9/13/2016

♪ iPhone 7 ၀ယ်မယ်ဆိုရင် ဘယ်အရောင်တွေကိုရွေးသင့်လဲ ♫


စက်တင်ဘာလ (၇) ရက်နေ့တုန်းက Apple ဟာ iPhone မျိုးဆက်သစ်တွေဖြစ်တဲ့ iPhone 7 , iPhone 7 Plus တို့ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ စက်တင်ဘာ ၁၆ ရက်နေ့မှာစတင်ရောင်းချတော့မှာပါ။

iPhone 7 ၀ယ်ချင်သူတွေအတွက်ကတော့  အခါတိုင်းလို Rose Gold,Gold,Silver အပြင် အနက်ရောင်လို့သိထားကြတဲ့ Space Gray နေရာမှာ  အရောင်သစ် နှစ်မျိုးဖြစ်တဲ့ black (အနက်ရောင်) နဲ့ Jet Black (တောက်ပြောင်လှပတဲ့အနက်ရောင်) တို့  ထပ်တိုးလာတာကြောင့် ဘယ်အရောင်နဲ့ iPhone 7,7 Plus ကိုဝယ်ရမလဲဆိုတာ တော်တော်လေးဒွိဟဖြစ်နေကြတာတွေ့ရပါတယ် ။

iPhone 7 အတွက်ရရှိနိုင်မယ့် အရောင်တွေထဲမှာ လောလောဆယ် လူကြိုက်အများဆုံးဖြစ်နေတဲ့အရောင်ကတော့ Jet Black ပါပဲ။ Jet Black ဟာ သူနဲ့အတူတူထွက်ရှိလာတဲ့  Black (အနက်မှိုင်းရောင်) ထက် ပိုပြီး တောက်ပတဲ့ အရောင်အသွေးရှိပါတယ်။ Jet Black အရောင်နဲ့ iPhone 7,7 Plus တွေဟာအတော်လေးလှပတာကိုတွေ့ရပါတယ်။
အားနည်းချက်အနည်းငယ်တော့ရှိပါတယ်။ အဲဒါကတော့ Jet Black အရောင်ဟာ လှပပြီးဆွဲဆောင်မှုရှိပေမယ့် ယင်း Jet Black ဖုန်းတွေဟာ အမာတစ်ခုခု ၊ မာကျောတဲ့အမှုန် (ဥပမာ- သဲမှုန်) တွေနဲ့မကြာခဏပွတ်တိုက်မိမယ်ဆိုရင် အစင်းထင်တတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဒါက Jet Black အရောင်နဲ့ iPhone ကိုယ်ထည်ရဲ့အားနည်းချက်မဟုတ်ပါဘူး ။ အရောင်တောက်တောက်ပြောင်ပြောင်နဲ့ Polish တင်ထားတဲ့ပစ္စည်းတော်တော်များများဟာ ဒီလိုပဲဖြစ်တတ်ပါတယ်။
ဒါ့အပြင် Jet Balck အရောင်ဟာမှန်သားပြင်လိုဝင်းလက်တောက်ပနေတာကြောင့် ဖုန်းကိုယ်ထည်ပေါ်မှာ လက်ရာ ၊ လက်ဗွေရာအနည်းငယ်တော့ထင်ပါတယ်။ လှလှပပလေးကိုင်ချင်တဲ့သူဆိုရင်တော့ ခဏခဏပြန်သုတ်နေရမှာပေါ့။

“Jet Black iPhone 7 မှာ အရောင်အသွေးချောမွတ်မှုရရှိဖို့ အတွက် အဆင့်ကိုးဆင့်နဲ့  သတ္ထုပုံလောင်းခြင်း နှင့်အရောင်တင်ခြင်း လုပ်ရပါတယ်။ ဒီဖုန်းရဲ့ မျက်နှာပြင်ဟာ တစ်ခြား သတ္ထုတင်ထားတဲ့ Apple ထုတ်ကုန်တွေလိုပဲ မာကျော ပါတယ် ။ဒါပေမယ့်လည်း ဒီဖုန်းရဲ့ တောက်ပမှုဟာ သုံးတဲ့အခါ ပွတ်တိုက်မှုကြောင့် အနည်းငယ် အစင်းရာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ စိတ်ပူတယ်ဆိုရင် သင့်ရဲ့ အိုင်ဖုန်းကို ကာကွယ်ဖို့  ကာဗာတွေအများကြီးထဲက တစ်ခုခုကို သုံးဖို့ အကြံပြုပါတယ်။”  လို့ Apple ဟာ သူ့ ရဲ့ ဝက်ဘ်ဆိုက်မှာ အနည်းငယ်သတိပေးထားတာလည်းတွေ့ရပါတယ်။

ဒါကြောင့် ကိုယ်ဟာ ဖုန်းကိုနုနုရွရွကိုင်တတ်တဲ့သူလား ၊ ဖုန်းကိုလွတ်ကျမှာ (သို့) အမာတစ်ခုခုနဲ့ပွတ်တိုက်မိမှာကို ကိုယ့်ကိုကိုယ်အာမ မခံနိုင်ဘူးလားဆိုတာစဉ်းစားကြည့်ပါ။ အရောင်သစ် ၂ မျိုးထဲကပဲကိုင်ချင်ရင်တော့ နုနုရွရွကိုင်တတ်သူဆိုရင် Jet Black အရောင်ကိုရွေးနိုင်ပါတယ် ။ ဖုန်းကိုကာဗာလည်းတပ်မကိုင်ချင်ဘူး ၊ နုနုရွရွ ကိုင်ကိုင် မကိုင်ကိုင် Jet Black အရောင်ပဲကိုင်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ ရှေ့မှန်တင်မကဘဲနောက်ကိုပါ Tempared Glass ကပ်ပြီးကိုင်ဖို့အကြံပြုလိုပါတယ် ။ ဒါဆိုရင်တော့ သာမန်အထိအခိုက်အပွန်းအပဲ့လောက်ကတော့ ကာကွယ်ပြီးသားဖြစ်တာကြောင့် Jet Black အရောင်နဲ့ iPhone 7 ကိုကာဗာမတပ်ဘဲ ကိုင်လည်းအဆင်ပြေပါတယ်။

အနက်ရောင်လည်းကိုင်ချင်တယ် နုနုရွရွလည်းမကိုင်နိုင်ဘူးဆိုရင်တော့ အရောင်သစ် ၂ မျိုးထဲက ၁ မျိုးဖြစ်တဲ့ Black အရောင်ကိုရွေးသင့်ပါတယ်။



Black အရောင်ကလည်း အရင် Space Gray အရောင်နဲ့မတူဘဲ တော်တော်လှပါတယ်။ Jet Black လိုပြောင်လက်နေတာမဟုတ်တာပဲ ကွာတာပါ။



Black နဲ့ဆိုင်တဲ့အရောင်တွေလုံးဝမကြိုက်ဘူးဆိုရင်တော့ Rose Gold အရောင်ကိုပဲအဓိကရွေးချယ် သင့်ပါတယ်။



Rose Gold အရောင်က Gold အရောင်နဲ့သိပ်မကွာဘဲ Gold အရောင်ထက်ပိုပြီးကြည့်ရတာပိုပြီးကောင်းလို့ iPhone 6s တနုးကလည်း Rose Gold အရောင်က ရွှေရောင်ထက်ပိုပြီးလူကြိုက်များကြတာကိုတွေ့ရပါတယ်။ နောက်ပြီး iPhone 7 ဟာလည်း အနက်ရောင် ၂ မျိုးပြီးလျှင် Rose Gold အရောင်နဲ့ပိုလှတယ်လို့ထင်ရပါတယ်။ Silver အရောင်ကတော့အခုနောက်ပိုင်းအကိုင်နည်းကြတယ်လို့ထင်ပါတယ် ။ သင်ဆိုရင်ရော iPhone 7 ထဲက ဘယ်အရောင်ကိုအကြိုက်ဆုံးပါလဲ ?

သက်နိုင်စိုး (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com