz Cortex-A7 CPU တပ်ဆင်ထားသော Samsung Exynos 5430 Chipset တပ်ဆင်ထားပါသည်။ 3GB RAM, Mali-T628 MP6 GPU ပါရှိပါသည်။ Internal Storage မှာ 16GB , 32GB , 64GB အမျိုးအစားများ ရွေးချယ်နိုင်ပါ သည်။ MicroSD Card မပါရှိဟု သိရပါသည်။
အနောက်ဘက်တွင် Sony ၏ 20.7 MP Camera နှင့် LED Flash နှစ်ခု ပါရှိပါသည်။ မျက်နှာချင်းဆိုင်တွင် 5 MP Camera တပ်ဆင်ထားပါသည်။
ဆက်သွယ်မှုအပိုင်းတွင် NFC, WiFi, Bluetooth 4.0 ပါရှိပါသည်။ Fingerprint Sensor ကို မျက်နှာပြင်အောက်ရှိ Home Button တွင် တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို အခြေပြု ထားသော Flyme 4.0 ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ခြောက် ရက် တွင်ဒေါ်လာ ၄၁၀ ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။