3/09/2013

Notepad မှာ Zawgyi Font နဲ့ မြန်မာစာရိုက်ကြရအောင်။

     
           ကျနော် အခုရေးချင်တာကတော့ Beginner များအတွက် ရည်ရွယ်ပါတယ်။ Windows မှာ Default ပါတဲ့ Notepad ထဲမှာ Zawgyi Font နဲ့ မြန်မာလို ရိုက်ကြရအောင်လားဗျာ။ ရိုက်လို့မရတာ
တော့ မဟုတ်ပါဘူး။ ရပါတယ်။ Save လိုက်တဲ့အခါ ပြဿနာပေါ်တက်လို့ပါ။ ကျနော်ကြုံတွေ့ခဲ့ရတာ
လေးတွေ ပြန်မျှဝေမယ်ဗျာ။

 Notepad လေးကို ဖွင့်ပြီး ဇော်ဂျီဖောင့်နဲ့ ကြိုက်တာကို မြန်မာလိုရိုက်လိုက်ပါ။

 

  အားလုံးပြီးလို့ Save လုပ်လိုက်တဲ့ အခါ အထက်ပါ  Message Box လေး ပေါ်လာပါလိမ့်မယ်။
     OK ကိုနှိပ်လိုက်တဲ့ အခါ.........................................

 အထက်က ပုံထဲကလို မြန်မာစာတွေက ??? တွေဖြစ်ကုန်တာတွေ့ရပါတယ်။ 
  
 ကဲ ဒီပြဿနာကို ဖြေရှင်းကြရအောင်ဗျာ။ လွယ်လွယ်ကလေးပါပဲ။ Notepad ထဲမှာ မြန်မာလို ပြန်ရိုက်ပါ။
Save လုပ်တဲ့ အခါ အပေါ်မှာပြခဲ့တဲ့ Message ပေါ်လာရင် OK မလုပ်ပဲ Cancel လုပ်လိုက်ပါ။ ဒါမှမဟုတ်
Save As... နဲ့ save လိုက်ပါ။ 


 အထက်ပါ အတိုင်း Save As Box လေးကျလာပါလိမ့်မယ်။ အောက်ဆုံးက Encoding နေရာမှာ Unicode  ရွေးပြီး Save လုပ်နိုင်ပါပြီ။

Confirm Save As ဆိုပြီး Message Box လေးတက်လာရင် Yes လုပ်လိုက်ပါ။ ဒါဆိုရင် Notepad မှာ
Zawgyi Font နဲ့ မြန်မာစာရေးတာ အောင်မြင်သွားပါပြီ။ ကျနော်လို ကြုံတွေ့နေတဲ့ မိတ်ဆွေများ 
စမ်းကြည့်လိုက်တော့ဗျာ။

" အားလုံး အရာရာ အဆင်ပြေကြပါစေ။ "