
မိုဘိုင်းဖုန်းလောကဆိုတာက ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်။ အချိန်နဲ့ အမျှ နည်းပညာတွေ ပြိုင်ဆိုင်နေကြသလို ဈေးကွက်ဝေစုကိုလည်း အမြဲလုနေကြရပါတယ်။ နည်းနည်းလေးသတိလက်လွတ်ဖြစ်သွားတာနဲ့ အောက်ဆုံးကိုလျှောကျသွား နိုင်ပါတယ်။ တစ်ချိန်ကဖုန်းကုမ္ပဏီကြီး Nokia လိုပေါ့။ ဒီလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖုန်းလောကမှာ ခေါင်းထောင်လာတဲ့ ကုမ္ပဏီနှစ်ခုရှိပါတယ်။ အဲဒီနှစ်ခုကတော့ Xiaomi နဲ့ OnePlus ပါ။ ကုမ္ပဏီနှစ်ခုစလုံးဟာ တရုတ်ကုမ္ပဏီတွေဖြစ်ပြီးတော့ ဈေးကွက်ထဲဝင်ပြီးသိပ်မကြာတဲ့အချိန်အတွင်းမှာပဲဝေစုတော်တော်များများကို...