2/15/2013

Website Hosting ရှာနေသူများအတွက် Google Drive


Google Driveဟာ မိုဘိုင်းလ်ဖုန်းတွေ၊ တက်ဗလက်တွေ၊ ကွန်ပျူတာ အစရှိသည့် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုလို့ ရသည့် ပစ္စည်းများပေါ်တွင် သင့်ရဲ့ စာရွက်စာတမ်းများ၊ သီချင်း၊ ဗီဒီယို အစရှိသည်တို့ကို အခမဲ့ သိမ်းဆည်းထားလို့ ရသည့်အပြင် အသုံးပြုချင်သည့် နေရာတိုင်းမှလည်း လွယ်လင့်တကူ ပြန်လည် မျှဝေအသုံးပြုခွင့် ရှိသည့် အင်တာနက်ပေါ်မှ Storage ၀န်ဆောင်မှု တစ်ခုပါ။

ယခုအခါ Googleမှ ၎င်းရဲ့ ၀န်ဆောင်မှုအား ပိုမို အသုံးပြုနိုင်စေရန်သော်လည်းကောင်း၊ လူအများမှ ပိုမို စိတ်ဝင်စားမှု ရရှိစေရန်သော်လည်းကောင်း Website Hosting တစ်ခုအဖြစ်ပါ အသုံးပြုနိုင်ရန် စီစဉ်
မိတ်ဆက်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီ Feature လေးဟာ အင်တာနက်ပေါ်မှာ သင့်ရဲ့ Filesများကို ၀က်ဆိုဒ်တစ်ခုအဖြစ် တစ်ကမ္ဘာလုံးကို မျှဝေချင်သူများအတွက် ရည်ရွယ်ပြီး အသုံးပြုရ လွန်စွာမှ လွယ်ကူစေပါတယ်။ သို့ပေမယ့် သင်ဟာ HTML, CSS, Javascript အစရှိသည့် website တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်မည့် အခြေခံ Web Programmingတွေတော့ နားလည်ရမှာ ဖြစ်ပါတယ်။

နားလည်ပြီ ဆိုရင်တော့ ထို Web Programmingများနှင့် ဖွဲ့စည်းထားတဲ့ Fileများကို Google Driveပေါ်မှာ Folderတစ်ခု တည်ဆောက်ပြီး ထို Folderထဲသို့ Upload တင်လိုက်ရုံပါပဲ။ Upload ပြီးသည်နှင့် ၎င်း Folderကို “Public on the web” ဆိုပြီး မျှဝေလိုက်သည်နှင့် သင့်ရဲ့ Websiteကို တစ်ကမ္ဘာလုံးနှင့် မျှဝေလို့ ရသွားမှာ ဖြစ်ပါတယ်။
သင့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများကို ၀င်ရောက်ကြည့်ရှု့စေဖို့ ပေးရမည့် ၀က်ဆိုဒ် လိပ်စာကတော့ “ဒီနေရာမှာ...” စတင်မှာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအရတော့ Databaseပါတဲ့ ဆိုဒ်မျိုးအတွက် ရည်ရွယ်ထားသည် မဟုတ်သည့်အတွက်ကြောင့် အပျော်တမ်း ၀က်ဆိုဒ်တင်သူများအတွက် အဆင်ပြေစေမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။
****************************************
Credit to MyanmarICT



**  Step-1. ပေးထားတဲ့ Link  ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "SKIP AD ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။