1/30/2012

Window တက်တာမြန်စေမယ့် Hijack This


                   ရှိပြီးသား မိတ်ဆွေများ တော့ သည်းခံပေးပါနော် ကွန်ပျူတာကိုဖွင့်လိုက်တယ်။ Desktop
တော့မြင်နေရပြီ။ ဒါပေမဲ့ pointer က သဲနာရီနဲ့ Busy ဖြစ်နေတယ်။ Screen ညာဘက်အောက်ထောင့်က System Tray area မှာ startup program လေးတွေက တစ်ခုပြီးတစ်ခု ပေါ်လို့ မဆုံးနိုင်ဘူး။ စောင့်ရတာ
လည်း စိတ်မရှည်တော့ဘူး။ အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ Hijack This ဆိုတဲ့ program လေးရှိပါတယ်။ install လုပ်စရာမလိုဘူး။ တန်းသုံးရုံပဲ။ သူက ကွန်ပျူတာဖွင့်ဖွင့်ချင်း run တဲ့ program တွေ၊ Browser
တွေမှာ အပိုဖြစ်နေတဲ့ Toolbar သို့မဟုတ် BHO (Browser Helper Object) တွေကို ရှင်းလင်းပေးပါတယ်။ တကယ်ကောင်းပါတယ်။ သုံးနည်းကတော့ သူ့ကို ဖွင့်ပါ။
Scan ကိုနှိပ်ပါ။ ထွက်လာတဲ့ list တွေထဲမှာမလို
အပ်ဘူးထင်တာတွေကို အမှန်ခြစ်ပေးပါ။ ပြီးရင် Fixed Checked ကို နှိပ်ပါ။ကွန်ပျူတာကို restart လုပ်ပါ။ အရင်တုန်းကလောက်တော့ မစောင့်ရတော့ဘူးပေါ့။ ကဲဗျာဒီလောက်ဆို သုံးရတာအဆင်ပြေလောက်ပြီထင်
ပါတယ်။ အသုံးတည့်မယ့် Software လေးပါ။ အောက်က Link မှာယူကြပါဗျာ။ အားလုံးဘဲအဆင်ပြေကြပါ
စေနော်။