2/08/2012

မိမိကွန်ပြူတာက Drive တွေကို Icon ပြောင်းပြီး အလှဆင်မယ်






                       အခုတင်ပေးလိုက်တာလေးကတော့ ကွန်ပြူတာကို အလှဆင်လိုသူများ အမြင်ဆန်းစေ
ချင်သူများအတွက် တင်ပေးလိုက်တာပါ။ ဘယ်လိုလဲဆိုတော့ ဒီကောင်လေးက ကွန်ပြူတာမှာရှိတဲ့ Drive
တွေကို မြင်နေကြပုံစံမျိုးနဲ့ မဟုတ်ဘဲ အမြင်ဆန်းစေဖို့အတွက် မိမိတို့ လိုချင်တဲ့ Icon လေးတွေအဖြစ်
ပြောင်းလည်းပေးတဲ့ Software လေးဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း Drive C,D,E,F တွေကို နမူနာ
ပြောင်းပြီး တင်ပေးလိုက်ပါတယ်။ သူငယ်ချင်းတို့မှာလည်း ပြောင်းချင်တဲ့ Icon လှလှလေးတွေရှိရင် ကိုယ်
တိုင်ပြောင်းလို့ရပါတယ်။ သူ့ရဲ့အသုံးပြုပုံလေးကလည်းလွယ်ကူပါတယ်။ အနည်းငယ်ရှင်းပြပေးလိုက်ပါ
တယ်ဗျာ။
သူက Install လုပ်စရာမလိုပါဘူး။ ပထမဦးဆုံး ဒီကောင်လေးကို Double Click နှိပ်ပြီး Select Driver ကနေ ကိုယ်ပြောင်းချင်တဲ့ Drive လေးကို ရွေးပေးပါ။ ပြီးသွားရင် Browser for icon ကနေ ကိုယ်
နှစ်သက်တဲ့ Icon လေးကို ရွေးပြီး Change Icon လေးကို နှိပ်လိုက်တာနဲ့ Drive လေးက ကိုယ်လိုချင်တဲ့
Icon လေးအဖြစ်ပြောင်းသွားပါပြီ။ သူ့ရဲ့ မူလ ပုံစံ Drive အတိုင်းပြန်ထားချင်ရင်တော့ ပြောင်းချင်တဲ့ Drive လေးကို ရွေးပြီး Reset Icon လေးကို နှိပ်လိုက်တာနဲ့ မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
ဒီလောက်ဆိုရင်သုံးလို့အဆင်ပြေလောက်မယ်လို့ထင်ပါတယ်။ စိတ်ဝင်စားရင်အောက်က Link မှာဒေါင်းယူ
နိုင်ပါတယ်ဗျာ။ အားလုံးအဆင်ပြေကြပါစေနော်။