3/05/2013

ခေတ်နဲ့အညီ ဖြစ်ရပ်မှန် ဟာသ ၂၀၁၃ သင်္ကြန်စာ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCV_ljdUsTz4SJmwjeO_SuCyYpkYlpX8sMbz4FfUhWTVUfy-Fno2VN26Y4_2EXL-eC3tIfX6xpHclUd1Hx6D-JulYAETqLZDv-VHZzYvEBZw8LPEmzV61KXYYKVpOFVnq7uRip3Mj6jzuF/s1600/%25E1%2580%259E%25E1%2581%25BE%25E1%2580%2580%25E1%2581%25A4%25E1%2580%2594%25E1%2580%25B9%25E1%2580%2585%25E1%2580%25AC+--03.jpg

ကျွန်တော့ဆိုဒ်လေးကနည်းပညာဆိုဒ်လေးပါ။ နေ့စဉ် Software တွေချည်းဘဲ ဖတ်လိုက်ဒေါင်းလိုက်စမ်း
လိုက်နဲ့ ပျင်းနေမှာစိုးလို့ တစ်ခါတစ်လေမှာ စိတ်အပန်းပြေသွားအောင် ကျွန်တော် ခေတ်နဲ့အညီ ဖြစ်ရပ်
မှန် ဟာသ သင်္ကြန်စာလေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူငယ်ချင်းများအားလုံး ဘ၀အမောတွေပြေနိုင်
ကြပါစေဗျာ။
 ၂၀၁၃ သင်္ကြန်စာ
==========

သိကြားမင်းသည် ချယ်ရီဝက်ဂွန်ကိုစီး၍
နံပါတ်တုတ်ကို ကိုင်ပြီးလျှင် လူ့ ပြည်သို့ ကြွချီတော်မူ၏။
...
ဗြဟ္မာ့ ဦးခေါင်းသည် လက်ပံတောင်းမှ မအူပင်သို့ အပြောင်းအရွှေ့ ပြု၏။

နှစ်ကို သုံး စောင့်၏။
လကို ဂြိုလ်တု စောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
မြေကို ဦးပိုင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။

လူတို့ ၏အဓိပတိကား PSY။
ခြေလေးခုတို့ ၏ အဓိပတိကား ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား။
ငှက်တို့ ၏အဓိပတိကား ငှက်ဖျား။
သစ်ပင်တို့ ၏အဓိပတိကား ကြက်ဆူ။

ဤသက္ကရာဇ်ဝယ်
စာပေစိစစ်ရေးကင်းလွတ်ပြီးဖြစ်၍ အပြာစာအုပ်များပေါများလတ္တံ့ ။
မော်ဒယ်မမများ မှိုလိုပေါက်လတ္တံ့ ။

မြို့ တိုင်းတွင် ဆန္ဒပြပွဲများဖြင့် စည်ကားလတ္တံ့ ။
ဆန္ဒပြသူများအတွက် တူညီဝတ်စုံရိုက်နှိပ်ပေးသော စတေကာရိုက်လုပ်ငန်းများ စီးပွားဖြစ်လတ္တံ့  ။

နာမည်လေးလုံးနှင့်သမီးပျိုများ မြန်မာ့အလှမယ်ဖြစ်လတ္တံ့ ။
ထို အလှမယ်များကို အားပေးလွန်းကြသဖြင့် ကွန်ပြူတာ၊ကီးဘုတ်၊မောက်စ် ရောင်းသောဆိုင်များအလုပ်ဖြစ်လတ္တံ့ ။

လမ်းလျှောက်တတ်လျှင် လျှောက်တတ်သလို နာမည်ကြီးလတ္တံ့ ။
မလျှောက်တတ်လျှင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြခြင်းဖြင့် နာမည်ကြီးလတ္တံ့ ။

ဘီယာကုမ္ပဏီများ ၊အချိုရည်လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံ၍
ပြည်သူအများ အဖိုးနှုန်းချိုသာစွာဖြင့် သောက်ရလတ္တံ့ ။
နောက်ဆက်တွဲအကျိုးအနေဖြင့် နိုင်ငံခြားကံပါသူများ
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဆေးကုရလတ္တံ့ ။

မီးမလာ၍ မိုးနတ်မင်းကြီးထံဆုတောင်းရလတ္တံ့ ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများနီးလျှင် နိုင်ငံပိုင်စက်ရုံများ ရပ်နားရလတ္တံ့ ။
လျှပ်စစ်မီးရရန် ကူညီသောကြောင့် ထိုင်းနိုင်ငံက ကျေးဇူးတင်လတ္တံ့ ။
ဓာတ်ငွေ့ ပိုက်လိုင်းကြီးပြီးစီးတော့မည်ဖြစ်၍ တရုတ်ပြည်က ကျေးဇူးဆိုလတ္တံ့ ။

ဖုန်းကတ်ဖိုးများလျှော့ချပေးတော့မည်ဟု အိပ်မက်မက်လတ္တံ့ ။
ဆီးဂိမ်းအမီ အင်တာနက်မြန်နှုန်းတိုးတက်တော့မည်ဟု ကြားရလတ္တံ့ ။
လေးလနှင့်အပြီးဆောက်မည်ဟူသော ဂုံးကျော်တံတားကြီးမပြီးသေး၍ ကားများကြပ်လတ္တံ့ ။
တောင်သူလယ်သမားများ လယ်သိမ်းခံရ၍မြေယာမဲ့ ဖြစ်လတ္တံ့ ။
မြေယာမဲ့ ဖြစ်၍ ဆန္ဒပြလျှင် ကျူးကျော်ဟုစွပ်စွဲခံရ လတ္တံ့ ။
ကျူးကျော်ဟု သတ်မှတ်ပြီးလျှင် ပြည်သူ့ ရဲများက နံပါတ်တုတ်ဖြင့် ဆွမ်းကြီးလောင်းလတ္တံ့ ။