5/09/2014

Sony က Xperia ZL2 ကို ဂျပန် တွင် ကြေညာ

Photo: Sony က Xperia ZL2 ကို ဂျပန် တွင် ကြေညာ
=========================

Sony က Xperia ZL2 ကို ဂျပန်တွင် ကြေညာလိုက်ပြီး ဘေးဘောင်များ ကို သေးငယ်စေရန် ပြုလုပ်ထားပါသည်။ ပထမမျိုးဆက် ဖြစ်သည့် ZL ကဲ့သို့ပင် ငါးလက်မ 1080p Display တပ်ဆင်ထားပါသည်။ 

Qualcomm Snapdragon 2.3GHz Quad-Core Processor နှင့် 3GB RAM ပါရှိပါသည်။ 32GB Internal Storage နှင့် 128GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ ZL2 တွင် Android 4.4 KitKat နှင့် Sony ၏ Xperia UI ကို တွဲဖက် အသုံးပြုထားပါသည်။ 

Xperia ZL2 သည် သူ၏ နောင်တော်ထက် အနည်းငယ် ကြီိးမားပြီး အရှည် ၊ အကျယ် နှင့် အထူ မှာ 137 x 72 x 10.8mm ဖြစ်ပါသည်။ ပထမမျိုးဆက် ၏ အရွယ်အစား မှာ 131.6 x 69.3 x 9.8 mm ဖြစ်ပါသည်။ Xperia ZL2 သည် ZL ထက် ၁၆ ဂရမ် ပိုမိုလေးပြီး ၁၆၇ ဂရမ် အလေးချိန် ရှိပါသည်။ 

Xperia ZL2 ၏ အနောက်ဘက်တွင် Xperia Z2 မှာကဲ့သို့  20.7 MP Camera တပ်ဆင်ထားပြီး 4K Video(3840x2160) များ ရိုက်ကူးနိုင်ပါသည်။ 3000mAh Battery ကို ဖြုတ်၍မရအောင် အသေတပ်ဆင်ထားပါသည်။ WiFi 802.11ac , Bluetooth 4.0 , NFC တို့ အသုံးပြုနိုင်ပါသည်။ ZL2 ကို အနက်၊ စိမ်းပြာ နှင့် အဖြူရောင် ထုတ်လုပ်ပေးထားပါသည်။ ဂျပန်တွင် စတင် ရောင်းချမည် ဖြစ်ပြီး အခြား နိုင်ငံများတွင်လည်း မကြာမီ ရောင်းချမည် ဖြစ်သည်။

Xperia ZL2 ၏ Promo Video ကို အောက်ပါလင့် တွင်ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?feature=player_embedded&v=dCDUky7ycVs

သူရ

Sony က Xperia ZL2 ကို ဂျပန်တွင် ကြေညာလိုက်ပြီး ဘေးဘောင်များ ကို သေးငယ်စေရန် ပြုလုပ်ထား ပါသည်။ ပထမမျိုးဆက် ဖြစ်သည့် ZL ကဲ့သို့ပင် ငါးလက်မ 1080p Display တပ်ဆင်ထားပါသည်။

Qualcomm Snapdragon 2.3GHz Quad-Core Processor နှင့် 3GB RAM ပါရှိပါသည်။ 32GB Internal Storage နှင့် 128GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ ZL2 တွင် Android 4.4 KitKat နှင့် Sony ၏ Xperia UI ကို တွဲဖက် အသုံးပြုထားပါသည်။

Xperia ZL2 သည် သူ၏ နောင်တော်ထက် အနည်းငယ် ကြီိးမားပြီး အရှည် ၊ အကျယ် နှင့် အထူ မှာ 137 x 72 x 10.8mm ဖြစ်ပါသည်။ ပထမမျိုးဆက် ၏ အရွယ်အစား မှာ 131.6 x 69.3 x 9.8 mm ဖြစ်ပါသည်။ Xperia ZL2 သည် ZL ထက် ၁၆ ဂရမ် ပိုမိုလေးပြီး ၁၆၇ ဂရမ် အလေးချိန် ရှိပါသည်။

Xperia ZL2 ၏ အနောက်ဘက်တွင် Xperia Z2 မှာကဲ့သို့ 20.7 MP Camera တပ်ဆင်ထားပြီး 4K Video(3840x2160) များ ရိုက်ကူးနိုင်ပါသည်။ 3000mAh Battery ကို ဖြုတ်၍မရအောင် အသေတပ်ဆင်ထားပါသည်။ WiFi 802.11ac , Bluetooth 4.0 , NFC တို့ အသုံးပြုနိုင်ပါသည်။ ZL2 ကို အနက်၊ စိမ်းပြာ နှင့် အဖြူရောင် ထုတ်လုပ်ပေးထားပါသည်။ ဂျပန်တွင် စတင် ရောင်းချမည် ဖြစ်ပြီး အခြား နိုင်ငံများတွင်လည်း မကြာမီ ရောင်းချမည် ဖြစ်သည်။

Xperia ZL2 ၏ Promo Video ကို အောက်ပါလင့် တွင်ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?feature=player_embedded&v=dCDUky7ycVs

သူရ

Myanmar Digital Life Journal





<<< ကူညီတဲ့အနေနဲ့အောက်မှာ Click တစ်ချက်လောက်နှိပ်ခဲ့ပေးပါဦးနော် ။ ဘေးနှစ်ဖက်မှကြော်ငြာများကိုလည်း Click နှိပ်ခဲ့ပါဦး။ >>>