Android Touch ဖုန်းတော်တော်များရဲ့
အားနည်းချက်က Battery ခံနိုင်မှု သက်တမ်းလို့ ပြောရင် ရနိုင်ပါတယ်။ ဒါကလည်း
LCD Display ရဲ့ အဓိက သုံးစွဲနေမှု
အပိုင်းပါပဲ။ အဲဒီတော့ ဘယ်အပိုင်းတွေကြောင့် Battery စားနေသလဲ ဆိုတာကို
ကိုယ်ဘာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် အားခံအောင် ဘယ်လိုအချက်မျိုးတွေကို
ရှောင်သင့်တယ်ဆိုတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။
- ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုသုံးနေသလဲ
တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာ ဘယ်အပိုင်းက ဘယ်လောက် အတိုင်းအတာအထိ Battery စားနေလဲဆိုတာကို အမြဲတမ်း စောင့်ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင် လေ့လာကြည့်မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Information အပိုင်းရှိပါတယ်။ အဲဒီနေရာမှာ ကြည့်လိုက်ရင် Screen က Battery ကို ဘယ်လောက် ရာခိုင်နှုန်းလောက် သုံးထားတယ်၊ Voice Call ကဘယ်လောက် ရာခိုင်နှုန်းလောက် သုံးထားတယ် စသည်ဖြင့် ပြနေပါလိမ့်မယ်။ အပေါ်ဆုံးမှာ ရာခိုင်နှုန်း အများဆုံးနဲ့ သုံးနေတဲ့ App တစ်ခု ရှိနေတယ် ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
- Battery အားခံအောင် ဘယ်လိုထားကြမလဲ
Battery အားကို တတ်နိုင်သမျှ ခံနိုင်ရုံကို ထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့ အရည်အသွေးထက် ပိုပြီး စွမ်းဆောင်နိုင်အောင် လုံးဝလုပ်လို့မရပါဘူး။ ရခဲ့လျှင်လည်း ၁ နှစ် ခံမယ့် Battery က ၅ လနဲ့ ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့ Battery Widget တွေ Battery App တွေက ပြောရရင် ပိုပြီးတော့တောင် မိမိဖုန်းကို အားကုန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှ ဘယ်လောက် အတိုင်းအတာ ကျန်သေးလဲ ဆိုတာကို Notification Bar မှာ Update ဖြစ်အောင် စောင့်ကြည့်ပေးနေရလို့ပါပဲ။ ဒါဟာ CPU ကို ပိုမိုသုံးစွဲစေပြီး အားကို ပိုကုန်စေတယ် ဆိုတာ ကျိန်းသေးပါတယ်။ မည်သည့် ဖုန်းမဆို ၀ယ်တည်းက Battery အတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကို ပြသပေးတဲ့ဟာက ပါထားပြီးသားပါ။ ဒါကိုမှ ထပ်တိုးပြီး နောက်ထပ် App ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့ သဘောပါပဲ။ နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာ ဖြစ်တဲ့အတွက် Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှ မိမိဖုန်းကို အားခံအောင် ဘယ်လိုသုံးမလဲ ဆိုတာကတော့ အားသုံးစေမဲ့ အပိုင်းတွေကို ပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်က ပြောခဲ့သလို ဘယ်အပိုင်းကြောင့် Battery စားနေလဲဆိုတာကို ကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်းတွေကို ပိတ်သင့်တဲ့ အချိန် ပိတ်ထားပါ။ ကျွန်တော်အနေနဲ့ကတော့ အောက်က အပိုင်းလေးတွေကို အကြမ်းဖြင်း ထိမ်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကို ပိုမိုကောင်းမွန်လာမယ်လို့ ယူဆပါတယ်။
၁) GPS ကိုအမြဲဖွင့်မထားပါနဲ့
GPS ဆိုတာက Connection ကိုအမြဲလိုက် ဖမ်းနေတာ ဖြစ်တဲ့အတွက်ကြောင့် GPS ကို အမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာ ဖြစ်ပါတယ်။
၂) Wifi ကိုမသုံးရင် ပိတ်ထားပါ
Wifi ကိုချိတ်ပြီး သုံးနေတယ်ဆိုရင်တော့ ဖွင့်ထားရမှာ ဖြစ်ပေမယ့် Wifi ကိုချိတ်သုံးနေခြင်း မဟုတ်ဘဲ ဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်း အနီးနားမှာရှိတဲ့ Connection တွေကို နောက်ကွယ်မှာ လိုက်လံ ဖမ်းယူနေတာဟာလဲ Battery အားပိုကုန်စေပါတယ်။
၃) Bluetooth ကိုမသုံးရင် ပိတ်ထားပါ
တစ်ချို့သော User တွေက အမှတ်မထင် ဖွင့်ထားမိတတ်တာမျိုး ရှိပါတယ်။ သဘောကတော့ Wifi နဲ့အတူတူပါပဲ။ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေအထားကို အလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာ ဖြစ်ပါတယ်။
၎) Screen Brightness ကိုအဆုံးထိ တင်မထားသင့်ပါ
အပေါ်ဆုံးမှာ ပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့ အဓိက သုံးစွဲတဲ့အပိုင်းဟာ Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကို အဆုံးထိ တင်ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကို ပိုစားစေမှာဖြစ်ပါတယ်။
၅) Live Wallpaper များသုံးခြင်း
ဒါကတော့ မိမိဖုန်းကို အလှဆင်မှု အပိုင်း ဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေက Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ ပြဿနာ မကြီးပေမယ့် တစ်ချို့ Live Wallpaper တွေက animation ကိုတော်တော်များများကြီး သုံးတတ်ပါတယ်။ အဲလိုသုံထားပြီဆိုရင်တော့ Battery Information ထဲမှာ ၀င်ကြည့်ကြည့်လိုက် အားသုံးသည့် ရာခိုင်းနှုန်းကို အများဆုံး မဟုတ်ရင်တောင် ဒုတိယနေရာ တတိယနေရာလောက်မှာ ကျိမ်းသေ ရှိနေပါလိမ့်မယ်။
၆) အားကုန်ခမ်းအောင် အသုံးပြုခြင်း
ဒီအပိုင်းကတော့ Battery ပိုကုန်စေတာ မဟုတ်ပါဘူး။ Battery ရဲ့ သက်တမ်းကို တိုစေတာပါ။ Battery ရဲ့ သက်တမ်းကို ကုန်ခမ်းသွားအောင် သုံးပြီးမှ အားပြန်သွင်းတာကို ၁၀ ကြိမ်မှာ တစ်ကြိမ်သက်သက် လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် အမြဲတမ်း ဖြစ်နေမယ်ဆိုရင်တော့ Battery သက်တမ်းက ကျိန်းသေ ကျဆင်းသွားပါလိမ့်မယ်။ ၁ နှစ် ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ ပျက်ဆီးပြီး လဲပစ်ရတာမျိုး ရှိသလို၊ အားသွင်းလိုက်ရင်လည်း အရင်က ၁ နာရီ ခံတဲ့ ဖုန်းက နာရီဝက်ပဲ ခံတော့တာ မျိုး ပြဿသာနာတွေ ကြုံလာရမှာ ဖြစ်ပါတယ်။
၇) Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည်
ဒါကတော့ တစ်ခါတစ်ရံမှာ ကြုံရမှာပါ။ အများဆုံး အဖြစ်များတာကတော့ ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့။ လိုင်းက မမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio ကလိုင်းဆွဲအားကို ပိုသုံးနေရပါတယ်။ လိုင်းလဲမိရော ဖုန်းပြောစရာ အားမရှိတာမျိုး ကြုံတတ်ပါတယ်။ ဒါကြောင့် လိုင်း လုံးဝမမိတော့ဘူးဆိုရင် Airplane Mode ON ထားလိုက်မျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲ ဖြစ်ဖြစ် လုပ်ထားရင် အားကုန် သက်သာစေ မှာ ဖြစ်ပါတယ်။
၈) Battery သုံးမဲ့ App တွေကို လေ့လာစောင့်ကြည့်ခြင်း
တစ်ချို့တွေက မိမိဖုန်းထဲမှာ App များပြီးရော ဆိုပြီး ထည့်ထားတတ်ကြပါတယ်။ အဲလိုထည့်ထားလိုက်ရင် ဘယ် App တွေက ဘာမှန်းမသိဘဲ နောက်ကွယ်မှာ Run နေတတ်တာမျိုးတွေ ရှိပါတယ်။ တစ်ချို့ App တွေဆို နောက်ကွယ်မှာ အမြဲတမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့ အခြေအနေကို စောင့်ကြည့်နေတာမျိုးတွေ ရှိပါတယ်။ ဥပမာ - ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကို အပြည့်အ၀ ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာကြီး ဆွဲယူသုံးဆွဲနေတာမျိုး မဟုတ်ပေမဲ့ Battery အားကို အသုံးပြုနေတာကတော့ အမှန်ပါပဲ။ အဲဒါတွေ သုံးမှ ဖုန်း ပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက Memory Management တွေ Cache Management တွေ ပါပြီးသားပါ။ ဒါကို App သုံးပြီး ရှင်းတာဟာ မလိုအပ်တဲ့ အချိန်မှာ ရှင်းရင် ပိုပြီးတော့ လေးလံစေပါတယ်။ ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့ တိုက်ရိုက်စွဲပြီး List ထုတ်ပေးလို့ မရပါဘူး။ ကိုယ် Phone ထဲက Battery Information မှာ ၀င်စစ်ကြည့်လိုက်ရင် ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့ အချက်ကို တွေ့ရပါလိမ့်မယ်။ ကောင်းပါပြီ အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကို သေချာ အမြဲတမ်း သတိထားမယ်ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှုကို ထိမ်းချုပ်နိုင်ပါလိမ့်မယ်။ တကယ်တော့ Factory Default ထက်ပိုမိုပြီး အားကို သုံးလို့မရနိုင်ပါဘူး။ အဲလိုရနိုင်တဲ့ App တွေဆိုတာကလည်း အပေါ်က ပြောတဲ့ အချက်တွေကို Setting ထဲမှာ အလိုလို လိုက်ပြင်ပေးတဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးနဲ့ စိတ်အချရဆုံး ဖြစ်မယ်လို့ ပြောချင်ပါတယ်။
Source : Internet
Credit: Original Aurthor