4/12/2013

*** 2013 သကြားမင်းကြီး အမှာစာ ***


နေ့တိုင်းနည်းပညာ Post တွေကိုဘဲ တင်လိုက် မွှေလိုက် နဲ့ ကျွန်တော်လည်းငြီးငွေ့နေပါပြီ။ သူငယ်ချင်း
များလည်းငြီးငွေ့နေပြီလားမသိပါဘူး။ အဲဒါကြောင့် မနက်ဖြန်သင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ ဟသ လေးတစ်
ခုကို မျှဝေပေးလိုက်ပါတယ်ဗျာ။ သင်္ကြန်ရက်မှာတော့ ကျွန်တော် Post တင်နိုင်မှာမဟုတ်ပါဘူး။ ဘုန်းကြီး
ဝတ်မှာဆိုတော့ သင်္ကန်ကြီးနဲ့ အင်တာနက်သုံးနေလို့ မဖြစ်သေးဘူးလေ နှစ်ဆန်းတစ်ရက်နေ့ကနေစပြီး
Post ပြန်တင်ပေးပါ့မယ်။ ဒါပေမယ့်လည်း ဒီသင်္ကြန်ရက်ထဲမှာ ကျွန်တော့်ရဲ့ Admin ဆရာသမားများက
Post တင်ပေးနိုင်မှာပါ။ ကျွန်တော့် ဆိုဒ်ကတော့ အမြဲတမ်း Update ဖြစ်နေစေရပါမယ်။ ကဲဗျာ သင်္ကြန်မှာ
လူ့ပြည်ကိုလာမယ့် နတ်တစ်ပါးကို ခေတ်နဲ့အညီယာဉ်မောင်တန်းပြီး သကြားမင်းကြီးက ဘာတွေမှာနေ
လည်းဆိုတာကို ကြည့်လိုက်ပါဦးဗျာ။

*** 2013 သကြားမင်းကြီး အမှာစာ ***

ဟုတ်ကဲ့ အမှာစာဆိုတဲ့အတိုင်း သကြားမင်းကြီး တကယ်ကိုမှာနေပါတယ်။
လူ့ပြည်ကိုဆင်းမယ့် နတ်ကြုံရှိလို့ လိုအပ်သည်များကို
မှာကြားနေခြင်းဖြစ်ပါတယ်။ ကဲ .. သကြားမင်းကြီး ဘာတွေ မှာကြားနေလဲဆိုတာ နားထောင်ကြည့်ရအောင် ;)

အခုတလော ရေထဲစိမ်ပြလိုက်၊ ရေတွေလောင်းပြလိုက်နဲ့အတော်
ခေတ်စားနေတဲ့ Sony Xperia Z ဖုန်းတစ်လုံး ယူခဲ့ကွာ။ အိမ်း .. သင်္ကြန်အတွက် ဒီဖုန်းအသင့်တော်ဆုံးပဲ။ Google မှာ မြန်မာလို ဘယ်လိုအသုံးပြုရင် အဆင်ပြေလဲဆိုတာ လေ့လာခဲ့စမ်းဟေ့။
ဒါ အရေးကြီးတယ်။ ငါတို့လဲ ခေတ်နဲ့အညီ သုံးတတ်မှ တော်ကာကျမယ် မဟုတ်လား။
၁၅၀၀ တန်ဖုန်းကဒ်သတင်းတွေလဲ သေချာလေ့လာမှတ်သားခဲ့စမ်း။
ဖုန်းအရမ်းလိုချင်တဲ့ တစ်ဖက်(၅၀၀)သော နတ်မိမယ်တွေကို တစ်ပါးတစ်လုံးဆီ ပေးပစ်လိုက်မယ်။ အော် မေ့နေတယ်ကြည့်စမ်း နတ်ပြည်နဲ့ငရဲပြည် ချိတ်ဆက်ထားတဲ့ cloud & underground ..
connection တစ်ချို့ ပြတ်တောက်နေတယ်ကြားတယ်။ သေချာ Fix လုပ်ခဲ့စမ်း။ တစ်လက်စတည်း ယမမင်းဆီသွားပြီးပြောလိုက်။ Data တွေ Upload မလုပ်တာကြာပြီလို့ Facebook မှာလဲ အမြဲ offline ကြီးပဲ ဖြစ်နေတယ်။ အလုပ်မအားလို့လား connection ..
မကောင်းလို့လား မေးခဲ့စမ်း။ connection မကောင်းရင်လဲ နတ်ပြည်ကနေ wifi ကို sharing လုပ်ပေးမယ် ပြောလိုက်။ information က ပြတ်လို့မရဘူး။ သင်္ကြန်ပြီးရင် အလုပ်က ရှုပ်တော့မှာဆိုတော့ သေချာ ပြင်ဆင်ထားလို့
ပြောလိုက်။

ဘာလဲ နှမတော် .. အော်အေး ဟုတ်သား မေ့နေတယ် ကြည့်စမ်း။

ဟေ့ .. swift တစ်စီးပုံတူကို နတ်မျက်စိနဲ့ scan ဖတ်ခဲ့စမ်းကွာ .. ဒါမှ ဒီမှာပြန်ပြီး ပုံဖော်လို့ရမယ်။ Swift , Fit , Vitz .. အို အစုံဖတ်ခဲ့ကွာ။ အဲ့ကားလေးတွေ မဆိုးဘူး။ ဒါနဲ့ ငါတို့ နတ်ပြည် server တွေ Link တွေ ဖောက်နေတယ်ထင်တယ် .. လူ့ပြည်မှာ ..
ခုချိန်ထိ မိုးမရွာသေးဘူးဆို။ ဒီအချိန် လူ့ပြည်မှာ ပိတောက်တွေ ဝေနေရမှာပဲ။
အေး အဲ့ဒါတွေကိုလဲ သေချာလိုက်စစ်သွားစမ်း။ အဆင်ပြေရင် သင်္ကြန်မိုးရွာနိုင်အောင် raining season ကို မြန်မြန် download ချပေးရမယ်။ နောက်ပြီး ငါ့ကျောက်ဖြာမှာ တပ်ထားတဲ့ sensor က upgrade လုပ်ဖို့လိုအပ်နေပြီ။ တစ်ချို့ကိစ္စတွေ ငါမသိရဘူးဖြစ်နေတယ်။

အခုခေတ်စားနေတဲ့ NFC (Near Field Communication) ကိုလဲ သေချာလေ့လာခဲ့စမ်း။ ဒါမှ ငါတို့နတ်တွေ အချင်းချင်း Data အပြောင်းလဲ မြန်ဆန်သွားမယ်။ ဒါနဲ့ IT Department က
web developer နတ်တွေကိုပြောလိုက်စမ်း။ တာဝတိံသာအတွက် သီးသန့် Social Network website တစ်ခု ထောင်ချင်တယ်။ website နာမည်ကို Nattbook လို့ပေးခိုင်းလိုက်။ အင်း သင်္ကြန်ပြီးရင် ငရဲပြည်ကနေ video တွေ upload အများကြီးတင်လာမှာဆိုတော့ ငရဲဗိုင်းရပ်စ်၊ ငရဲဝဲ၊ ငရဲစပိုင်ဝဲ တွေ မ၀င်လာမိအောင် antihell version ကို update လုပ်ဖို့မမေ့နဲ့။
ကဲ .. ဒီလောက်ပဲ .. လိုအပ်တာရှိရင် ငါ မင်းဆီကို ဖုန်းဆက်မယ်။ မနှစ်ကလို ငါ့ call တွေကို Block လုပ်ထားမယ်မကြံနဲ့။ လူ့ပြည်မှာ ငါ့ရဲ့ multi natt cam တွေ အများကြီးရှိနေတယ်ဆိုတာ မင်းသဘောပေါက်ထား။
အေး ဒါပဲ ဆင်းတော့။

***********************

ဤသည်ကား သကြားမင်းကြီး 2013 ခုနှစ်တွင် မှာကြားခဲ့သော အမှာစာကြီး
ဖြစ်လေတော့သတည်း။ ဤအမှာစကားပြောကြားနေသည်ကို ကျွန်တော် ..
မောင် AD တစ်ယောက် ဘေးအိမ်က wifi ကို Hacking လုပ်ရင်း တာဝတိံသာ wifi နဲ့လိုင်းငြိကာ နေရင်းထိုင်ရင်း ကြားသိလိုက်ရသောကြောင့် ရေးသားဖော်ပြလိုက်ပါသည် :P

အားလုံးသော ကျွန်တော့် ဘော်ဒါများ နှစ်သစ်မှာ အတာရေနဲ့အတူ ..
အေးမြကြည်လင်သော ပျော်ရွှင်မှုများကို ခံစားရပါစေလို့ ဒီပို့စ်လေးနဲ့အတူ ကျွန်တော်တို့ Happyandroidworld မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။