12/31/2016

♪ Youtube Video များကို Software မသုံးပဲ MP3 Audio အဖြစ် ဒေါင်းယူနည်း ♫

ကွန်ပျူတာကနေ Youtube Video များကို Software မသုံးပဲ MP3 Audio အဖြစ် ဒေါင်းယူနည်းပါ...
အဆန်းတော့မဟုတ်ပေမဲ့... တခါတရံ လိုအပ်လာတတ်ပါတယ်... Firefox Browser နဲ့ Opera Browser တေတွမှာ Download MP3 Addon လေး ထည့်ပေးလိုက်ရုံပါပဲ။  Link ကို Copy ကူး နောက်တခါ Convent လုပ်ပေးရတဲ့ နည်းလမ်းတွေထက် အဆင်ပြေစေတာမို့ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်..။
အောက်ပါ Link မှ တဆင့် သက်ဆိုင်ရာ Browser ကို ထည့်ပေးပါ..။

ပုံမှာသုံးထားတဲ့ ကိုလေးဖြူရဲ့ "ပထမ နိုင်ငံတော်" သီချင်းကို ဒေါင်းယူချင်တယ်ဆိုရင်တော့ ဒီနေရာမှ တဆင့်ဒေါင်းယူနိုင်ပါတယ်။


Good Luck !!!


WinKabarKyaw
http://www.WinKabarKyaw.net






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Android User တွေ Super Mario Run ဆော့ဖို့ pre-register လုပ်ထားနိုင်ပြီ ♫


Pokemon Go တုန်းကထက် ပိုမိုရေပန်းစားပြီး လူကြိုက်များလျက်ရှိနေတဲ့ Super Mario Run ကို မကြာခင်မှာ Android အတွက် ထုတ်လုပ်ပေးတော့မှာဖြစ်ပြီး ထွက်ရှိတာနဲ့ ချက်ချင်း ရယူနိုင်စေဖို့ Google Play Store ပေါ်မှာ pre-register ပြုလုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

App ရဲ့ App Store ပေါ်မှာ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပြီး (၂) ပတ်အတွင်းမှာတင် Download ပြုလုပ်သူ အရေအတွက် သန်း (၅ဝ) ကျော်ခဲ့တဲ့ Super Mario Run ကို အခုလို Android အတွက်ပါ ထပ်မံ ထုတ်လုပ်ပေးတော့မှာဖြစ်တဲ့အတွက် Nitendo ရဲ့ ဥက္ကဌဖြစ်သူ Kimishima ရဲ့ Target တစ်ခုဖြစ်တဲ့ Download ပြုလုပ်သူ သန်း(၁၀၀) ဆိုတဲ့ မိုင်တိုင်တစ်ခုကို သေချာပေါက်စိုက်ထူနိုင်တော့မှာ လည်း ဖြစ်ပါတယ်။

Android အတွက်ထွက်ရှိလာမယ့် Super Mario Run ဟာလည်း iOS Version နဲ့ ရုပ်ထွက်ရော ပုံစံပါ အတူတူဖြစ်ပြီး iOS version မှာလိုမျိုး အင်တာနက်ဖွင့်ကာ ဆော့ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် iOS Version လိုမျိုး  အခမဲ့ Download ရယူကာဆော့ကစားနိုင်ပေမယ့် Six Worlds ကို Unlock ပြုလုပ်ဖို့အတွက်တော့ ဝယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။
https://play.google.com/store/apps/details?id=com.nintendo.zara



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ တယ်လီနောမှ (၀)၉၇၆ ဖြင့်စသည့် နံပါတ်လှများကို လေလံတင်ရောင်းချသွားမည် ♫


တယ်လီနောမှ အသုံးပြုသူများ နံပါတ် ၁၀၀ အထိ ဝင်ရောက်လေလံဆွဲနိုင်ရန် စတုတ္ထအကြိမ်မြောက် အထူးဖုန်းနံပါတ် လေလံပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ဤလေလံပွဲမှ ရရှိသော အကျိုးအမြတ်များကို သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ သို့ လှူဒါန်းသွားမည် ဟုသတိရသည်။
 
(၀)၉၇၆ ဖြင့်စသည့် ဖုန်းနံပါတ်များတွင် (၀)၉၇၆ ၆၆၆ ၆၆၆၆၊ (၀)၉၇၆ ၉၉၉ ၉၉၉၉၊ (၀)၉၇၆ ၅၅၅ ၅၅၅၅ စသည့် လူကြိုက်များသည့် အထူးနံပါတ်များပါဝင်မည် ဖြစ်ပြီး အလားတူ အခြား ကိန်းဂဏန်းအစဉ်များ ပါဝင်သည့် နံပါတ်များကိုလည်း ထည့်သွင်းထားသည်။ လေလံကြမ်းခင်းဈေးကို ဂဏန်း ၇ လုံး၊ ၈လုံးတူ အပူးနံပါတ်များအတွက် ကျပ်ငွေ သိန်း ၅၀ နှင့် အခြားနံပါတ်များမှာ ကျပ်ငွေ သိန်း ၃၀ ဟု သတ်မှတ်ထားသည်။ ဤအစီအစဉ်ကို ဥပဒေ အကြံပေး ကုမ္ပဏီ MN Associates မှ ကြီးကြပ်သွားမည် ဖြစ်သည်။

လေလံပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ ကြာသပတေးနေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသွားမည် ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ မှတ်ပုံတင်နံပါတ် သို့မဟုတ် ကုမ္ပဏီအသေးစိတ် အချက်အလက်များနှင့် ဘဏ်အကောင့် အချက်အလက်များကို specialnumber@telenor.com.mm သို့ ၂၀၁၇ ခုနှစ်။ ဇန်နဝါရီလ ၁၂ ရက်မတိုင်မီ ပေးပို့နိုင်သည်။ ထိုင်ခုံအရေအတွက် ကန့်သတ်ထားပါသဖြင့် လေလံပွဲ မတိုင်မီ တယ်လီနောမှ ရွေးချယ်ပြီး တက်ရောက်နိုင်သူများကို အသိပေးသွားမည် ဖြစ်သည်။

ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း လေလံပွဲများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ပွဲရက်နှင့် အချိန်များကို ဆက်လက်ကြေငြာသွားမည် ဖြစ်ကြောင်း သိရသည်။


Credit to ==> Digital Times
 



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ iPhone 8 ရဲ့ ထူးခြားချက် ၉ ချက် ♫


အခုလာမယ့် စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၁၁ ရက်နေ့ အတွင်း၊ စက်တင်ဘာ ရဲ့ ပထမလ၀က်အတွင်း မှာ Apple ကုမ္ပဏီ ရဲ့ အထင်ကရ ထုတ်ကုန်တစ်ခု ဖြစ်တဲ့ iPhone ရဲ့ ရှစ်ခုမြောက် မျိုးဆက် ထွက်ရှိလာပါမယ်။ တချို့ကတော့ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့ လို့ တိတိကျကျ ရည်ညွှန်းပါတယ်။
..
ရက်စွဲနဲ့ အတိအကျ သိရှိရတယ် ဆိုတာကလည်း APPLE ဟာ သူ့ထုတ်ကုန် အိုင်ဖုန်း ကို အဲဒီရက်တွေ အတွင်းမှာ အများပြည်သူရှေ့မှောက် မှာ စတင်ကြော်ငြာခဲ့လေ့ရှိတဲ့ အစဉ်အလာတစ်ခု ကြောင့် သာ ဖြစ်ပေမယ့် အခုအချိန်အထိတော့ iPhone နဲ့ ပတ်သက်တဲ့ သတင်းတွေ ဟာ Rumors – ခန့်မှန်းသတင်းတွေသာ ရှိနေသေးတာပါ။ iPhone 8 နဲ့ ပတ်သက်တဲ့ အဲဒီ Rumors သတင်းတွေကို စုစည်းပြီး စိတ်ဝင်စားဖို့ကောင်းမယ့် iPhone 8 ရဲ့ ထူးခြားချက်ကလေးတွေကို အချက်အလက်လေးတွေအဖြစ် Digital Times ပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။
…
(၁) အိုင်ဖုန်း (၁၀) နှစ်ပြည့်
တကယ်တော့ အိုင်ဖုန်း ဟာ Apple ရဲ့ Major Plans တွေထဲက ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ဖုန်း ထုတ်လုပ်မယ့် ရက်ဝန်းကျင်တွေမှာ တခြား ဘယ်ထုတ်ကုန်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိတဲ့အပြင် ထုတ်လုပ်မယ့် iPhone ကို ပံ့ပိုးထောက်ပံ့ပေးမယ့် ဆော့ဖ်ဝဲ ၊ OS update တွေကိုသာ ပေးအပ်လေ့ရှိပါတယ်။ တခြား ထုတ်ကုန်တွေကလည်း Apple ရဲ့ တခြား ထုတ်ကုန်တွေနဲ့ နှိုင်းစာရင် iPhone ကို ပိုပြီး ရွံ့လေ့ရှိပြီး အိုင်ဖုန်း ထွက်ရှိမယ့် ရက်တွေဆိုရင် အနည်းငယ် ရှောင်ပြီး ထွက်လေ့ရှိပါတယ်။
.
iPhone one လို့ ခေါ်ဆိုရမယ့် ကနဦး အိုင်ဖုန်း ကို ၂၀၀၇ခုနှစ် က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MacRumors ရဲ့ အဆိုအရ ပစ္စည်းတစ်ခု ထွက်ရှိပြီး နောက်တစ်နှစ် ပြည့်တဲ့အချိန် ကို (၁) နှစ် တာ ကာလအဖြစ် သတ်မှတ်ခဲ့မယ် ဆိုပါက ၂၀၁၇ ခုနှစ်ဟာ အိုင်ဖုန်း အတွက် (၁၀)နှစ် ပြည့်မြောက်တဲ့ ကာလဖြစ်ပါတယ်။ အိုင်ဖုန်း ထွက်ရှိခဲ့တဲ့ နှစ်တွေ ကို တန်းစီကြည့်မယ် ဆိုရင် အခုလို ရရှိနိုင်မှာပါ ။
.
2007 – iPhone
2008 – iPhone 3G
2009 – iPhone 3GS
2010 – iPhone 4 (new design)
2011 – iPhone 4s
2012 – iPhone 5 (new design)
2013 – iPhone 5s
2014 – iPhone 6 and iPhone 6 Plus (new design)
2015 – iPhone 6s and iPhone 6s Plus
2016 – iPhone 7 and iPhone 7 Plus
2017 – iPhone 8 and iPhone 8 Plus ( coming )
…..
2
(၂) ပရိုဆက်ဆာ
ထုံးစံအတိုင်း သူ့အကြိုက် ပရိုဆက်ဆာ ကိုသာ အစဉ်တစိုက် သုံးစွဲလေ့ရှိခဲ့တဲ့ Apple ဟာ အခုတစ်ခေါက်မှာလည်း အမြန်ဆုံး ၊ အသေးငယ်ဆုံး နဲ စွမ်းအားအပြည့်ဆုံး ပရိုဆက်ဆာကို ပဲ သုံးစွဲထားပြီး 10 NanoMeter Process ပါရှိတဲ့ A11 Chip ပဲ ဖြစ်ပါတယ်။ Apple ဟာ အဲဒီ chipset တွေကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဆန်းမှာပဲ စတင် စမ်းသပ်သွားမယ် လို့ ဆိုပါတယ်။ ၂၀၁၇ နှစ်လယ်ပိုင်းမှာ အဲဒီ Chipstet တွေ ဟာ အိုင်ဖုန်း Version အသစ်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
3
(၃) ကြိုးမဲ့အားသွင်းစနစ်
ဒါဟာလည်း ခန့်မှန်းသတင်းမျှသာ ဖြစ်ခဲ့ပြီး ကာလရှည်ကြာ စိတ်ပျက်လက်ပျက် အားသွင်းနေကြရတဲ့ အိုင်ဖုန်းချစ်သူတွေဆီ ကနေ ပေါ်ထွက်လာခဲ့တဲ့ သတင်းအတို၊ အစ တွေတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကုမ္ပဏီကတော့ အခု ခန့်မှန်းသတင်း နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တစ်ခု မှ မပေးထားပေမယ့် ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာနိုင်တဲ့ အရိပ်အယောင် တွေ အများအပြား ထွက်ပေါ်နေတယ် လို့ ဘလော့ဂါတွေ က ရေးသားကြပါတယ်။
4-2
(၄) ဘိုင်အိုမက်ထရစ်
Apple Features တွေကို အစဉ်တစိုက်လေ့လာ အကဲဖြတ်ခဲ့မှုတွေ အရ လာမယ့် iPhone 8 မှာ ဘိုင်အိုမက်ထရစ် နည်းပညာ ထည့်သွင်းလာဖွယ်ရာ ရှိနေပါတယ်။ BioMetric ဆိုတာ ကို အလွယ်ကူဆုံးအနေနဲ့ ကြည်ရှုမယ် ဆိုရင် စမတ်ဖုန်းတွေ မှာ ပါတတ်တဲ့ လက်ဗွေဖတ်ရှုနိုင်တဲ့ နည်းပညာ ဟာ Biometric နည်းပညာရပ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်အိုမက်ထရစ် ဆိုတာ ကွန်ပျူတာ သိပ္ပံပညာရပ် တစ်ခုကို အသုံးပြုပြီး ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြု စစ်ဆေးပေးတဲ့ နည်းပညာ တစ်ခု လို့ မှတ်ယူထားနိုင်ပါတယ်။ အဲဒီနည်းပညာ မှာ ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်ကို ခွဲခြားတဲ့ Phy-siological Characteristics နဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အမူအကျင့် ကို ခွဲခြားတဲ့ နည်းပညာ Behavioral Characteristics ဆိုပြီး နှစ်မျိုး အသေးစိတ်ပြန်လည် ခွဲဖြာထွက်သွားပါတယ်။ အခု ပါရှိလာမယ့် ဘိုင်အိုမက်ထရစ် ကတော့ Facaial Recongnition ဘက်ခြမ်းပိုင်းဆိုင်ရာ ဘိုင်အိုမက်ထရစ် ဖြစ်ပြီး အဲဒါကို IRIS scanning နည်းပညာ နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
( ဒီသတင်းကတော့ Apple နောက်ကွယ်ကနေ IRIS chipset တွေကို ဖန်တီးပေးနေရတဲ့ Xintec ကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တွေကတော့ နည်းပညာ က မြင့်မားလွန်းလှပြီး စမ်းသပ်ရင်း နဲ့ပဲ လုပ်ကိုင်နေဆဲ ကာလ ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် မရောက်မချင်း ထွက်ပေါ်လာဦးမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။)
5
(၅) ကင်မရာ
အိုင်ဖုန်း ဟာ ကင်မရာတွေ နဲ့ ပတ်သက်လာရင် လူတိုင်းနီးပါး အကြိုက်တွေ့ကြလေ့ရှိပါတယ်။ iPhone 7 နဲ့ iPhone 7+ တွေမှာ သုံးစွဲခဲ့တဲ့ ကင်မရာ ပိုင်းတွေဟာ အတော့်ကို အဆင့်မြင့်လှပြီး DSLR တွေကို ယှဉ်နိုငတဲ့ ကင်မရာတွေလို့ တင်စားခေါ်ဝေါ်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီအတွက် iPhone 8 ဟာ မျှော်လင့်ထားသလလောက် ကင်မရာပိုငး အပြောင်းအလဲ ရှိမှာ မဟုတ်ဘူး လို့ ယူဆလို့ ရပါတယ်။ အဲဒါက လည်း Apple မူအရ ပါ။ ဒါပေမယ့် iPhone 8 မထွက်ခင်မှာ ထွက်ပေါ်ခဲ့တဲ့ Rumors သတင်းတွေ အရ ထွက်ရှိလာဦးမယ် လို့ မှန်းဆရတဲ့ iPhone 7 s ဟာ ဒေါင်လိုက် ကင်မရာ ပါဝင်မယ် လို့ သတင်းထွက်ထားတဲ့အတွက် Dual Camera ကို ဒေါင်လိုက်လည်း ဖြစ်လာနိုင်ပါတယ်။
6
(၆) ရုပ်ထွက်
၂၀၁၇ ခုနှစ်မှာ OLED မျက်နှာပြင် ကို ပြောင်းလဲ မယ် လို့ အားလုံး က ထင်နေကြပေမယ့် Edge To Edge ကိုတော့ အလုံးစုံ ပြောင်းလဲမှာ မဟုတ်ဘူး လို့ Wallstreet Journal နဲ့ Bloomberg က ထုတ်ဖော်ရေးသားထားပါတယ်။
7
(၇) မမ်မိုရီ
ဆမ်ဆောင်း ဟာ NAND Memory ကို ထုတ်ဖော်အောင်မြင် ခဲ့ပြီးတဲ့နောက်မှာ iPhone 8 ကလည်း အလားတူ အသစ်တီထွင်မှု တစ်ခုခု ကို ဒီနေရာမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ အနိမ့်ဆုံးကတော့ 256GB သိုလှောင်စွမ်း ရဲ့ ကိုက်ညီစေမယ့် Memory အမျိုးအစား တစ်ခုခု ဖြစ်မှာ သေချာနေပေမယ့် ၂၀၁၂ ခုနှစ်တုန်း က iPhone 5 ကို ဆမ်ဆောင်း က အထောက်အပံ့ပေးခဲ့သလိုမျိုး NAND Memory ကိုပဲ ပြန်လည် သုံးစွဲလာဖို့လည်း များနေပါတယ်။ ပြောရမယ် ဆိုရင် MacBook တစ်ခုလုံး နီးပါးစာ သိုလှောင်နိုင်စွမ်းအား တွေ ရရှိလာနိုင်ဖွယ်ရာ မြင်နေပါတယ်။
8
(၈) Taptic Engine
ဒါကတော့ သိတ်ရင်းနှီးကြဦးမယ် မထင်ပါဘူး ။ လက်ရှိမှာ iphone 7 မှာ Home button မပါဝင်တော့ဘူး။ အဲဒိအတွက် အစားထိုးထားတဲ့ Taptic Motro Engine ဟာ စမတ်ဖုန်းတွေကို သုံးတဲ့အခါ 3D Display တွေကို ပြသစဉ်တိုင်းမှာ တုန်ခါမှုနှုန်းတွေ နဲ့ တခြား မညီမျှမှုတွေကို ချိန်ညှိပေးမယ့် အင်ဂျင်တစ်ခု သာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ 3D ရုပ်ထွက်တွေ ထစ်အ မသွားအောင် လို့ နောက်ကွယ်ကနေ ဆောင်ရွက်ပေးမယ့် Engine တစ်ခု ပေါ့ ။ အဲဒီ Taptic Engine ကို iPhone 7 နဲ့ iPhone 7+ မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် မျှော်လင့်ကြတဲ့ ခန့်မှန်း တစ်ခု က Home Button မှာ သုံးစွဲထားတဲ့ Taptic Engine ကို သုံးစွဲပြီး Features နဲ့ ခံစားမှုအသစ်တွေ ကို ရရှိစေပါတယ်။ ဒါပေမယ့် မျှော်လင့်တာက အဲဒါကို အဆင့်မြှင့်ပေးမှာလား ဆိုတာပါပဲ။
9
(၉) ရက်စွဲ ၊ အမည် ၊ ဈေးနှုန်း
– ရက်စွဲကတော့ ဖော်ပြထားခဲ့သလိုပါပဲ ။ စက်တင်ဘာ လ အတွင်းမှာ ဖြစ်လာမယ် လို့ မှန်းဆထားကြပြီး ထူးခြားမှုတစ်ခု လည်း မဟုတ်ပါဘူး။
– ထူးခြား မှု က တော့ သတင်းတွေပါ။ iPhone 8 အတွက် ရဲ့ အမည်နာမ သတင်းတွေပါ။  iPhone 8 ကို ထုတ်လုပ်မယ် လို့ သတင်းမထွက်ခင် မှာ iPhone 7S နဲ့ iPhone 7S+ ကို လွှင့်ထုတ်မယ် လို့ ပြောထားပါတယ်။ အဲဒီအပြင်မှာ မူကွဲ ဒီဇိုင်း တစ်မျိုး ဖြစ်တဲ့ အရမ်းလည်း လန်းတဲ့ ” ဖယ်ရာရီ” ဆိုတဲ့ မော်တော်ကား နာမည် နဲ့ ဖုန်းအသစ် တစ်ခု ထုတ်လုပ်မယ် လို့ ဆိုပါတယ်။ ဒါကြောင့် iPhone 8 ဟာ ရှိရင်းစွဲ အစဉ်လိုက်တဲ့ အမည်ဖြစ်ပြီး Ferrari ဆိုတာ က iPhone 8 ရဲ့ တကယ့်အမည်စစ် ဖြစ်လာလေမလား ။ ဒါမှမဟုတ် Rumors ထဲကအတိုင်း iPhone 8 လည်း ဖြစ်လာနိုင်ပါတယ်။
– ဈေးနှုန်း
  • iPhone 5 – £529
  • iPhone 5S – £549
  • iPhone 6 – £539
  • iPhone 6S – £539
  • iPhone 7 – £599
  • iPhone 7 Plus – £719
အနီးစပ်ဆုံးထုတ်ကုန် ၆ ခု ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ဈေးနှုန်းကို အဲဒိလို မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် လာမယ့် iPhone 8 ဟာ ဒေါ်လာ ၅၉၉ ပတ်ဝန်းကျင် နဲ့ ဈေးစဖွင့်နိုင်ဖွယ်ရာ ရှိနေပေမယ့် ဒေါ်လာ ၈၀၀ နီးပါး လည်း ကပ်သွားနိုင်ပါတယ်။ အဲဒီအတွက် မြန်မာငွေ နဲ့ တွက်ချက်လိုက်ရင် iPhone 7 တို့လို ၁၀ သိန်း အထက်နဲ့ ပဲ ပေါက်ဈေးဖွင့်လာနိုင်ဖွယ်ရာ ခန့်မှန်းရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

12/30/2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: one or more people, phone and text

မေး - Facebook Video Auto ဖြစ်နေတယ်အစ်ကို။ ဘယ်လိုပိတ်ရမလဲအစ်ကို။
ဖြေ - Account Setting ထဲဝင် App Setting ထဲကိုပြန်ဝင် Auto Play ကို ပိတ်ပေးလိုက်ပါ။

မေး - YouTube က Video တွေကို ဘယ်လို Download လုပ်ရမလဲ။
ဖြေ - YouTube က Video တွေကို Phone နဲ့ ဆွဲချင်တယ်ဆိုရင် Tubemate Apk ဒါမှမဟုတ် Vmate Apk တို့နဲ့ ဆွဲလို့ရပါတယ်။

မေး - Facebook က Video တွေ Down မရလို့ ဘယ်လို Down ရမလဲ ပြောပြပေးပါလားရှင်။
ဖြေ - Facebook က Video တွေ Down ချင်ရင် Facebook Video Downloader Apk ရှိတယ်။ ဒါမှမဟုတ် Tubemate Apk Software တွေနဲ့လည်း Save လုပ်ပြီး Down လို့ရပါတယ်။

မေး - Xiaomi ဖုန်းကို China Rom နဲ့ Global Rom ဘယ်လိုခွဲတာလဲ ခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေကို Rom ခွဲတာသိချင်ရင် Setting > Additional Setting ထဲဝင် Language ထဲဝင် Language ထဲမှာ English Language ရယ် China Language ရယ် စသည်ဖြင့် ၄ မျိုးလောက်ပါတယ်။ အဲ့ဒါက China Rom ။ အကယ်၍ Language ထဲမှာ ဘာသာစကားတွေ အများကြီးပါခဲ့မယ်ဆိုရင် Global Rom လို့ အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်ခင်ဗျာ။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက ဖုန်းအ၀င် Call အထွက် Call မှန်သမျှ နားကျပ်နဲ့တပ်ပြီး ပြောနေရတယ်။ Speaker ဖွင့်ပြီးပြောလည်းမရဘူး။ ဖုန်းနဲ့နားကပ်ပြောလည်း မရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက အသံပိုင်းဆိုင်ရာလမ်းကြောင်းမှာ Error တက်သွားတဲ့အတွက် နီးစပ်ရာ Service ဆိုင်ကို ပို့လိုက်ပါ။

မေး - ဆရာ ကျွန်တော့်ဖုန်းက Power ပိတ်ပြီး ပြန်ဖွင့်ရင် Power Key ကို အကြာကြီးအရမ်းဖိပြီး နှိပ်နေရတယ်ခင်ဗျာ။ ဘယ်လိုလုပ်ရမလဲ။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အဲ့လိုဆိုရင် အစ်ကို့ဖုန်းက Power Key မကောင်းတာကြောင့်ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုသွားပြလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက တစ်ခါရေထဲကျဖူးပါတယ်။ ဒါပေမယ့် သုံးလို့ရသေးတယ်။ သုံးပြီး ၂ လလောက်နေတော့ LCD အလင်းမှိန်လာပါတယ်ခင်ဗျာ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ညီလေးဖုန်းက ရေ၀င်ပြီး ရေချိုတွေက ဖုန်းရဲ့ Backlight ပိုင်းမှာညှိပြီး လျှော့ဖြစ်နေတာပါ။ နီးစပ်ရာ Service ဆိုင်ကို သွားပြလိုက်ပါ။

မေး - ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်က ဖုန်းဆိုင်မှာ Service လေး လုပ်ပါတယ်။ ကျွန်တော့်ဖုန်းက Huawei ပါ။ Version လေး 4.0.3 ပါ။ မြန်မာဖောင့်မပေါ်ဖြစ်နေတယ်။ စ၀ယ်တုန်းက မြန်မာဖောင့်ပါပါတယ်။ စက်လေးတော့ Factor Restart ချလိုက်တာ ပြန်တက်လာတော့ အဆင်မပြေဖြစ်သွားတယ်။ Theme နဲ့လည်း ကစားကြည့်တယ်။ အဆင်မပြေဘူး။ နည်းလမ်းလေးများရှိမလား။ Root လုပ်ပါတယ်။ ဖောက်ပါတယ်။ မြန်မာစာမပေါ် ဘူး။ ဘာများဖြစ်လို့လဲ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက မြန်မာတစ်ဝှမ်းနဲ့နိုင်ငံအားလုံးရဲ့ ရောင်းအားအကောင်းဆုံး Huawei ဖုန်းလေးတစ်ခုဖြစ်တယ်။ သုံးရစွဲရတာလည်း အဆင်ပြေတယ်။ မြန်မာနိုင်ငံမှာသုံးတယ်ဆိုတော့ မြန်မာလိုမြင်မှ အဆင်ပြေမှာလေ။ Huawei ဖုန်းတော်တော်များများ Version 4 ကျော်ရင် V Root 1.7.9 ဖောက်ပါတယ်။ တချို့ဖုန်းတွေက Root ဖောက်တာနဲ့ အဆင်ပြေပါတယ်။ အဆင်မပြေတဲ့ ဖုန်းများကို Zawgyi Changer အနိမ့်နဲ့ ကစားပေးရပါတယ်။ အဲ့ 4.3 ကျော်ရင်တော့ MMSD Changer နဲ့ ပြုလုပ်ပေးရပါတယ်။ အစ်ကို့ဖုန်း အဆင်ပြေမှာပါ။

မေး - iPhone 5 မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်တဲ့အခါမှာ Fix.Application Notcompatible ဆိုတဲ့ Error ပြနေတာ ဘာဖြစ်လို့ပါလဲ။
ဖြေ - ဟုတ်ကဲ့။ ဒီ Error ကတော့ Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်လိုက်ပါ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...