3/31/2016

♪ “MECTel CDMA 800 ဆင်းကတ်အသုံးပြုသူများ ၃ဝဝဝ ကျပ်နှင့်အထက် ငွေဖြည့်ပြီး Samsung Galaxy Note 4 (၁၆) လုံး ကံစမ်းနိုင်” ♫


MECTel မှ နှစ်သစ်ကူးအထူးအစီအစဉ်အနေဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ငွေကျပ် ၃ဝဝဝ နှင့်အထက်ငွေဖြည့်သူတိုင်း Samsung Galaxy Note 4 (၁၆)လုံး အပါအဝင်ဆုမဲပေါင်းများစွာ ကံစမ်း နိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ဆုမဲအရေအတွက် သတ်မှတ်ချက်အရ MECTel ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက ၁ မိနစ် အထက်ပြောလျှင် ကံစမ်းမဲလက်မှတ် ၁ စောင်၊ ၃ဝဝဝ ကျပ် ငွေဖြည့်လျှင် ၃၅ စောင်၊ ၅ဝဝဝ ကျပ် ငွေဖြည့်လျှင် ၇ဝ စောင်၊ ၁ဝဝဝဝ ကျပ်ငွေဖြည့်လျှင် ၁၅ဝ စောင်၊ SIM ကတ်အသစ် သုံးစွဲလျှင် အစောင် ၁ဝဝ ရရှိမည်ဖြစ်သည်။

(ငွေဖြည့်သွင်းရာတွင် ခဲခြစ်ငွေဖြည့်ကတ်ဖြင့် ထည့်သွင်းခြင်း၊ myanmar mobile money ဖြင့် ဖြည့်သွင်းခြင်း၊ E-Top up card ဖြင့် ဖြည့်သွင်းခြင်း)မည်သည့်ပုံစံဖြင့် မဆို ဖြည့်သွင်း နိုင်မည်ဖြစ်သည်။ ကံစမ်းမဲ လက်မှတ် အရေအတွက် ၈ဝ နှင့်အထက်ရရှိသူများ သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်ပြီး ဧပြီလ ၈ရက်နေ့တွင် ပထမအကြိမ်၊ ဧပြီလ ၂၂ ရက်နေ့တွင်ဒုတိယအကြိမ်၊ ဧပြီလ ၂၉ရက်နေ့တွင် တတိယ အကြိမ်အဖြစ် ကံစမ်းမဲဖောက်ပေးသွားရန် စီစဉ်ထားပါသည်။ မဲဖောက်ပေးမည့် ဆုမဲစာရင်းတွင် Samsung Galaxy Note 4 (၁၆) လုံး၊ Samsung Tab A (၈)လုံး၊ Sony 40" TV (၄)လုံး၊ ရွှေဒင်္ဂါး (၁)ကျပ်သား (၃ဝ)ခု၊ ၃ဝဝဝိ/- ကျပ်တန် ငွေဖြည့်ကတ် (၇၄၄၂)ကတ် အစရှိသော ဆုမဲပေါင်း (၇၅ဝဝ)ကိုထည့်သွင်းထားကြောင်း သိရသည်။ အပတ်စဉ်ဆုမဲပေါင်း ၂၅ဝဝကို မဲဖောက်ကံစမ်းပေးရန်စီစဉ်ထားပြီး ကံစမ်းမဲအရေအတွက် စုံစမ်းလို ပါက SMS number 233 သို့ April ဟု ရိုက်နှိပ်ပေးပို့၍သော်လည်းကောင်း 1212 Call Center သို့ လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Package ရယူသူများကိုလည်း ကံစမ်းမဲ ထည့်သွင်းရေတွက် ပေးသွားမည် ဖြစ်ပြီး monthly package အစီအစဉ်တွင် Diamond ဝယ်ယူပါက (1500)စောင်၊ Gold ဝယ်ယူပါက (700) စောင်၊ Silver ဝယ်ယူပါက အစောင် 350 ရရှိမည်ဖြစ်ပါသည်။ SMS Bolt on package အစီအစဉ်တွင် 480 minute ဝယ်ယူပါက အစောင် 600, 120 minute ဝယ်ယူပါက (140) စောင်၊ 60 minute ဝယ်ယူပါက (70) စောင်ကိုလည်း ပေးသွားမည်ဖြစ်သည်။ SMS Bolt on package အစီအစဉ်တွင် 200pcs ဝယ်ယူပါက (180) စောင်၊ 100 pcs ဝယ်ယူပါက (80) စောင်၊ 50pcs ဝယ်ယူပါက (40) စောင် ရရှိနိုင်မည်ဖြစ် သည်။ Data Bolt on Package အစီအစဉ်အရ 2GB ဝယ်ယူပါက (650) စောင်၊ 1GB ဝယ်ယူပါက (320) စောင်၊ 500MB ဝယ်ယူ ပါက (150) စောင်၊ 100MBဝယ်ယူပါကမဲအရေအတွက်အစောင် ၃ဝအစရှိသည်ဖြင့် သတ်မှတ် ရေတွက်ပေးရန် စီစဉ်ထားပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ ဆန်ဘာနာဒီနို ပစ်ခတ်မှုတရားခံ၏ iPhone ကို FBI ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ ♫


အမေရိကန်ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ဆန်ဘာနာဒီနိုမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတရားခံရဲ့ iPhone ကို unlock လုပ်ဖို့အတွက် Apple ရဲ့အကူအညီမပါပဲ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Apple အနေနဲ့ ပြီးခဲ့တဲ့လတုန်းက တရားခံဖြစ်သူ Syed Rizwan Farook ရဲ့ဖုန်းကို ဆော့ဖ်ဝဲအသစ်ရေးပြီးဖွင့်ပေးဖို့အတွက် တရားရုံးရဲ့ အမိန့်ကို ငြင်းဆန်ခုခံခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

လူ၁၄ယောက်ကို သေဆုံးစေခဲ့တဲ့ ဖာရွတ်ခ်နဲ့ သူ့ဇနီးတို့ဟာ နောက်ဆုံးမှာ ရဲတွေရဲ့ပစ်ခတ်ခြင်းခံခဲ့ရပြီး သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ ဖာရွတ်ရဲ့ဇနီး တက်ရှ်ဖင်မလစ်ဟာ အခင်းဖြစ်ပွားတဲ့နေ့က သူတို့အနေနဲ့ IS တွေရဲ့ သစ္စာခံတွေဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်မှာရေးသားခဲ့တယ်လို့ အမေရိကန်ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

Tashfeen-Malik-and-Syed-Rizwan-Farook

တနင်္လာနေ့က FBI အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Eileen Decker က သူတို့အနေနဲ့ “တတိယအုပ်စုတစ်စု” ရဲ့ အကူအညီရရှိထားကြောင်းပြောခဲ့ပြီး ဘယ်သူဆိုတာတော့ ဖွင့်ပြောခဲ့ခြင်း မရှိပါဘူး။ သူတို့ဝက်ဘ်ဆိုက်မှာတော့ ပစ္စည်းတစ်ခုနဲ့ iPhone 5c ရဲ့ ဒေတာတွေကို ဖြည်ခဲ့ရကြောင်းရေးသားခဲ့ပါတယ်။ FBI ရဲ့ ဒါရိုက်တာဖြစ်သူ James Comey ကတော့ သူအလုပ်သက်တမ်းတစ်လျှောက် အခက်ခဲဆုံးမေးခွန်းကိုဖြေခဲ့ရတယ်လို့ ညည်းတွားခဲ့ပါတယ်။

တရာရုံးရဲ့ အမိန့်ကို ငြင်းပယ်ခဲ့တဲ့ Apple ကို တခြားနည်းပညာ ဘီလူးကြီးတွေဖြစ်တဲ့ Google, Microsoft နဲ့ Facebook တို့ကလည်းထောက်ခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ကပြုလုပ်ခဲ့တဲ့ Apple ရဲ့ပွဲမှာလည်း ဒီကိစ္စအပေါ် Apple CEO ဖြစ်သူ Tim Cook ကလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

Ref: BBC
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်နဲ့ ၀ယ်ယူနိုင်မယ့် RAM 3GB၊ Fingerprint ပါ Xiaomi Redmi 3 Pro ဖုန်း ထွက်ရှိ ♫


Xiaomi ဟာ Redmi 3 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ Redmi 3 Pro ဖုန်းကို မနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ထူးခြားချက်အားဖြင့် Redmi 3 ဖုန်းမှာ လက်ဗွေရာစနစ်မပါပေမယ့်၊ ဒီ Pro ဖုန်းမှာတော့ ကျောဘက်မှာ လက်ဗွေရာဖတ်စနစ်ပါဝင်လာပါတယ်။ RAM ကလည်း Redmi 3 တုန်းက 2GB ဖြစ်ပေမယ့်၊ ဒီဖုန်းမှာတော့ 3GB အထိ ဖြစ်သွားပါတယ်။

ရွှေရောင်၊ မီးခိုးရောင်နဲ့ ငွေရောင် ဆိုပြီး အရောင်သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့်လည်း ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) သာရှိတာကြောင့်၊ ဈေးနှုန်း နည်းနည်းနဲ့ အဆင့်မြင့်ဖုန်းတစ်လုံးကို ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။

Xiaomi Redmi 3 Pro ဖုန်းကို တရုတ်နိုင်ငံမှာ နောက်လစတင်ရောင်းချသွားမှာဖြစ်ပြီး၊ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရောင်းချသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Xiaomi Redmi 3 Pro မှာ ပါဝင်တဲ့ အသေးစိတ် specs တွေကတော့ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ octa-core Qualcomm Snapdragon 616 ပရိုဆက်ဆာ၊ 3GB DDR3 RAM ၊ ဂရပ်ဖစ်အနေနဲ့ Adreno 405 GPU ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှုအနေနဲ့ 32 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိလည်း ထပ်စိုက်နိုင်ပါတယ်။ Redmi 3 ဖုန်းတုန်းကတော့ RAM 2GB နဲ့ inbuilt storage 16 GB ပဲ ပါရှိတာဖြစ်ပါတယ်။

MIUI 7 ပါဝင်လာမယ်လို့သိရပြီး၊ Android ဗားရှင်း ဘယ်လောက်ပါဝင်လာမလဲဆိုတာကိုတော့ တရားဝင် ကြေငြာရခြင်းမရှိသေးပါဘူး။

Ref: Gadgets 360
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

♪ Facebook မှာ GIF တွေဘယ်လို တင်မလဲ ♫


GIF ဆိုတာကလည်း လတ်တလော လူမှုကွန်ယက်မီဒီယာတွေမှာ ခေတ်စားနေတဲ့အထဲ မပါမဖြစ်ပါပဲ။ အရင်တုန်းက ကျွန်တော့်အနေနဲ့ GIF တွေဘယ်လိုလုပ်ရမယ်။ ဘယ် Apps တွေသုံးရင်အဆင်ပြေနိုင်တယ်ဆိုတကို ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် GIF တွေအလွယ်တကူပြုလုပ်ပြီးနောက်ပိုင်းမှာ လူမှုကွန်ယက်မီဒီယာတွေအပေါ်တင်ချင်ရင် ဘယ်လိုတင်ရမယ်ဆိုတာက လိုအပ်လာပါတယ်။ ဒါကလည်း သိပ်ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ရိုးရှင်းလွယ်ကူပါတယ်။ ဒီ Article မှာ ကျွန်တော့်အနေနဲ့ GIF လေးတွေကို လူမှုကွန်ယက်မီဒီယာတွေပေါ် တင်ပုံတင်နည်းကို မိတ်ဆက်ပေးချင်ပါတယ်။
၁) ပထမဆုံး အဓိကလိုအပ်တာကတော့ သင်လူမှုကွန်ယက်မှာတင်မယ့် GIF ပါပဲ။ ဒါကတော့ အခြေခံလိုပါတယ်။ သင့်စက်ထဲမှာ GIF တစ်ခု အဆင်သင့်ရှိနေဖို့လိုအပ်ပါတယ်။
၂) အဲ့ဒီနောက်မှာတော့ သင့် Browser ထဲကိုဝင်ပြီး giphy.com ဆိုတဲ့ Website တစ်ခုထဲကိုဝင်ရမှာဖြစ်ပါတယ်။ ဝင်ပြီးသွားရင် သင့်အနေနဲ့ ညာဘက်အပေါ်ထောင့်နားလောက်မှာ Log In ဆိုတဲ့ ကလစ်လေးတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါလေးကို ကလစ်လုပ်လိုက်ပါ။
how to upload gif on facebook1

၃) ကလစ်လုပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ Register လုပ်ဖို့လိုအပ်လို့ ဘာနဲ့လုပ်မလဲလို့ မေးတာပါ။ Log In With Facebook ဆိုတာကိုပဲ နှိပ်လိုက်ပါ။
how to upload gif on facebook2
၎) အဲ့ဒီအခါ သင့်Facebook အကောင့်နဲ့လုပ်လိုသလားလို့ မေးမှာပါ။ သင့်အနေနဲ့ Password ရိုက်ထည့်လိုက်ပြီး Save နှိပ်လိုက်လို့ရှိရင်။ Success ဆိုပြီးပြပါလိမ့်မယ်။ အဲ့ဒါဆိုရင် ရပါပြီ။
how to upload gif on facebook 1
၅) Log In လုပ်တဲ့အပိုင်းပြီးသွားရင်တော့ ပုံကို Upload လုပ်ဖို့အပိုင်းရောက်ပါပြီ။ အပေါ်ပိုင်းမှာရှိတဲ့ Upload ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။
how to upload gif on facebook 2
၆) အဲ့ဒီအခါအောက်ကပုံအတိုင်း Box တစ်ခုကျလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ တင်လိုတဲ့ GIF ကိုရွေးချယ်ရမှာပါ။ Browse ကိုနှိပ်လိုက်ပါ။ Browse ကိုနှိပ်လိုက်ရင် GIF ရှိတဲ့ File ကိုရွေးချယ်ပြီး သင်တင်လိုတဲ့ GIF ကို ဖွင့်ရမှာပါ။
how to upload gif on facebook5
၇) ဖွင့်လိုက်ရင် အောက်က Box ကျလာမှာပါ။ သင့်အနေနဲ့ ကြက်ခြေခတ်အနီလေးပြထားတဲ့ဘေးမှာ File Name ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအောက်က “Enter Tags Separated by commas” ဆိုတဲ့ နေရာမှာ File အတွက် နာမည်တစ်ခုပေးလိုက်ပါ။ ပြီးရင် Upload GIF ကိုနှိပ်လိုက်ပါ။
how to upload gif on facebook 7

၈) အဲ့ဒီအခါမှာ Upload လုပ်နေတာကိုတွေ့ရမှာဖြစ်ပြီး ပြီးသွားရင် သင်ရွေးလိုက်တဲ့ GIF လေး Website မှာတက်နေတာတွေ့ရမှာပါ။ ဒါဆိုရင်ရပါပြီ။ အဲ့ဒီအောက်ဖက်လေးမှာ သင် Share ပြုလုပ်လိုတဲ့ လူမှုကွန်ယက် Website တွေရဲ့ icon လေးတွေရှိပါတယ်။ သင့်အနေနဲ့ Facebook တင်မဟုတ်ပဲ၊ Twitter, Instagram, Tembler စတဲ့ လူမှုကွန်ယက်အစုံမှာ Share လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Facebook မှာပဲ Share လုပ်လိုက်ပါတယ်။

how to upload gif on facebook8
၉) Facebook icon ကိုနှိပ်လိုက်ရင် သင်အကောင့်ထဲမှာ GIF ရဲ့ Link နဲ့အတူ သင်စာရေးလိုတဲ့ အကြောင်းအရာရေးထည့်ပြီး ပုံမှန် Post တင်သလိုပဲ Share လုပ်လိုက်ရင် GIF လေးသင့် Time Line မှာ တက်သွားပါပြီ။
how to upload gif on facebook9
ကဲ.. ပရိတ်သတ်ကြီးတို့ရေ။ ဒီအပေါ်က ပြခဲ့တဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ရင်း သင်တို့အနေနဲ့ လွယ်ကူချောမွေ့စွာပဲ GIF တွေကို သင့် Time Line မှာတင်လို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ GIF တွေလုပ်ပုံလုပ်နည်း လေးတွေသိချင်ရင်တော့ အောက်ကပြထားတဲ့ Link လေးတွေ ကလစ်လုပ်ရင်း ပြုလုပ်နိုင်ပါတယ်။

Android ဖုန်းများတွင် GIF လုပ်နိုင်သည့် အကောင်းဆုံး Apps များ
PC/Laptop နှင့် GIF လုပ်ပုံလုပ်နည်း

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုEffect ကောင်းကောင်းနဲ့လုပ်မယ် -Photo Grid - Collage Maker 5.164 APK for Android


ဖုန်းကိုင်ဆောင်ထားသောဘော်ဒါတို့ အတွက်ဓာတ်ပုံတွေကို မိုက်မိုက်စားစားEffect ကောင်းကောင်းလည်းနှင့်လုပ်မယ်ဆိုရင်တော့ ဒီ Photo Grid updated လေးကိုသုံးလိုက်ပါ။ဒီကောင်းလေးကတော့ ဘော်ဒါတို့အတွက်  Background , Sticker , Effect , Frame , Template အပြင်အခြားသော Feature တွေအများကြီးပါဝင်လို့ပါ။ Feature အပြည့်အစုံ ကိုအောက်မှာ အသေးစိတ်ရေးပြထားပါတယ်ဗျာ။ ဒီကောင်လေး၏ အသုံးဝင်းပုံ (ပုံစံ) တွေတော့အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက်  android os 2.3 အထက်ရှိဖုန်းများသုံးနိုင်ပြီး ဖိုင်းလေးကတော့17.57MB ဖြစ်ပါတယ်။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...