10/18/2012

XoftSpySE Anti-Spyware v7.0.1

 

                 ကွန်ပြူတာတစ်လုံးမှာ Antivirus တစ်မျိုးရှိရုံနဲ့ လုံလောက်တယ်လို့ တော်တော်များများက
သိထားကြပါတယ်။ ကွန်ပြူတာကို ရုံးသုံး ၊ အိမ်သုံး ၊ ဂိမ်းကစားရုံလောက်ဆိုရင်တော့ ပုံမှန်အားဖြင့်
Antivirus တစ်မျိုးရှိရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ကွန်ပြူတာနဲ့ပတ်သတ်တဲ့ နည်းပညာတွေကို
သေသေချာချာလေ့လာတော့မယ်ဆိုရင်တော့ Internet တွေမှာ နည်းပညာတွေကို လိုက်မွှေမယ် ၊ မိမိ
စမ်းသပ်ချင်တဲ့ Software တွေ ကို ဒေါင်းယူမယ်။ PC မှာ Install လုပ်ကြည့်မယ်။ IT Website တော်တော်
များများကို မွှေနှောက်လေ့လာတော့မယ်ဆိုရင်တော့ Anti Spyware တစ်ခုလောက်တော့ ရှိထားသင့်
ပါတယ်။ ဒါကြောင့် XoftSpySE Anti-Spyware v7.0.1 ဆိုတဲ့ Anti Spyware ကောင်းကောင်းလေးတစ်ခု

ကို မျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက spyware, adware, pop-up generators, keyloggers,
Trojans, hijackers and malicious code စတာတွေကို Remove လုပ်ပေးနိုင်ပါတယ်။ မိမိရဲ့ Data အချက်
အလက်တွေ အားလုံးအတွက်တော့ သူတပါးခိုးယူခြင်းရန်မှကာကွယ်နိုင်တာပေါ့ဗျာ။ Antivirus နဲ့လည်း
ယှဉ်တွဲအသုံးပြုနိုင်ပါတယ်။ File Size ကလည်း 3.9 MB ဘဲရှိလို့ Link မသေခင်လေး ဒေါင်းယူထားစေချင်
ပါတယ်ဗျာ။ Full Version ဘဲတင်ပေးထားပါတယ်ဗျာ။


Facebook ရဲ့ Like button ကိုနှိပ်ခြင်းဖြင့် မိမိရဲ့ Facebook ပေါ်မှာ ဒီ Post လေးရောက်သွားမှာပါ။ 
ဒီ Post လေးကိုသဘောကျတယ်ဆိုရင်လည်း Like Button လေးကိုနှိပ်ခဲ့ပေးပါနော်။