8/12/2013

PayPal Account Verified ဖြစ်အောင်ဖွင့်နည်း ဖြည့်စွက်ချက်

ဟိုတစ်ခါက PayPal Account ကို Verify ဖြစ်အောင် လုပ်တဲ့နည်း ဆိုတဲ့ Post တစ်ခု ကျွန်တော် တင်ခဲ့ပါတယ်။ အဲဒါက ဖြည့်စွက်ချက်လေး တစ်ခု ရှိသွားလိုပ အခုပဲ ဖော်ပြပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ အဲဒီ ပို့စ် ထဲမှာ Country  ကို China Worlwide ကို ရွေးခိုင်းခဲ့ပါတယ်။ အဲဒီ China Worldwide ဆိုတာက မန္တလေးနဲ့ မန္တလေး အရှေ့ပိုင်းမှာ နေတဲ့သူတွေအတွက် ရွေးပေးခဲ့တာပါ။ ကျွန်တော်ကလည်း မန္တလေးကပဲ မို့လို့ပါ။ ဘာလို့ China Worldwide ရွေးခဲ့တာလဲဆိုတော့
ကျန်တဲ့နိုင်ငံတွေနဲ့ စာရင် မန္တလေးနဲ့ မန္တလေးအရှေ့ပိုင်းက China နဲ့ နီးနေလို့ပါ။ မန္တလေး အနောက်ပိုင်းဆိုရင်တော့ ဘယ်နိုင်ငံနဲ့ ပိုနီးမလဲ။ ကျွန်တော်ထင်တာတော့ Thailand နဲ့ ပိုနီးမယ်ထင်တာပဲ။ အဲဒီအခါဆိုရင်တော့ Thailand ရွေးပေးရပါမယ်။ ကိုယ်နေတဲ့အရပ်နဲ့ အနီးဆုံး အရပ်ကို ရွေးပေးရပါမယ်။ ပြီးတော့ အရေးကြီးတာက ကိုယ့်ရဲ့ PayPal Account ထဲကို ၀င်ကြည့်တဲ့အခါ ကိုယ်သုံးနေကျ ကွန်ပျူတာ၊ အင်တာနက်လိုင်းနဲ့ပဲ ၀င်ကြည့်ပါ။ ဘယ်အင်တာနက်ဆိုင် ၊ ၀ိုင်ဖိုင်ရတဲ့ဆိုင်တွေကမှ ၀င်မကြည့်ပါနဲ့။ ဘာလို့လဲဆိုတော့ ကွန်ပျူတာတစ်လုံး နဲ့ တစ်လုံး၊ လိုင်းတစ်လိုင်းနဲ့ တစ်လိုင်းက IP Address တွေ မတူကြလို့ပါ။ အခန့်မသင့်ရင် အကောင့် limited ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ပြောတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။