ကျွန်တော် ပြည့်ဖြိုးရဲ့ ဆိုဒ်မှာ ဒီ Post လေးကို တင်ချင်လို့ ကိုပြည့်ဖြိုးရဲ့ဆိုဒ်ကနေ
ပြီး မလာတာပါဗျာ။ ကိုပြည့်ဖြိုး ကတော့ ဘယ်ကနေမလာမှန်းမသိဘူးဗျ။ ဟဲဟဲဟဲ နည်းနည်းတော့
မျက်စိမလည်သွားနဲ့နော်။ မူရင်း Post ပိုင်ရှင်ကို မသိလို့ Credit မပေးမိတာ ခွင့်လွတ်ပါနော်။ ကဲဗျာ
Root လုပ်နည်းကိုတော့ အောက်မှာ ပုံနဲ့တကွအသေးစိတ်ရှင်းပြပေးထားပါတယ်နော်။  
Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။
 No.1 အရင်ဆုံးဖုန်းကိုပါဝါပိတ်လိုက်ပါ ၅စက္ကန့် ၁၀ စက္ကန့်လောက်ကြာရင် volume
 down + home+ power သုံးခုလုံး တွဲပြီးနှိပ်လိုက်ပါ။ 
အောက်ကလိုပုံလေးတတ်လာမှာပါ။
ခုလိုပုံလေးတတ်လာပြီဆိုရင်တော့ volume up ကိုနှိပ်ပေးလိုက်ပါ။ downloading mode ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ 
ဒေါင်းထားတဲ့ဖိုင်လေးထဲက  Galaxy Note 2 Root ဖိုင် လေးထဲ Odin3 v1.85.exe ကို  Run ပေးလိုက်ပါ။
 phone ကိုကွန်ပျူတာက သိနေတယ်ဆိုရင် id:com လေးမှာ အ၀ါရောင်လေး 
ဖြစ်နေမှာပါ။ ပြီးလျှင် ဒေါင်းထားတဲ့ဖိုင်ထဲက cwm6-root-note2.tar 
ဖိုင်လေးကို PDA ဆိုတဲ့နေရာလေးမှာထည့်ပေးလိုက်ပါ ဆိုလိုတာကတော့ pda 
ကိုနှိပ်လိုက်ပြီး cwm6-root-note2.tar သွားရွေးခိုင်းလိုက်တာပါဗျာ။ 
တခြားဘာ odin က ဘာဆက်တင်မှာ အပြောင်းအလည်းမလုပ်ရပါဘူး
root ချမယ်ဆိုရင်တော့ Odin မှ start ကိုသာ နှိပ်လိုက်ပါ။ odin မှာ pass 
ဆိုတာလေးပေါ်လာရင် အောင်မြင်ပါပြီ။ စောင့်လိုက်ပါ ဖုန်းပေါ်မှာ run 
နေတာမြင်နေရမှာပါ ဖုန်းနဲ့ကွန်ပျူတာချိတ်ထားတဲ့ကြိုးကိုမဖြုတ်ပါနဲ့အုံး  
ဖုန်းပါဝါတတ်လာတဲ့အထိစောင့်ဆိုင်းပေးပါခင်ဗျာ။
ဖုန်းတတ်လာရင်တော့ super man အရုပ်ကလေးနဲ့ SuperSu လေးပေါ်လာပါပြီဖြစ်လို့ 
ဖုန်း root အောင်မြင်သွားပါပြီး သူငယ်ချင်းတို့လုပ်ချင်တာလုပ်လို့ရပါပြီခင်ဗျာ ကျေးဇူးတင်ပါတယ် 
ပြန်လည်မျှဝေပေးတာပါခင်ဗျာ။



