"ဆုရရှိသူကို ကျွန်တော်တို့ ဆုရရှိမှုအတွက် ဂုဏ်ပြုကြောင်း message နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ပို့ပေးပါတယ်။ မဲပေါက်တဲ့သူက ကျွန်တော်တို့ဆီကို ဖုန်းနဲ့ ဆက်သွယ်လိုက်ရုံပါပဲ။ တကယ်လို့ မဆက်သွယ် ခဲ့ရင်တော့ ဆုအတွက် အခြားတစ်ယောက်ကို ရွေးချယ်သွားမှာပါ။ QuickDraw ကို အသုံးပြုပြီး ဆုတွေကို ရယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု Acro-quest Myanmar Techno-logy Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
QuickDraw App ကို မိမိတို့၏ Facebook အကောင့်ဖြင့် အလွယ်တကူ Log in ဝင်ရောက် အသုံးပြုရမည်ဖြစ်ပြီး Facebook တွင် Check-in ပြုလုပ်သကဲ့သို့ မိမိရောက်ရှိသည့် နေရာတိုင်းတွင် Check-in ပြုလုပ်၍ ပွိုင့်များရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ မိမိ သွားရောက်သည့် အကွာအဝေးပေါ် မူတည်၍ ပွိုင့်များရရှိမည်ဖြစ်ပြီး ရရှိသည့်ပွိုင့်ဖြင့် မိမိကံစမ်းလိုသည့် ဆုအတွက် ကံ စမ်းမဲလက်မှတ်များ ဝယ်ယူကာ ကံစမ်းရမည်ဖြစ်ကြောင်း သိရသည်။
၎င်း App ကို Android OS စနစ်သုံး ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး iOS စနစ်သုံးအတွက် Application ကို မကြာမီ ဖြန့်ချိသွားမည်ဖြစ်သည်။ App ကို စမ်းသပ်သုံးစွဲလိုသူများနှင့် ဆုမဲ ကံစမ်းလို သူများအနေဖြင့် အောက်က Link မှာ Download ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။



