5/30/2016

အရိပ်, စတုရန်းနဲ့ စက်ဝိုင်း ပုံစံတွေနဲ့ထားနိုင်တဲ့ အမိုက်စား - Vion - Icon Pack v3.8 Apk


Android နှင့် Tablet အသုံးပြုနေကြတဲ့ ဘော်ဒါတို့အတွက် ခပ်မိုက်မိုက် ကဗျာတွေ စာတွေ ဖွဲ့သီကုံးနိုင်လောက်သော Icon Pack လေးကို တင်ပေးလိုက်ပါတယ်။ Launcher ပုံစံတွေများများစားစား အတွက် ပြည်စုံလောက်တဲ့ Icon Pack ဖြစ်ပါတယ်။ ဒီကောင်လေး၏ အဓိက အချက်တော့ အရိပ်ပုံစံ, စတုရန်းပုံစံ, စက်ဝိုင်းပုံစံ 3D ရုပ်ထွက်ပုံစံ အစရှိသော် (117) ပုံစံများစွာပါရှိတဲ့ Android Application Icon pack လေးဖြစ်ပါတယ်။ အသုံးပြုမယ်သူများအတွက် Android OS 4.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 42.MB ဖြစ်ပါတယ်။ ဘော်ဒါတို့အတွက် အောက်မှာ screenshot ရိုက်ပေးထားပါတယ်။






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Facebook မှာ မြန်မာစာမမှန်တဲ့ ဖုန်းတွေတွက် မြန်မာစာမှန်အောင်ပြုလုပ်နည်း ♫

 

Facebook မှာ မြန်မာစာက ပုံထဲကလို ဖတ်လို့မရလို့စိတ်ညစ်နေရင် ဒီနည်းအတိုင်း မြန်မာစာမှန်အောင်လုပ်လို့ရပါတယ်။
ပုံလေးတွေကို ကြည့်ပြီးလိုက်လုပ်ပါနော်။
ဖောင့်လေးကိုဒေါင်းယူလိုက်ရအောင် >>> http://bit.ly/25o0MYv
Samsung,Oppo, မဟုတ်တဲ့အခြား ဖောင့်စတိုင်မပါတဲ့ဖုန်းတွေကတော့ Ifont ဆော့ဖ်ဝဲလေးနဲ့ သွင်းနိုင်ပါတယ်။ Ifont ကိုသုံးရင်တော့ Root လိုပါတယ်။
Ifont ကိုဒီမှာဒေါင်းယူပါ >>> http://bit.ly/1Z5VywC






Credit to ==> http://www.swln.info/



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Samsung တွေပါဝါပြန်မတတ်တော့ရင် ဖြေရှင်းနည်း (ကွန်ပျူတာမလို) ♫


Sumsang တွေမှာ အကြောင်းမျိုးမျိုးကြောင့် ဖုန်း
ပါဝါ ပြန်မတတ်ဘဲ Samsung log ပုံမှာဘဲ
ရပ်နေပြီး ပြန်လုပ်မတတ်ဖြစ်နေသူတွေအတွက် 
Computer မလိုဘဲ သင်တို့ကိုယ်တိုင်ပြုလုပ်နိုင်အောင်
Samsung Galaxy တစ်လုံးကို နမူနာစမ်းသပ်
ပြသထားပါတယ်…ဒီလိုမျိုးက
 အများဆုံးဖြစ်တတ်တာက
ဖုန်းတွေမှာ Root ဖောင့်ပြီး မြန်မာ
ဖောင့်ထည့် ရန် Restart ချသွားတဲ့အခါ Logo မှာ ရပ်ပြီး
ပြန်မတတ်ဒါတွေနဲ့ …ဖုန်းမှာ apk data တွေ ပြည့်ပြီး
သူအလိုလို ပါဝါပိတ်ပြီး ပြန်မတတ် ဒါတွေ ဒါတွေက 
အဖြစ်များဆုံးပါဘဲ…ပြီးတော့ သင် တို့ရဲ့ဖုန်းကို
ဝယ်လာစအတိုင် ပေါ့ပါးချင်စေရင်လည်း ဒီနည်းလေးနဲ့ လည်း အဆင်ပြေပါတယ်…
ဖုန်းက အသစ်တိုင် ပြန်လည်းပေါ့ပါးသွားမှာလည်းဖြစ်ပါတယ်!!

ပြုလုပ်နည်းကိုအာက်မှာ ရှင်းပြထားပါတယ် ၀င်ကြည့်လိုက်ကြပါ..

အရင်ဦးဆုံးမိမိတို့ Mobile ဖုန်ရဲ့Battery ကို ဖြုတ်၍
ပြန်တတ်ပေးလိုက်ပါ


ပြီရင် အောက်က ပုံအတိုင်း မိမိတို့ ဖုန်းရဲ့ 
(အသံချဲ ခလုတ်' ပါဝါ ခလုတ်'Home ခလုတ် )
သုံမျိုးလုံးကို ဖိနှိပ်ပြီး ဖုန်းရဲ့Logo ပုံ ပေါ်လာရင် လွှတ်ပေးလိုက်ပါ

အပေါ်က အတိုင်း လုပ်ဆောင်ပြီးပါက အောက်ကပုံလို
ပေါ်လာရင် (အသံ တိုး ခလုတ် )ဖြင့် ၃ကြောင်းမြောက်
ဖြစ်တဲ့ 
wlp data/factory restet ကို ဆွဲချပြီး
(ပါဝါ ခလုတ်)ဖြင့် Ok လုပ်လိုက်ပါ


ပြီးရင် အောက်ပုံ အတိုင်း 
Yes--'delete all user date ကို နှိပ်လိုက်ပါ…ခင်ဗျာ

အဆင့်ကတော့ ပြီးခါနီးနေပါပြီး အောက်ပုံအတိုင်း
Language မှာ English ဘာသာရွေးပြီး
Googal account ထည့်ပေးလိုက်ပါ

ကဲ့ အောက်ပုံလို တွေ့ရ ရင်တော့ Ok နှိပ်ပြီး မိမိးတို့ 
ဖုန်းက ဝယ်စ ဖုန်းအတိုင်း ဖြစ်သွားပါလိမ့်မယ်……

Samsung logo ပုံ ရပ်နေတာ ပြုလုပ်နည်းပြီးဆုံးသွားပါပြီး
အာကာ
Software Guide


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ မြန်မာစာတန်းထိုးရုပ်ရှင်ဖန်တီးခြင်းနှင့် Encode လုပ်ခြင်း ♫


မြန်မာစာတန်းထိုးရုပ်ရှင်တစ်ခုဖြစ်ကိုဖန်တီးဖို့ ဒါမှမဟုတ် Bollywood နဲ့ အင်္ဂလိပ်မဟုတ်တဲ့အခြား Language စကားပြောကားတွေကြည့်ရတာ နားမလည်ဘူးဆိုရင်စိတ်အလိုမကျပါဘူး ။ နောက်ကိုယ်ပိုင် စာတန်းထိုးဇာတ်ကားလေးတွေဖန်တီးနေသော်လည်း Encode ဆိုတာကြီးကိုနားမလည်တော့ စာဖိုင် အသေတွဲတဲ့အချိန်ဘယ်လိုမျိုးလဲ ဘယ်ဆော့ဝဲလ်သုံးလဲဆိုတာ သိရှိစေချင်တာပါ။ စာတန်းထိုးနည်းကို ပုံလေးတွေနှင့်တကွပြသွားမှာဖြစ်ပါတယ်။ဘာသာပြန်တာက Smart Phone ,Tablet ,Computer ကြိုက်ရာနဲ့ပြန်လို့ရပေမယ့် စာဖိုင်တွဲခြင်း မှာတော့ Computer မှာပဲလုပ်ရမှာဖြစ်ပါတယ်။

၁။မိမိကြည့်ရူလိုတဲ့ရုပ်ရှင်ကိုDownload ဆွဲရမှာဖြစ်ပြီးကျွန်တော်ကြည့်ရူ့နေကြဖြစ်တဲ့ www.fmovies.to နှင့် www.dayt.se ရုပ်ရှင်တွေဆိုအများအားဖြင့် အင်္ဂလိပ်စာဖိုင်တွေပါဝင်ပြီးဖြစ်တာကြောင့် စာဖိုင်တကူးတကရှာစရာမလိုပါဘူး။ စာဖိုင်သီးသန့်ရှာဖွေ ဘာသာပြန်သူတွေအနေနဲ့ကတော့ www.subscene.com ,www.moviesubtitles.org ,www.opensubtitle.org တို့်မှာလည်း မိမိလိုချင်တဲ့ Quality အတိုင်းရှာဖွေနိုင်ပါတယ်။

၂။ စာဖိုင်ရပြီဆိုရင်ဘာသာပြန်ဖို့ ယင်းစာဖိုင်ကို ကွန်ပျူတာ မှာဆို open with notepad ဖြင့်ဖွင့်ပေးပြီး Android ဖုန်းမှာဆို Subbr Pro ဆော့ဖ်ဝဲလ် နှင့်ဘာသာပြန်နိုင်ပြီး အောက်က Link မှာ Subbr Pro Apk ရယူနိုင်ပါတယ်။

http://www.mediafire.com/down…/qlz1zcx0wtu0eyt/Subbr_Pro.apk
ကျွန်တော်အနေနဲ့တတ်ကျွမ်းသူတစ်ဦးအနေနဲ့မဟုတ်ပဲဝါသနာရှင်တစ်ဦးအနေနဲ့ရေးသားခြင်းဖြစ်လို့အမှား ရှိရင်ခွင့်လွှတ်ပေးပါ။ အဆင်မပြေတာရှိရင်လဲမေးမြန်းနိုင်ပါတယ်။ ကျွန်တော်လဲ ဘယ်ဆော့ဝဲလ် သုံးလဲဆိုတာ စမ်းသပ်ရင်နဲ့ စာဖိုင်တွဲခြင်းကိုသိရှိခဲ့တာပါ။ အဆင်ပြေရင်နောက်လူတွေသိရှိအောင် Like Share လုပ်ခဲ့ရင်းကူညီခဲ့ပါ။

 ပုံမှာပြသထားသည့်အတိုင်း Save လုပ်ရမှာဖြစ်ပါတယ်။
 

အဲ့ဒီနောက်စာဖိုင်ရပြီဆိုရင် စာဖိုင်တွဲခြင်း လုပ်ဖို့ Xilisoft Video Converter Ultimate Software ကို Computer မှာ Install လုပ်ရမှာဖြစ်ပြီး အောက်ပါ Link မှာရယူနိုင်ပါတယ်
http://www.mediafire.com/download/jbk8q762n4s4j0j/%5Bwww.ayekyaw.org%5D_XILISOFT.rar
ဒီSoftware ကFull version ဖြစ်ရမှာဖြစ်တာကြောင့် Serial Key တွေပါရှိပြီး Password တောင်းခဲ့ရင် www.ayekyaw.org ဆိုပြီးထည့်ပေးလိုက်ပါ။ ကိုအေးကျော် နည်းပညာPage ကိုလည်း Credit ပေးပါတယ်။ install လုပ်တာအဆင်မပြေရင်လည်းမေးမြန်းနိုင်ပါတယ်။

 

အဲ့ဒီနောက် Add မှာ ကိုယ်စာဖိုင်တွဲမယ့် Video ကိုရွေးချယ်ပေးလိုက်ပါ
 



နောက် Subtitle ဆိုတဲ့ကွပ်လပ်လေးကိုနှိပ်ပြီး Add Subtitle file ဆိုတာလေးကျလာပါလိမ့်မယ် ။ အဲ့ဒါ ကိုရွေးပြီးကိုယ်ဘာသာပြန်ထားတဲ့စာဖိုင်လေးကိုသွားရွေးပေးရုံပါပဲ
 


စာဖိုင်လဲရပြီ Video ကလဲအဆင်သင့်ဖြစ်ပြီဆို Start ကိုနှိပ်ပေးလိုက်ခြင်းဖြင့်စာဖိုင်တွဲတာကိုစတင်လုပ်ကိုင်နေပါပြီး


အောက်က preview မှာလဲ ကိုယ်တွဲလိုက်တဲ့စာဖိုင်နဲ့ Video အဆင်ပြေ မပြေကြည့်နိုင်ပါသေးတယ်။




 ကိုယ်ကြိုက်တဲ့ quality ကို ရွေးပြီး Download ကို နှိပ်ပါ။

 
 


 အောက် နားကပဲ Subtitle ကိုရွေးပြီး စာဖိုင်ရယူနိုင်ပါတယ်။



 

 တစ်ခါတစ်ရံ မြန်မာစာတွေ Vlc Player ပေါ်မှာအဆင်မ ပြေ ဖြစ်လျင် Vlc-tools-Preferences -Subtitle/OSD-Zawgyi ကိုရွေးပေးပါ


Computer ပေါ်မှာ video fileတွေ Download လုပ်မယ်ဆို Internet Download Manager နဲ့ဆိုပိုကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ “Guns of Infinity”


Guns of Infinity ကိုကစားတဲ့အခါအံ့သြဆန်းကြယ်မှုတွေနဲ့ဂိမ်းထဲမှာစီးမျော နစ်ဝင်သွားတဲ့အထိ ဆွဲဆောင်နိုင်တဲ့ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ တပ်သားအဖွဲ့တွေကိုကိုယ်ပိုင် အရည်အချင်းတွေ နဲ့ခေါင်းဆောင်နေရာက နေဦးဆောင်အုပ်ချုပ်သွားရမှာဖြစ်ပြီးဂိမ်းရဲ့ရလဒ်တွေဘယ်လိုထွက်ပေါ်လာမလဲ ဆိုတာကလည်း Player ရဲ့ရွေးချယ်မှုပြုလုပ်တဲ့အပေါ်မှာမူတည်ပါတယ်။

Guns of Infinity မှာရှာဖွေဖော်ထုတ်ရမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ unlock ပြုလုပ်ရမယ့် achievement တွေအများကြီးပါဝင်ပါတယ်။ Guns of Infinity မှာSabres of Infinity, Mecha Ace နဲ့ The Hero of Kendrickstone တို့ရဲ့စာရေးဆရာ Paul Wang ရဲ့ဇာတ်လမ်းဝတ္ထုကိုအခြေခံထားတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းသွားအမျိုးအစားဂိမ်းဖြစ်တာကြောင့် ဒီဂိမ်းတစ်ခုလုံး အသက်ဝင်အောင် Player ရဲ့မှန်ကန်တဲ့ရွေးချယ်မှုရှိ ဖို့လိုအပ်ပါတယ်။

Guns of Infinity ဂိမ်းဟာဂရပ်ဖစ်နဲ့အသံစနစ်တွေ မပါဝင်တဲ့ Text-based ကိုပဲဖန်တီးရေးဆွဲထား တာတွေ့ရပါတယ်။ တိုက်ပွဲ ခင်းကျင်းဖို့ မြင်းတပ်ဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် အနေနဲ့ စစ်ပွဲ မှာအနိုင်ရဖို့သေနတ်လက်နက်အပြင်မှော်အစွမ်းတွေပါအသုံးချတိုက်ခိုက်ရတာတွေရှိပါတယ်။ Guns of Infinity ဂိမ်းထဲမှာပါဝင်တဲ့ဇာတ်ကောင် တွေ ဟာ Sabres of Infinity ထဲကဇာတ်ကောင်တွေနဲ့ အတူတူပဲဖြစ်တာမို့ Sabres of Infinity ဂိမ်းကို ပြန်ကစားနေရသလိုခံစားနိုင်ပါတယ်။

ဂိမ်းမစခင် မှာ Pre-mode Character တွေကိုအရင်ဆုံးရွေးချယ်နိုင်ပြီးကိုယ်ပိုင် ဆုံးဖြတ်ချက် ခိုင်မာရင်အကောင်းဆုံးရွေးချယ်မှုလုပ်တဲ့အခါတိုက်ပွဲမှာ အနိုင်ရရှိဖို့ သေချာ သွားပါလိမ့်မယ်။ Guns of Infinity ရဲ့အဓိကဇာတ်ကောင်နေရာမှာ ပါဝင် ကစားပြီးရန်သူတပ်ဖွဲ့တွေကိုအင်အားသုံးဖြိုခွဲပစ်ရမှာပါ။ Guns of Infinity ဂိမ်းကို Android 2.3 နဲ့အထက်ရှိရင်ကစားနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 



Google Play Links For Info

Download


www.pyaephyo.com
Read More ...