6/13/2017

♪ “Dual-Camera ခေတ်နဲ့ စမတ်ဖုန်းပေါ်က Pro Camera” ♫

Image may contain: phone

၂၀၁၇ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက် ရောက်တဲ့အချိန်မှာတော့ ဈေးကွက်ထဲကို အရည်အသွေးမြင့်စမတ်ဖုန်းတွေ အားလုံးရောက်ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ထူးခြားမှုတစ်ခုကို သွားတွေ့ရပါတယ်။ အဲဒါကတော့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိ လိုက်တဲ့စမတ်ဖုန်းတွေဟာ တည်ဆောက်မှုအပိုင်းလို့
ဆိုနိုင်လောက်တဲ့ hardware ပိုင်းမှာတင်မဟုတ်တော့ဘဲ ဖျော်ဖြေရေးဆိုင် ရာလို့ ဆိုနိုင်လောက်တဲ့ Camera ပိုင်းမှာ feature အသစ်တွေထည့်သွင်းလို့ ဆွဲဆောင်လာတာပဲဖြစ်ပါတယ်။ ၂၀၁၆ နှစ်လယ် ပိုင်းလောက်က
စပြီးတော့ Dual-Camera ပါတဲ့ စမတ်ဖုန်းတွေဈေးကွက်ကို အပြိုင်
အဆိုင်ဝင်ရောက်လာပါတယ်။ ဒါကိုနောက် ဆုံးထွက်စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S8 Plus, Huawei P10, LG G6 နဲ့ OPPO F3 Plus, Vivo တို့ကို ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။ သူတို့အားလုံးမှာ ကင်မရာ
လုပ်ဆောင်ချက်တွေဟာ မတူညီတဲ့ပုံစံတွေနဲ့ ပါဝင်လာခဲ့ပြီး အချို့
စမတ်ဖုန်းတွေဆိုရင် လတ်တလော Social website သုံးစွဲသူတွေကြားထဲမှာ ခေတ်စားနေတဲ့ selfie ရိုက်ကူးမှုကို အကောင်းဆုံး Pixel အရည်
အသွေးရယူနိုင်မယ့် အဆင့်မြင့်ကင်မရာတွေအဖြစ် ပါဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အားလုံးထဲမှာ ရှေ့တန်းအရောက် ဆုံးလို့ ပြောနိုင်တာ
ကတော့ Huawei လို့ဆိုနိုင်ပြီး၊ ကင်မရာလောကမှာ သက်တမ်းရှည်ကြာ
အောင်မြင်နေတဲ့ Luica နဲ့ပေါင်းပြီး Dual ကင်မရာဒီဇိုင်းလေးတွေ
အကောင်အထည်ဖော်နေလို့ပါ။ သူ့ကြောင့်ပဲ အရင်အချိန်တုန်းကဆိုရင်
ဖုန်းရဲ့ရှေ့ကင်မရာကို facetime လို့သတ်မှတ်ထားရာကနေ အခုဆိုရင် Perfect 'Selfie' လို့ပြောင်းလဲခေါ်ဝေါ်လာတဲ့အထိတောင် ဖြစ်လာပါပြီ။ အခု နောက်ဆုံးထွက် ဖုန်းတွေမှာဆိုရင်တော့ Selfie ရိုက်ကူးဖို့ ကင်မရာကိုတောင် Dual အဆင့်ထိ ထပ်မံတိုးမြှင့်ပေးထားပါတယ်
စမတ်ဖုန်းတွေမှာ ဓာတ်ပုံနဲ့ဗွီဒီယိုတွေကို အလွယ်တကူရိုက်ယူနိုင်တဲ့
ကင်မရာတွေပါဝင်နေတာဟာ ကျွန်တော်တို့ကို ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လိုအပ်တဲ့အချိန်မှာအသုံးပြုနိုင်တဲ့အတွက် အဆင်ပြေလှပါတယ်။ ဖုန်းထုတ်လုပ်သူတွေဟာ လည်း ကင်မရာကို စံတစ်ခုအဖြစ်သတ်မှတ်ကာ အဆင့်မြှင့်တင်ရင်း တဖြည်းဖြည်းတိုးမြှင့်လာခဲ့ကြတာ အတော်ခရီးရောက်ခဲ့ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းများတွင် Camera ကို VGA System မှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ VGA System ဆိုသည်မှာ အဖြူနှင့်အမည်း (Black & White)ကာလာ ၂မျိုးတည်းဖြင့်သာ မိမိတို့၏ဓာတ်ပုံများကို ရိုက်ကူးရရှိနိုင်ခြင်းဖြစ်ပါသည်။ နောက် ပိုင်းတွင် Phone Camera များ၏ ပုံရိပ်အရည်အသွေး (Image Quality)ကို Pixel များအဖြစ် သတ်မှတ်လာသည်ကို တွေ့ရသည်။
ကင်မရာတစ်ခု၏ ပုံထွက်အရည်အသွေးကောင်းမွန်မှုသည် ၎င်း၏ Pixel အရေအတွက်ပေါ်တွင် များစွာမူ တည်နေပါ သည်။ Pixel ပါဝင်မှုများလေ Resolution ကောင်းလေဖြစ်သည်။ Pixel အရေအတွက် များလာခြင်းဆိုသည်မှာ Pixel ၏ အရွယ်အစား ပိုမိုသေးငယ် သွားခြင်းကိုဆိုလိုသည်။ ဥပမာ-VGA(Only Black & Resolution လိုအပ်သော) Pixel တစ်ခု၏ အရွယ်အစားမှာ 5-6 Micro Meter မျှရှိပြီး 2.3 Mega Pixel Resolutionအတွက် Pixel တစ်ခု၏ အရွယ်အစားမှာ 2-3 Micro Meter မျှသာရှိရမည်ဖြစ်သည်။ ထို့ကြောင့်အရည်အသွေးကောင်းမွန်သော Image များရရှိနိုင်ရေးအတွက် Mega Pixel မြင့်မားသော Mobile Handset များကို ရွေးချယ်ဝယ်ယူသင့်ပါသည်။
စမတ်ဖုန်းကင်မရာ၏ အရည်အသွေးသည် ၎င်း Camera အတွက်
အသုံးပြုသော Image sensor (ပုံရိပ်အာရုံခံစနစ်) နည်းပညာပေါ်တွင်
လည်းမူတည်နေပါသည်။ လွန်ခဲ့သော ၂၅ နှစ်ခန့်ကပုံရိပ်များကို Electronic Form ဖြင့် ဖမ်းယူ (Capture) နိုင်ရန်အတွက် Charge-Coupled Devices (CCDs) Technologyတစ်ခုသာရှိခဲ့သည်။ CCDs Technology သည် ပုံထွက် အရည်အသွေး (Image Quality) မြင့်မားသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားသောကြောင့် Digital Device များဖြစ်သည့် PC Camera, Toys စသည့်ပစ္စည်းများတွင် အသုံးပြုနိုင်ခြင်းမရှိခဲ့ပေ။
စမတ်ဖုန်းကင်မရာတွေအတွက် နောက်ထပ်အရေးကြီးတာကတော့ Flash ပဲဖြစ်ပါတယ်။ Flash ဆိုတာကတော့ Camera မှဓာတ်ပုံကို Capturing လုပ်ရာတွင် ရုတ်တရက်လင်းလက်သွားသော တောက်ပသည့် အလင်းရောင်ကို ဆိုလိုပါ တယ်။ Photo များ၏ Resolution သည် Flash Technology ပေါ်တွင်လည်းမူတည်နေပါသည်။ Mobile Phone များတွင် ပထမဆုံးအသုံးပြုခဲ့သော Flash and LED (Light Emitting Diode)
များဖြင့် ပြုလုပ်ခဲ့ကြပါသည်။ LED Flash များ၏ အလင်းပြင်းအား (Light Intensity) သည် battery မှဆွဲယူသော Current နှင့် Light Pulse ပေါ်မူတည်နေသောကြောင့် Light Intensity ကောင်းလေ Power စားသုံးမှု
များလေဖြစ်ပြီး Battery ကို ကြာရှည်အသုံးပြုနိုင်ခြင်းမရှိပေ။ လွန်ခဲ့သော ၄-၅ နှစ်မှစတင်ပြီး Mobile Phone Camera များ၏ Resolution သည်
လျင်မြန်စွာတိုးတက်လာခဲ့ပြီး ဈေးကွက်အတွင်းရှိ Digital Still Camera (DSC)များ၏ စွမ်းရည်လောက်နီးနီးရှိလာခဲ့သည်။
စမတ်ဖုန်းကင်မရာများတွင် မိမိရိုက်ကူးသည့် ရာသီဥတုအခြေအနေ၊
အလင်းအမှောင်ကာလာများကို ရွေးချယ်အသုံးပြု နိုင်သည့် Function များ ပါဝင်လာကြောင်းတွေ့ရသည်။ အဓိကအားဖြင့် အရာအားလုံး အဆင်
သင့်ဖြစ်အောင် ချိန်ညှိပြီးသား အော်တိုစနစ်၊ ပုံရိပ်ကိုဒေါင်လိုက်(သို့)အလျားလိုက် (Portrait & Landscape Mode)မိမိနှစ်သက်ရာ ရွေးချယ်
ရိုက်ကူးနိုင်ခြင်း၊ ပုံရိပ်၏အလင်းအမှောင်ကိုချိန်ညှိနိုင်ခြင်း (Adjust)တို့ ဖြစ်ပါသည်။ ထို့အပြင် ညအခါ(သို့)အလင်းရောင်အားနည်းသော အချိန် အခါများတွင်လည်း Flash function ကိုလည်းအသုံးပြုနိုင်ခြင်း၊ camera ကို
မိမိနှစ်သက်ရာ Timer (3 Seconds, 5 Seconds, 10 Seconds) ပေး၍
ပုံရိပ်များကို Sequence အလိုက်ရိုက်ကူးနိုင်ခြင်းတို့ကိုလည်း
ပြုလုပ်နိုင်ကြောင်း တွေ့ရသည်။ ဒါ့အပြင် မိမိနှစ်သက်သော Colour Tone များကိုလည်း Camera Function ၏ Options တွင်ရွေးချယ်နိုင်ကြောင်း
တွေ့ ရသည်။ Multi-media Message (MMS) များအတွက်
အနိမ့်ဆုံး Resolution အထိ ပုံရိပ်အရည်အသွေးကို လိုအပ်သလို
ချိန်ညှိနိုင်ကြောင်း တွေ့ရသည်။
Dual ကင်မရာစမတ်ဖုန်းတွေနဲ့ပတ်သက်ပြီး လေ့လာမိသလောက်ပြောရ ရင် P10 မှာ 12MP RGB Sensor နဲ့ 20MP Monochrome Sensor 2 လုံးကိုအနောက်ဘက်မှာ ပူးတွဲတပ်ဆင်ထားတဲ့ ဒုတိယမျိုးဆက် Leica Dual Camera ပါပါတယ်။ RGB Sensor က အရောင်စုံ
ရိုက်ကူးပေးနိုင်ပြီး Monochrome Sensor က အသေးစိတ်ကျစွာ
ဖမ်းယူပေးပါတယ်။ Hybrid Zoom စွမ်းရည်ပါတဲ့အတွက် Leica အရည်အသွေးဓာတ်ပုံများကို Focal Length ကြီးကြီးဖြင့် ရိုက်ကူးပေးပါတယ်။ G6 မှာတော့ Normal နဲ့ Wide-Angle Camera 2 လုံးကိုအနောက်ဘက်မှာ
တပ်ဆင်ထားပေမယ့် 13MP သို့ အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့်
အလင်းဝင်ပေါက်နဲ့ Pixel အရွယ်အစားကတော့ တိုးတက်လာခြင်းမရှိပါဘူး။ အဓိက Camera မှာ Optical Image Stabilization နည်းပညာနဲ့ပိုမိုလျင်မြန်တဲ့ f/1.8 Aperture ပါတဲ့အတွက် ဓာတ်ပုံများကအရည်အသွေး
ကောင်းမွန်ပါတယ်။ Wide-Angle Camera မှာတော့ OIS မပါတဲ့အတွက် ကြည်လင်ပြတ်သားမှု အားနည်းနိုင်ပါတယ်။ iPhone 7 Plus Dual Cameras မှာဆိုရင်တော့ Zoom Shooting Mode အသစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ Telephoto Lens ကနေ ၂ ဆအထိ Optical Zoom
ဆွဲနိုင်ပြီး ၁၀ ဆအထိ Digital Zoom ဆွဲနိုင်ပါတယ်။
OPPO ကလည်းပါးလွှာတဲ့စမတ်ဖုန်းတွေမှာ ရုပ်ထွက်အရည်အသွေး
ကျဆင်းမှုမရှိစေတဲ့ 5x lossless zoom နည်းပညာ သစ်ကို ပထမဦးဆုံးအနေနဲ့ MWC မှာချပြမိတ်ဆက်ပေးခဲ့ပါတယ်။ OPPO ရဲ့ 5x Dual Camera Zoom စမတ်ဖုန်း နည်းပညာဟာ တခြားသော အပိုမှန်
ဘီလူးတွေတပ်ဆင်စရာမလိုဘဲနဲ့ စမတ်ဖုန်းတစ်လုံးပေါ်မှာ ရုပ်ထွက်
အရည်အသွေး ကျဆင်းမှုမရှိစေတဲ့ 5x lossless Zoom စနစ်ကိုပေးစွမ်းနိုင်စေမယ့် နည်းပညာပဲဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေကြတဲ့ dual-camera နည်းပညာကိုပဲ ပြန်လည်ပြုပြင်မွမ်းမံပြီး 5x zoom စွမ်းဆောင်
ရည်ကိုရရှိစေဖို့အတွက် လုံးဝအသစ် စက်စက်တည် ဆောက်မှုပုံစံကို မိတ်ဆက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ပုံရိပ်တွေဖမ်းယူနိုင်စေဖို့အတွက် မြင်ကွင်းကျယ် မှန်ဘီလူးနဲ့ အဝေးမြင်ကွင်းဖမ်းယူတဲ့မှန်ဘီလူး
စနစ် ၂မျိုးလုံးအတွက် အသုံးပြုနိုင်ပါတယ်။ Telephoto lens ကိုတော့ အဝေး မြင်ကွင်းတွေဖမ်းယူတဲ့အခါမျိုး မှာ အသုံးပြုကြတာဖြစ်ပါတယ်။
ဒါပေမယ့် သမားရိုးကျအတိုင်း မြင်ကွင်းတည့်တည့်မှာ မှန်ဘီလူး ကို
တိုက်ရိုက်ထည့်သွင်းတပ်ဆင်တဲ့စနစ်မျိုးထက် ဒီ telephoto lens ကို ၉၀ ဒီဂရီအချိုးမျိုးရအောင် ချိန်ညှိရယူထားတာဖြစ်လို့ ရေငုပ်သင်္ဘောတွေမှာသုံးတဲ့ periscope မှန်ဘီလူးနဲ့ ပိုပြီးဆင်တူစေပါတယ်။ ဒီလို periscope ပုံစံ
အလင်းစစ်ထုတ်ပေးတဲ့ prism ဟာ ကင်မရာထဲကိုဝင်ရောက်လာတဲ့
အလင်းလမ်းကြောင်းကို ၉၀ ဒီဂရီအထိ လမ်းလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ အခုလို လွှဲပြောင်းပေးလိုက်မှုကြောင့် အနီးကပ်မြင်ကွင်းဆွဲယူတဲ့အခါမှာ telephoto lens အတွက် နေရာရရှိသွားစေတာဖြစ်ပါတယ်။ ဘယ်လိုပဲ စမတ်ဖုန်းကင်မရာတွေရဲ့ နည်းပညာတွေတိုးတက်နေပါစေ ပရိုဖက်ရှင်
နယ်ကင်မရာတွေမှာလည်း အဆင့်မြှင့်တင်မှုတွေ လုပ်လာတာကြောင့်
နည်းပညာနဲ့ရုပ်ထွက်အရ ဝေးကွာနေဦးမှာတော့မလွဲပါဘဲ


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com