ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့- - သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။ - လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ - စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။
ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။ - စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။ အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။ ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ်ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။
နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။
ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။ လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။ ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒါကို SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/YrtANPtnhyg
Ref;smat pro journal
Thihahtike
09-73151297
thihahtike.it@gmail.com
Welcome From My Blog
Welcome From My Facebook Page
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။