6/20/2012

KBG Archiver (File များကို အံ့မခန်း ချုံ့ပေးနိုင်သည်)


                       သူငယ်ချင်းတွေအားလုံး စိတ်ဝင်စားနေကြတဲ့( Highly Compress ) အံ့မခန်းဖွယ် File
တွေကိုချုံ့ပေးနိုင်တဲ့ Software လေးကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီဗျာ။ ရှာတွေ့ထားတာတော့ ကြာပါပြီ
သေချာအောင်စမ်းပြီးသုံးနေလို့အခုမှ ပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ကျွန်တော်တစ်ယောက်
တည်းစမ်းသုံးကြည့်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဘော်ဒါတွေကိုလည်း စမ်းသုံးကြည့်ဖို့ ပြောထားပါ
တယ်။ အားလုံးကလည်းအဆင်ပြေကြတယ်ပြောလို့ ကျွန်တော်သုံးတာလည်းအဆင်ပြေသွားလို့အခုလိုစိတ်
ချလက်ချမျှဝေပေးလိုက်ပါတယ်ဗျာ။
ဒီ Software လေးကတော့ ကျွန်တော်တို့လို Upload တင်တဲ့သူတွေ
အတွက် အကောင်းဆုံးဘဲဗျ။ ကြီးချင်သလောက်ကြီးတဲ့ File တွေ လာခဲ့ ဒါလေးနဲ့ ချုံ့ပြီး အေးအေးဆေး
ဆေး Upload တင်ပေးနိုင်ပါတယ်ဗျာ။ ဘယ်လောက်တောင် ချုံ့နိုင်လည်းဆိုရင်2GB 3GB လောက်ရှိတဲ့
File တွေကို 10MB လောက်ဘဲကျန်အောင်ချုံ့နိုင်လို့ပါဘဲ။ ဒါပေမယ့်အချိန်တော့စိတ်ရှည်ရှည်ထားပြီးပေး

ရပါတယ်ဗျာ။ ကျွန်တော်ချုံ့တာ 5နာရီ ၀န်းကျင်ကြာပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူရိုးစင်းပါ
တယ်။ အောက်က ပုံလေးကိုကြည့်ပါ။


 Step - 1   အပေါ်ဆုံးက Archive အကွက်မှာ မိမိပေးချင်တဲ့ File Name ပေးလိုက်ပါ။
 Step - 2   Archive Format မှာတော့ KGB ကိုရွေးပေးပါ။ Zip ကိုရွေးလည်းရပါတယ်။ KGB က ပိုပြီး ချုံ့
               နိုင်လို့ပါ။
 Step - 3   Compression Level မှာတော့ Maximun ကိုရွေးပေးပါ။
 Step - 4   Add File နေရာမှာတော့ မိမိချုံ့ချင်တဲ့ File ကိုရွေးပေးပါ။
 Step - 5   ပြီးသွားရင်တော့ Next ကိုနှိပ်ပေးပါ။ သင့်ရဲ့ File ကိုစတင်ချုံ့ပေးမှာဖြစ်ပါတယ်။
မှတ်ချက် ။            ။ အချိန်တော့ပေးနိုင်ရပါလိမ့်မယ်။

သူငယ်ချင်းများအားလုံးအောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRGMIrF0q1g5JJ_xquQZmw4tB5WNEimr0oA2LMPrd9tX1cy9t8UiMeh_nJf-355FnYXWffprVB4OpVGvuQaEq66juroADq5JomER8Cht8dYVO0UIQQdQMniJ9wGoAjIYqyqW6uefNJ9CI/s1600/1.Download+Here.gif