2/28/2012

Active Desktop Calendar



                     ဒီ Post လေးကိုတော့ သဘောကျလို့ မူရင်အတိုင်းဘဲ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။
မူရင်းရေးသားသူကတော့ MMiTD က ကျွန်တော့်ရဲ့ အကို ၊ ဆရာ ၊ ဘော်ဒါကြီး ဂျိုကာ (ခ) ကိုဇော်ကိုဦး
ကရေးသားထားတာဖြစ်ပါတယ်။ ကျွန်တော်သုံးကြည့်တာတော်တော်လေးကိုလန်းပါတယ်ဗျာ။ ဒီ Post လေး
ကိုတော့ MMiTD ကမန်ဘာဝင်တော်တော်များများသုံးပြီးနေလောက်ပါပြီ။ဒါပေမယ့် MMiTD ကအခြား
သောသူများမသုံးရသေးလို့ သုံးနိုင်အောင် ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။အောက်မှာကြည့်ကြပါဗျာ။


Active Desktop Calendar..... တဲ့.... သိပီးသားကြီးလားတော့ မပြောတတ်ဖူးဗျာ..... မသိသေးတဲ့လူတွေကတော့ ထင်မှာပဲဗျ.... ပြက0x081ခဒိန် ဆော့ဝဲလ်များ ကွန်ပျူတာရဲ့ Gadgets ထဲမှာ အလကားရှိနေတာကို အထူးအဆန်းလုပ်လို့ ဆိုပီး ထင်နိုင်ပါတယ်...

အဲ့ဒီလိုထင်မှာဆိုလိုး ဒီဆော့ဝဲလ်ရဲ့ အားသာချက်လေးတွေကို နည်းနည်းလောက် လေရှည်လိုက်ပါ့မယ်...

 1.ဒီဆော့ဝဲလ်လေးကို Desktop Calendar အနေနဲ့ အသုံးပြုလို့ ရပါတယ်... (နာမည်က Active Desktop Calendar ဆိုနေမှတော့ ပြောစရာမလိုတော့အောင်ကို ရှင်းနေတာကို ထပ်လေရှည်မိပြန်ပီ ) 


 
2.ကျတော်တို့တွေ တခါတလေမှာ အရေးကြီးတဲ့ နေစွဲတွေကို မေ့မေ့နေတတ်ပါတယ် ..ဥပမာ-ချစ်သူမွေးနေ့ဆိုပါတော့ဗျာ..အခန့်မသင့်ရင် ရည်းစားဘ၀ကပါ ရပ်စဲခြင်းခံရနိုင်ပါတယ် အဲ့ဒီလိုမေ့ပီး မလိုလားအပ်တဲ့ပြဿနာတွေ မပေါ်လာအောင်လို့ အရေးကြီးတဲ့ နေ့စွဲလေးတွေနဲ့ အဲ့ဒီနေ့က ဘာနေ့ပါဆိုပီး တော့ ကွန်ပျူတာရဲ့ စကရင်ပေါ်မှာ မြင်သာအောင် လုပ်ထားလို့ရပါတယ်....ကွန်ပျူတာ စကရင်ပေါ်မှာ မျက်စိနောက်တယ်ထင်ရင်တော့ setting ထဲမှာ ၀င်ပီးတော့ ဖျောက်ထားလို့ရပါတယ်..အပေါ်မှာ ပုံလေးလည်း ပြထားပါတယ်..



3.တစ်နေ့တာရဲ့ လုပ်ဆောင်ရမဲ့ ကိုယ်ရဲ့လုပ်ငန်းတာဝန်တွေကို (ဘယ်အချိန်မှာ ဘယ်သူနဲ့ ချက်တင်..နောက်တယောက်နဲ့က ဘယ်အချိန် ......စသဖြင့် ) မေ့သွားမှာဆိုးလို့ software ရဲ့ Tasks ဆိုတဲ့နေရာလေးမှာ မှတ်စုအနေနဲ့ ရေးပီးတော့ စကရင်ပေါ်မှာ တင်ထားလို့ ရပါတယ်... ကိုယ်ပိုင် အတွင်းရေးမူးတစ်ယောက် ပိုက်ပိုက်မကုန်ပဲ ရတာပေါ့ဗျာ..အဲ့ဒီနေရာမှာ ကျတော် မြန်မာလို(zawgyi)နဲ့ ရမလားလို့ ကြည့်တော့ fonts ထဲမှာ Zawgyi-One ကို သွားတွေ့တယ်....ဒီ software လေးက တယ်ဟုတ်ပါလားဆိုပီး အတွေးတွေနဲ့ စမ်းပီးရိုက်ကြည့်တော့ မြင်ရတယ်ဗျာ ???????????????????? ဆိုပီးတန်းစီပီးတော့လေ...အဲ့ဒီလိုဖြစ်မှပဲ မြန်မာစာ (zawgyi) ကို လက်လျှော့လိုက်ရတယ် .. အောက်မှ ပုံလေးပါ ပြထားပါတယ်.



4. ကျတော်လို  ဖုန်းနံပတ်တွေကို  ဖုန်းထဲမှာပဲ  အလွယ်တကူမှတ်သားထားပီး   တခါတလေ  အကြောင်းအမျိုးမျိုးကြောင့်  ဖုန်းပျက်စီး  ပျောက်ဆုံး  သွားတဲ့အခါမှာ  အရေးကြီးတဲ့ ဖုန်းနံပတ်တွေပါ  တခါတည်း ပျောက်ဆုံးသွားပါတယ်..ကိုယ်တိုင်ကလည်း  ကိုယ့်ဖုန်းနံပတ်တောင်  အလွတ်ရတာ  မဟုတ်တော့  ပီးရောပဲ    ..   ကျတော့လို   လူမျိုးတွေနဲ့  မိမိရဲ့  ကွန်ပျူတာထဲမှာပဲ  ဖုန်းနံပတ်  ၊  လိပ်စာ ၊ မေလ်း ..အစရှိတာတွေကို  မှတ်သားလို့ရအောင်  contact ဆိုတဲ့နေရာလေးမှာ  ၀င်ပီး   အချက်အလက်တွေကို  မှတ်သားထားနိုင်ပါသေးတယ်..


5. Desktop အပေါ်ကို ပုံလေးတွေတင်ချင်တဲ့လူတွေအတွက် ဒီဆော့ဝဲလ်ထဲကနေ တဆင့် ကိုယ်ကြိုက်သလောက် အရွယ်အစားရွေးပီး desktop ပေါ်ကို တင်လို့ရပါသေးတယ်...

Active Desktop Calendar လေးကို ဒီလောက်ဆိုရင်တော့ သဘောကျမယ်ထင်တာပါပဲ..ဖိုင်ဆိုဒ်ကတော့ 4 MB ပဲရှိပါတယ်.. ဆော့ဝဲလ်ကို  အသုံးပြုရအဆင်ပြေအောင်      ဖိုင်ထဲမှာ keygen လေးပါ တခါတည်းပေးထားပါတယ်......

ကျတော် လေရှည်နေတာနဲ့ လိုရင်းကိုခုမှရောက်တယ်...လိုချင်တဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးအတွက် အောက်မှာ ဒေါင်းလော့လင့်လေးတွေပေးထားပါတယ် ..၀င်ပီး အားပေးသွားကြပါအုံး ...


mediafire       ၊      ifile