Wi-Fi ( Wireless Fidelity) ရဲ့ စနစ်က
အနီးစပ်ဆုံး Bluetooth နဲ့ဆင်တူပါတယ်။ Wi-Fi က 100m အတွင်း ဖမ်းနိင်ပြီး
Bluetooth ကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို 10m အတွင်းသာ Sharing တွေ
ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။ ပါဝါအားအသုံးပြုမူမှာနဲ့
App မှာလည်း ကွာပါတယ်။ Bluetooth က သုံးစွဲတဲ့ Device ရဲ့ ပါဝါအား ကို
နည်းနည်းပဲ သုံးပေးပြီး Data Exchange တွေကို ပုံမှန်အတိုင်းသာ
ဆောင်ရွက်ပေးပါတယ်။ Wi-Fi ကတော့ ပါဝါသုံးပြီး မြင့်မားတဲ့ Data Exchange
တွေနဲ့
ကူးပြောင်းခြင်းတွေကို ပြုလုပ်ပေးပါတယ်။ တစ်ခု ကြည့်ရမှာက Bluetooth တွေက Sharing လုပ်နေသူရဲ့ personal Data တွေကို လုံခြုံမူ မရှိစေပါပဲ။ Wi-Fi ကတော့ လုံခြုံမူတွေ ရှိနေပါတယ်။
Wi-Fi တွေကို 2.4GHz နဲ့ 5GHz ကြားတွင် ထုတ်လွှတ်အသုံးပြုတတ်ကြပြီး ဖုန်းတွေမှာပါတဲ့ WLAN ရဲ့ အရှည်ကတော့ ( Wireless Local Aera Network )ဖြစ်ပါတယ်။ အမြန်နှုန်းအနေနဲ့ 2.4GHz တွင် 1-2Mbps ရှိပြီး 5GHz တွင်ဆိုရင် 54Mbps ရှိပါတယ်။ Wi-fi ကို အမေရိကန် အစိုးရပိုင်းကပဲ စတင်ထွင်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ ကော်မတီတွေ စတင်ဖွဲ့ခဲ့ကာ ၁၉၉၉ နဲ့ ၂၀၀၂ မှာတော့ ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ နဲ့ Nokia, Motorola တို့နဲ့ပူးပေါင်းကာ Wi-Fi ထုတ်လွှတ်စမ်းသပ်ခြင်းတွေ ပြုခဲ့ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ Wi-Fi Trademark တွေကို ဖုန်းမှာ တံဆိပ်ရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါတယ်။ ယခုဆိုရင်တော့ (၅၀၀) ထက် ပိုတဲ့ ကုမ္ပဏီတွေက အသုံးပြုနေကြပါတယ်။
Wi-Fi နဲ့ Bluetooth မှာ Wi-Fi က router ကတစ်ဆင့် ရေဒီယိုလိုင်းတွေကို ဖမ်းပြီး ပြန်လွှင့်ပေးကာ Device တစ်ခုနဲ့တစ်ခု အင်တာနက်သုံးစေနိင်ခြင်း၊ အချက်အလက်တွေ စီးဆင်းစေနိင်ခြင်းကို ပြုလုပ်ပေးပြီး
Bluetooth ကတော့ Device တစ်ခုနဲ့တစ်ခု တိုက်ရိုက်ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ထိုသို့ပေးပို့ရာတွင်လည်း encoding , decoding, Acknowledge တွေကိုသုံးပါတယ်။ ပေးပို့လိုက်တဲ့ အရာတွေကို Wireless Singanal ကနေတစ်ဆင့် သွားပါတယ်။ ၀ှက်စာနဲ့ သင်္ကေတတွေကို ပို့ပြီး လက်ခံတဲ့ Device့ လည်း ဒါကို ပြန်ပြီး ၀ှက်စာဖော်ပါတယ်။ ပြီးမှာ ပြန်ဖော်ပြပေးတာမျိုး ဖြစ်ပါတယ်။
Credit to SmartPro Journal
Aung Min han