1/14/2012

Windows xp,Vista and 7 Right Click မှာ Function ထပ်ဖြည့်နည်း




          ဘလော့မိတ်ဆွေများအတွက် အခုကျနော်တင်ပြပေးမည့် နည်းလမ်းလေးကတော့ ကိုယ်ပိုင် ကွန်ပျူတာအ သုံးပြု နေတဲ့မိတ်ဆွေ များအတွက် အရမ်းအသုံးဝင်တဲ့နည်းလမ်းလေးပါ. ဒါကတော့ FileMenu Tools 6.0.1 လို့ ခေါ်တဲ့ မိမိတို့ ကွန်ပျူတာ desktop ပေါ်မှာ Right Click အတွင်းမှာ မိမိတို့ အလိုရှိရာ program software တွေကို ထည့်သွင်း အသုံးပြုနိုင်တဲ့ နည်းလမ်းလေးဘဲဖြစ်ပါတယ်. အသုံးပြု ထည်းသွင်းနည်းကို ကျနော် အောက်မှာ ပုံလေးတွေနှင့် အနီးစပ်ဆုံးရှင်းလင်းဖေါ်ပြပေးသွားပါမယ်.

step | 1 | ကျနော်ပေးထားတဲ့ FileMenu Tools 6.0.1 ကို မိမိတို့ ကွန်ပျူတာထဲမှာ RUN လိုက်ပါ။ download link ကအောက်ဆုံးမှာပါ...ပြီးရင် အပေါ်ကပုံလေးအတိုင်း တွေ့ ရပါလိမ့်မယ်.

step | 2 | မိမိတို့ Desktop ပေါ်မှာ Right Click ခေါ်ကြည့်လိုက်ရင် အောက်ကပုံလေးအတိုင်း FileMenu Tools လေးကိုတွေ့ ရပါလိမ့်မယ်. ( အောက်ပုံ - )


step | 3 | ဒီအဆင့်မှာတော့ မိမိတို့ ထည့်သွင်းချင်တဲ့ software တွေကိုထည့်သွင်း နည်းဖြစ်ပါ တယ်. FileMenu Tools software လေးကို ဖွင့်လိုက်ပြီး အောက်ကပုံလေးအတိုင်း အဆင့်လိုက် Click ပေးသွားလိုက်ပါ။

step| 4 | အောက်ကပုံလေးအတိုင်းပေါ်လာရင် properties / program properties / program ကို ဘေးက အကွက်လေးမှာ click တစ်ချက်ပေး လိုက်ရင် browser သင်္ကေတ လေးဒေါင့်ကွက်လေးပေါ်လာပါ လိမ့်မယ်. အဲဒီကတဆင့် မိမိတို့ ထည့်သွင်းချင်တဲ့ software ကိုကွန်ပျူတာထဲမှာ ရှာပြီးထည့်ပေးလိုက်ပါ.( .exe ကိုရှာပြီး ထည့်ပေးရင် ပိုကောင်းပါတယ် )။ပြီးရင် properties/ General / Menu Text မှာ မိမိတို့ ထည့်သွင်းလိုက်တဲ့ software အမည်ကိုပေးလိုက်ပါ။ ( အောက်ပုံ- )

step | 5 | ဒီလောက်ဆို အဆင်ပြေလောက်ပြီထင်ပါတယ်. အားလုံးပြီးသွားရင် software ကိုပိတ်လိုက် ပါ. Yes ( or ) No ( or ) Cancel ပေါ်လာရင် Yes ပေးလိုက်ပါ။

step | 6 | ပြီးပါပြီ။ မိမိတို့  desktop ပေါ်မှာ Right Click ဖွင့်ပြီးကြည့်လိုက်ရင် step | 2 | မှ ပုံလေးအတိုင်းတွေ့  ရပါလိမ့် ။

မှတ်ချက်။ ။ မူလ software မှာပါဝင်တဲ့ function တွေကို မလိုအပ်ပါက သူ့ ဘေးက အမှန်ခြစ်ကို ဖြုတ်ပစ်ပြီး ဖယ်ရှားလို့ ရပါတယ်။ အောက်မှာ download ယူလိုက်ပါ...





ဒါလေးကို ကိုအာကာဖြိုးထံမှာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။