11/29/2012

Samsung Galaxy Y GT-S5360 Root လုပ်နည်း



how to root samsung galaxy y young s5360
                 Samsung Glaxy Y GT-S5360 Root ဖောက်နည်းလေးတင်ပေးလိုက်ပါတယ်ဗျာ။ Root 
ဖောက်နည်းကိုတော့ အောက်မှာပုံနဲ့တကွအသေးစိတ်ဖော်ပြပေးလိုက်ပါတယ်ဗျာ။ ဟဲဟဲဟဲ .... အပေါ်
ဆုံးက နှစ်ကြောင်းကိုကြည့်လိုက်ရင်တော့ ကိုယ်တိုင်ဘဲလုပ်ပြီး Post ရေးသလိုလိုနဲ့ပေါ့။ မဟုတ်ဘူး
ဗျ Root ဖောက်တာကိုပြန်ရှင်းပြရာတာ ဖတ်တော့သာလွယ်တာ တော်တော်တိုင်ပတ်တဲ့ အလုပ်ဗျ။
ဒီ Post လေးကို ကိုဝင်းကမ္ဘာကျော်ဆီကနေပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။
Credit to - http://winkabarkyaw.blogspot.com/     

Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။

 
 မိမိ ဖုန်းက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။




ပထမဆုံး Root လုပ်ဖို့အတွက် ဒီ update.zip  ဖိုင်လေးကို ဒေါင်းယူထားလိုက်ပါ...။
ပြီးရင် မိမိ ဖုန်းက SD Card လေးထဲ  update.zip  ဖိုင်လေးကိုကူးထည့်ပေးလိုက်ပါ
ပြီးရင်....

SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။
Recovery Mode ထဲကိုဝင်ပါမယ်...။

 Recovery Mode ကိုဝင်ဖို့  Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့  Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။  (HOME + Volume UP + POWER button)




Recovery Mode ထဲရောက်ပြီဆိုရင် Volume + , -  ခလုတ်လေးတွေကို အသုံးချပြီး  Update from sdcard ကို ရွေး Home  ခလုတ် ကိုနှိပ်ပေးလိုက်ရင် သူ့ဘာသာသူ အလုပ် လုပ်သွားပါလိမ့်မယ်... ခဏနေရင် reboot လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... ဖုန်းလေး ပြန်ပွင့်လာရင် "Super user"  ဆိုတဲ့  application လေးတစ်ခု ပေါ်လာပြီး Root လုပ်ပြီးကြောင်း ပြနေပါလိမ့်မယ်။

root samsung galaxy y gt-s5360

မြန်မာစာ , မြန်မာ Keyboard ထည့်နည်းတွေကိုတော့ ဒီ Label မှာရှာပြီး အဆင်ပြေမဲ့ နည်းတစ်ခုခုနဲ့ ထည့်ပေးနိုင်ပါတယ်.....။

အဆင်ပြေပါစေ....