7/15/2014

♪ Amazon Japan က iPhone 6 ကို ပြသထား ♫

Photo: Amazon Japan က iPhone 6 ကို ပြသထား

Apple ရဲ့ နောက်ထွက်မယ့် iPhone 6 ရဲ့ သတင်းများစွာ အင်တာနက်မှာ ပေါ်ထွက်နေပါတယ်။ အခုတစ်ခါမှာတော့ Amazon Japan က အွန်လိုင်း အရောင်းဆိုင်မှာ iPhone 6 ကို ပြသထားတဲ့ အတွက် အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေထက် တိကျသေချာနိုင်တဲ့ အလားအလာရှိနေပါတယ်။ Amazon Japan က iPhone 6 မှာ ၄.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားတယ်လို့ ရေးသားထားပါတယ်။ အရွယ်အစားကတော့ 5.1x2.5x0.2 inch ဖြစ်ပြီး အလေးချိန်က ၁၁၃ ဂရမ် ဖြစ်ပါတယ်။ 

မျက်နှာပြင် အရွယ်အစားနဲ့ အရွယ်အစား အပြည့်အစုံကို ဖော်ပြထားတဲ့ အပြင် Amazon က Apple ဟာ iPhone 6 ကို စက်တင်ဘာလမှာ တရားဝင်ကြေညာမယ်လို့ ရေးသားထားပါတယ်။ iPhone 6 ကို စက်တင်ဘလ ၃၀ ရက်နေ့မှာ စတင်ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။ 

Amazon က 64GB iPhone 6 အမေရိကန် အမျိုးအစား ရဲ့ ဈေးနှုန်းကိုလည်း ဖော်ပြထားပါတယ်။ ရွှေရောင် အမျိုးအစားကို ဒေါ်လာ ၁၃၈၀ ဖြင့် ရောင်းချပေးမှာ ဖြစ်လို့ နောက်ဆုံးထွက် iPhone 5 ထက် အတော်ဈေးကြီးနေပါတယ်။ 

iPhone 6 ရဲ့ အခြား Specification များကိုတော့ Amazon က ဖော်ပြထားခြင်းမရှိသေးပါဘူး။ 

အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Apple ဟာ ၅.၅ လက်မ iPhone 6 ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Amazon က Specification အချို့ကို ထုတ်ဖော်လိုက်တဲ့ အတွက် သိပ်မကြာခင်မှာပဲ iPhone 6 ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ 

KTY

Link- http://mmconsumerguide.com/?p=3950

LIKE (y) SHARE ✓ LOVE <3  Myanmar Consumer Guide

www.mmconsumerguide.com | The Best Product Reviews Radio Talk Show, Magazine & Website in Myanmar

ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။

Apple ရဲ့ နောက်ထွက်မယ့် iPhone 6 ရဲ့ သတင်းများစွာ အင်တာနက်မှာ ပေါ်ထွက်နေပါတယ်။ အခုတစ်ခါမှာတော့ Amazon Japan က အွန်လိုင်း အရောင်းဆိုင်မှာ iPhone 6 ကို ပြသထားတဲ့ အတွက် အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေထက် တိကျသေချာနိုင်တဲ့ အလားအလာရှိနေပါတယ်။ Amazon Japan က iPhone 6 မှာ ၄.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားတယ်လို့ ရေးသားထားပါတယ်။ အရွယ်အစားကတော့ 5.1x2.5x0.2 inch ဖြစ်ပြီး အလေးချိန်က ၁၁၃ ဂရမ် ဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစားနဲ့ အရွယ်အစား အပြည့်အစုံကို ဖော်ပြထားတဲ့ အပြင် Amazon က Apple ဟာ iPhone 6 ကို စက်တင်ဘာလမှာ တရားဝင်ကြေညာမယ်လို့ ရေးသားထားပါတယ်။ iPhone 6 ကို စက်တင်ဘလ ၃၀ ရက်နေ့မှာ စတင်ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။

Amazon က 64GB iPhone 6 အမေရိကန် အမျိုးအစား ရဲ့ ဈေးနှုန်းကိုလည်း ဖော်ပြထားပါတယ်။ ရွှေရောင် အမျိုးအစားကို ဒေါ်လာ ၁၃၈၀ ဖြင့် ရောင်းချပေးမှာ ဖြစ်လို့ နောက်ဆုံးထွက် iPhone 5 ထက် အတော်ဈေးကြီးနေပါတယ်။

iPhone 6 ရဲ့ အခြား Specification များကိုတော့ Amazon က ဖော်ပြထားခြင်းမရှိသေးပါဘူး။

အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းအရ Apple ဟာ ၅.၅ လက်မ iPhone 6 ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Amazon က Specification အချို့ကို ထုတ်ဖော်လိုက်တဲ့ အတွက် သိပ်မကြာခင်မှာပဲ iPhone 6 ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

KTY

Link- http://mmconsumerguide.com/?p=3950

LIKE SHARE ✓ LOVE Myanmar Consumer Guide





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>