Metal Gear: Outer Heaven Part 2 ဂိမ်းဟာ Metal Gear MSX ဇာတ်လမ်းကိုပြန်လည်ဆန်းသစ်ပြီးဂိမ်းအသွင်
ဖန်တီးထားတဲ့ တိုက်ခိုက်ရေးဂိမ်းတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဇာတ်လမ်းကိုကြိုက်နှစ်သက်သလိုပဲ ဂိမ်းဝါသနာ
ရှင်တွေကြိုက် နှစ်သက်မယ့်ဂိမ်းတစ်ပုဒ်ဖြစ်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ကမ္ဘာ့အပြင်ဘက်အာကာသ
ဟင်းလင်းပြင်ထဲမှာ ရန်သူတွေ နဲ့အပြင်းအထန်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ အာကာသဟင်းလင်းပြင်ကြီးထဲ
မှာ ရန်သူတွေပတ်လည်ဝိုင်းအောင်တိုက်ခိုက်ခံရ နိုင်ပြီး ဘယ်နေရာကမှန်းမသိပေါ်လာတဲ့ ရန်သူတွေကို
ချေမှုန်းနိုင်အောင် သွက်သွက်လက်လက်ပစ်ခတ်နိုင်ဖို့လိုပါတယ်။ နောက်ပြီး အပေါ်ကနေ ထူးဆန်းတဲ့ယာဉ်
ပျံကြီးရဲ့ တိုက်ခိုက်မှုကိုလည်း လွတ်အောင်ရှောင်နိုင်ဖို့လိုပါတယ်။ မည်းမှောင်နေတဲ့ပတ်ဝန်းကျင်ထဲမှာရန်
သူတွေရဲ့အပစ်အခတ်ကိုရှောင်ပြီး ကိုယ်ကဦးအောင်ပစ်ခတ်နိုင်မှအနိုင်ရရှိမှာဖြစ်ပါတယ်။ သင်က ပြောက်
ကျားဝတ်စုံဝတ်ဆင်ထားတဲ့ သင့်ရဲ့ဇာတ်ကောင်ကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ရန်သူတွေနဲ့
တိုက်ခိုက် ရာမှာ သေနတ်နဲ့တရစပ်ပစ်ခတ်တာ၊ မြေကြီးပေါ်ဝပ်ပြီးရန်သူတွေကိုရှောင်ကွင်းသွားတာ၊လေ
ထီးနဲ့ခုန်ချတာတွေပြုလုပ်ကာ ဖြင့် စွန့်စားမှုတွေအများကြီးကိုပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလို စိတ်လှုပ်ရှားစ
ရာကောင်းတဲ့ တိုက်ခိုက်ရေးဂိမ်းကိုကစားချင် တဲ့သူတွေအတွက် Android 2.0.1နဲ့ အထက်တွေမှာကစားနိုင်
ပါတယ်။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။