12/01/2016

♪ Facebook Mobile App မှာ Links များကို နှစ်သက်ရာ Browser နဲ့ ဖွင့်နည်း ♫

1

Facebook Mobile App ကို အသုံးပြုသူများအနေနဲ့ မကြာမီက ပြောင်းလဲမှုတစ်ခုကို သတိထားမိကြမှာပါ။ Link တစ်ခုကို နှိပ်လိုက်ရင် သင်နှစ်သက်တဲ့ ဘရောက်စာကနေ ဖွင့်ပေးခြင်းမရှိတော့ဘဲ Facebook ရဲ့ ကိုယ်ပိုင် ဘရောက်စာကနေ ဖွင့်ပေးတာ ဖြစ်ပါတယ်။

Facebook ကတော့ သူ့ရဲ့ ဘရောက်စာဟာ Links များကို ပိုမိုမြန်ဆန်စွာ ဖွင့်ပေးနိုင်တယ်လို့ ပြောပေမယ့် တကယ်တော့ နှေးကွေးပါတယ်။ စွမ်းဆောင်ရည်နိမ့်ဖုန်းများမှာတော့ Facebook App ကနေ အခြား Browser App တစ်ခုကို ပြောင်းစရာမလိုဘဲ ဖွင့်ပေးနိုင်တဲ့အတွက် မြန်ဆန်ကောင်းမြန်ဆန်နိုင်ပါတယ်။ ဒါပေမယ့် လေးလံတဲ့ Webpage တွေ၊ ဓါတ်ပုံတွေနဲ့ ကြော်ညာများစွာ ပါတဲ့ Webpage တွေကို ဖွင့်ရာမှာတော့ Facebook ရဲ့ ဘရောက်စာဟာ Chrome လောက် မမြန်ပါဘူး။ အဲဒီအတွက် Facebook မှ Link တွေကို Chrome လို ဘရောက်စာကနေ ဖွင့်ပေးနိုင်အောင် ပြုလုပ်ရတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

Chrome နဲ့ ပြောင်းဖွင့်ခြင်း
Facebook မှာ လင့်တစ်ခုကို နှိပ်ရင် သူ့ရဲ့ ကိုယ်ပိုင် ဘရောက်စာနဲ့ ဖွင့်ပေးမှာပါ။ Chrome နဲ့ ပြောင်းဖွင့်ချင်ရင် Facebook Browser ရဲ့ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Open in Chrome သို့မဟုတ် Open with ကို နှိပ်ရမှာပါ။

1

ဒီနည်းက သိပ်တော့ အဆင်မပြေလှပါဘူး။ ဘာလို့လည်းဆိုတော့ အဆင့်တစ်ဆင့် ကြားမှာခံနေလို့ ဖြစ်ပါတယ်။ လင့်ကို နှိပ်လိုက်တာနဲ့ Facebook Browser အစား Chrome မှာ တိုက်ရိုက်ဖွင့်ပေးအောင် ပြုလုပ်မှသာ အဆင်ပြေမှာပါ။

ဒီလိုလုပ်ဖို့အတွက် Facebook Browser ကို ပိတ်ထားရမှာပါ။ Facebook App ရဲ့ ညာဘက်အပေါ်ထောင့်မှ Navigation Button ကို နှိပ်ပါ။ အောက်ကို Scroll လုပ်ပြီး Help & Settings ကဏ္ဍအောက်မှ App Settings ကို နှိပ်ပါ။

2

“ Always open links with external browser “ မှာ အမှန်ခြစ်ပေးပြီး On ဖြစ်အောင် လုပ်ပါ။ Back Button ကိုနှိပ်ပြီး Settings ထဲက ထွက်နိုင်ပါပြီ။

3

ဒါဆိုရင် Facebook မှ လင့်တစ်ခုကို နှိပ်ရင် Chrome သို့မဟုတ် သင့်ရဲ့ Default Browser နဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ Android Phone ကို လျှင်မြန်စေပြီး ဘက်ထရီကို ချွေတာပေးမယ့် Greenify ♫

5

Tasker တွေဟာ နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို ဖုန်းရဲ့ RAM Memory ထဲက အပြီးတိုင် ရှင်းထုတ်လိုက်တဲ့အတွက် နောက်တစ်ခါ အဲဒီ Apps တွေကို ဖွင့်ရင် Internal Memory ထဲကနေ Load လုပ်ရတဲ့အတွက် လေးလံနေတတ်ပါတယ်။ အဲဒါကြောင့် Task Killer Apps တွေဟာ ဖုန်းကို မမြန်စေဘဲ ပိုမိုလေးလံစေတဲ့အတွက် မသုံးသင့်ပါဘူး။ Greenify ဆိုတဲ့ App က နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို RAM ထဲက မထုတ်ပစ်ဘဲ Hibernate လုပ်ထားတဲ့အတွက် နောက်တစ်ခါ အဲဒီ App တွေဖွင့်ရင် လျှင်မြန်စွာနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Greenify ဟာ ဖုန်းကို လျှင်မြန်စေသလို ဘက်ထရီကိုလည်း ချွေတာပေးနိုင်ပါတယ်။

Greenify ဟာ စထွက်ထွက်ချင်းမှာ Rooted Phone တွေအတွက်သာ ဖြစ်ပေမယ့် အခုတော့ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာတော့ Auto-Hibernation ပြုလုပ်လို့မရဘဲ Manual ပြုလုပ်ရပါတယ်။ အခု Tutorial မှာတော့ Root လုပ်ထားတဲ့ ဖုန်းတွေအတွက် ရည်ရွယ်ရေးသားပေးလိုက်ပါတယ်။

Greenify ကို ဖွင့်ရင် Main Screen ကို ရောက်သွားမှာပါ။ Apps တွေကို Hibernate လုပ်ဖို့ အပေါ်မှ အပေါင်း ခလုတ်ကို နှိပ်ပါ။

1

App Analyzer ကိုရောက်ရင် ကဏ္ဍ လေးခုနဲ့ Apps တွေကို ဖော်ပြပေးထားမှာပါ။ “Running in Background”, “Scheduled Running”, “May Slow Down the Device When” နဲ့ “ More” တို့ ဖြစ်ပါတယ်။ More ကို တစ်ချက်နှိပ်ပြီး Apps အားလုံးကို ပြသပေးအောင် ပြုလုပ်ပါ။ ပြီးရင်တော့ Hibernate လုပ်ချင်တဲ့ Apps တွေကို တစ်ချက်စီနှိပ်ပြီး ရွေးချယ်ပါ။ ရွေးချယ်လိုက်တဲ့ Apps တွေကို အစိမ်းရောင်နဲ့ ခွဲခြားပြသပေးမှာပါ။ ပြီးရင်တော့ အောက်ခြေမှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် Apps တွေကို Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ Apps တွေကို သင်အသုံးပြုပြီးတဲ့အခါမှာလည်း Greenify က အလိုအလျှောက် Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။

2 

3

မှတ်ချက်။ ။ Greenify ကို တီထွင်သူတွေက သတိတစ်ခုပေးထားပါတယ်။ Messenger , Alarm Clock နဲ့ Phone နဲ့ ပတ်သက်တဲ့ Apps တွေကိုတော့ Hibernate မလုပ်သင့်ပါဘူး။ အဲဒီလို Apps တွေကို Hibernate လုပ်ရင် Apps တွေရဲ့ စွမ်းဆောင်ချက်တွေဟာ မှန်ကန်သင့်တင့်စွာ အလုပ်မလုပ်တတ်လို့ ဖြစ်ပါတယ်။
Hibernate လုပ်ပြီးသွားရင် Main Screen ကို ပြန်ရောက်သွားပြီး Hibernated ဖြစ်နေတဲ့ Apps တွေကို ပြသပေးထားပါတယ်။

4

အပေါင်းခလုတ်ကို ပြန်နှိပ်ပြီး App Analyzer ထဲကို ပြန်သွားပါ။ Facebook Messenger, Viber , Alarm Clock စတဲ့ Apps တွေကို ရွေးချယ်ပြီး အပေါ်ထိပ်မှ မျှားအောက်စိုက်နေတဲ့ ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ Apps တွေကို လျစ်လျှူရှုထားပေးမှာ ဖြစ်ပြီး App Analyzer မှာ ပြသမှာ မဟုတ်ပါဘူး။ လျစ်လျှူရှုထားတဲ့ Apps တွေကို App Analyzer မှာ ပြသပေးစေချင်ရင် ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုနှိပ်ပြီး Show All ကို နှိပ်ပါ။

5
6

App တစ်ခုကို Hibernate လုပ်ထားရာမှ ပယ်ဖျက်ချင်ရင် Main Screen ကို သွားပြီး App ကိုရွေးချယ်ပါ။ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Degreenify selected app ကို နှိပ်ပါ။

7

ဒါကတော့ Rooted လုပ်ထားတဲ့ ဖုန်းတွေမှာ Greenify ကို အသုံးပြုနည်းဖြစ်ပါတယ်။ Root မလုပ်ထားတဲ့ ဖုန်းတွေမှာလည်း အသုံးပြုနည်းက အတူတူပါပဲ။ ကိုယ်တိုင် Hibernate လုပ်ရတဲ့ အဆင့်တစ်ခုသာ ပိုပါတယ်။


Download Greenify



Credit to ==> Myanmar Digital Life Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

♪ ပြိုင်ကား Game စစ်စစ်မောင်းချင်သူများအတွက် - FX-Racer Unlimited v1.4.10 Apk (Nov-27) ♫

   FX-Racer Unlimited- screenshot

ကဲဗျာအခုတစ်ခါမှာတော့ Game ဘက်ကိုပြန်လှည့်ပါဦးမယ်။ အခု Android Phone & Tablet တွေမှာ ကားမောင်းပြိုင်ချင်သူများအတွက် ကားမောင် Game စစ်စစ်ကိုတင်ပေးလိုက်ပါတယ်ဗျာ။ နာမည်ကြီး Formula 1 ကားမောင်းပြိုင်ပွဲအတိုင်းပါပဲ။ အခုတင်ပေးလိုက်တာ Unlimited Game ဖြစ်တဲ့အတွက် မိမိ သဘောကျတဲ့ ကြိုက်တဲ့ပြိုင်ကားတွေကို ရွေးချယ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အဆင်တွေနဲ့မောင်း ချင်တဲ့ ကားမောင်ပြိုင်တဲ့ လမ်းတွေ နေရာတွေ မြေပုံတွေကိုလည်းစိတ်ကြိုက်ရွေးချယ်မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်ဗျာ။ ရုပ်ထွက်ရောအသံပိုင်းမှာပါ တော်တော်လေးကောင်းမွန်တဲ့ Game လေးတစ်ခုပါ။ ကားမောင်း စဉ်မှာကြားနေရတဲ့ Music ကလည်းအတော်လေးကိုလန်းပါတယ်ဗျာ။ Obb Data မလိုဘဲ Apk File ကိုသာ Install လုပ်ပြီးကားနိုင်မှာဖြစ်ပါတဲ့အတွက် အဆင်ပြေလွယ်ကူမှာပါ။ Android OS 2.3 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 







   FX-Racer Unlimited- screenshot

   FX-Racer Unlimited- screenshot

   FX-Racer Unlimited- screenshot


Formula Unlimited 2014 - screenshot

Formula Unlimited 2014 - screenshot
Formula Unlimited 2014 - screenshot

Formula Unlimited 2014 - screenshot

Formula Unlimited 2014 - screenshot



Download



www.pyaephyo.com
Read More ...

♪ ဖုန်းကိုမြန်ဆန်ပေါ့ပါးစေပြီး Antivirus ပါသတ်ပေးနိုင်တဲ့ - 360 Security – Antivirus Boost v3.9.1 build 4890 Apk ♫

Cover art

Android 360 Security Antivirus Free v3.9.1.4890 Apk ဒီကောင်လေးကတော့ မိမိတို့ဖုန်းမှာနှောင့်ယှက် တတ်တဲ့ virus တွေကိုအကောင်းနှိမ်နှင်းသုတ်သင်ပေးနိုင်ပြီး မိမိတို့ရဲကဖုန်းကိုအမြဲတမ်း Scan စစ်ပေးကာ Cleaner ပေးနိုင်ပါတယ် သူ့ရဲ့လုပ်ဆောင်ပုံကဒါတင်မကသေးပါဘူး Battery တွေကိုကြာရှည် ခံအောင် ထိမ်းသိမ်းပေးနိုင်တဲ့ Power-saver တွေ မိမိမလိုချင်တဲ့သူတွေဆီက call တွေ massage တွေကို မ၀င် လာ အောင်တားဆီးပေးနိုင်တဲ့ Calls & SMS blocker တွေ application တွေကိုမိမိစိတ်ကြိုက် ပုံသွင်းလို့ရတဲ့ App manager တွေနဲ့ မိမိဖုန်းရဲ့ data တွေကိုစီမံခန့်ခွဲမယ့်  Data monitor တို့ပါဝင် လာတာကြောင့် စွယ်စုံရ apk လေးလို့ပြောလို့ရပြီး android ဖုန်းတိုင်းဆောင်ထားသင့်တဲ့ apk လေးပါဗျာ ။ ဖိုင်ဆိုဒ်က 11mb ရှိပြီး android ဖုန်းအားလုံးမှာအသုံးပြုနိုင်ပါတယ်။



Highlights of 360 Security - Antivirus:
►Security & Antivirus
Scan installed apps, memory card content, and new apps automatically. 360 Security’s latest protection technologies against viruses, adware, malware, trojan and more.
►Junk File Cleaner
Delete useless Android system files, large files and app caches for an instant speed boost to your Android performance, while freeing up storage space with a single tap.
►Memory Boost
Free up memory (RAM) and boost your mobile phone. Our One Tap Clean feature reclaims memory allowing you to open apps without delay!
►Power Saver
Intelligently saves your device’s power by knowing when to automatically trigger 360 Security’s Clean feature, which saves you all the battery power you need, when you need it the most.
►Anti-theft
An all-in-one anti-theft solution, should you lose your beloved phone. A suite of features including, Erase, Locate, Alarm and Lock can assist you with retrieving a lost device and protecting personal data.You can trigger remote features via our web interface at http://findphone.360safe.com
►Privacy
Privacy & App Lock – Prevent data on the device such as apps, SMS, photo albums, and other important and private documents from falling into the wrong hands.
►Real time protection
Scan installed apps and local APK files in real time and also monitor each installation process.Protect your mobile device with 360 Security, a top of the line free security app designed to protect your Android phone against the latest virus, malware, system vulnerabilities, and privacy risks. The app also cleans application caches and junk files from your system, Increases the available storage space on SD card and boosts your Android phone for free.





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 







   360 Security - Antivirus Boost- screenshot         360 Security - Antivirus Boost- screenshot

   360 Security - Antivirus Boost- screenshot         360 Security - Antivirus Boost- screenshot

   360 Security - Antivirus Boost- screenshot         360 Security - Antivirus Boost- screenshot

   360 Security - Antivirus Boost- screenshot



Download


www.pyaephyo.com
Read More ...

♪ Mini game လေးတွေပေါ့ပေါ့ပါးပါးဆော့ကစားချင်သူတွေအတွက် Doomsday Raid game ♫


Mini game လေးတွေပေါ့ပေါ့ပါးပါးဆော့ကစားလိုသူတွေအတွက် Doomdays Raid ဆိုတဲ့ game လေးကို တင်ပေးလိုက်ပါတယ်။ game အမျိုးအစားကတော့ လမ်းသွားရင်း Devil တွေကို ပစ်ခတ်ဆော့ကစားရတဲ့ game လေးပါ။ ဆော့ကစားကြည့်ချင်ရင်တော့ရယူလိုက်ပါ။

oooooOOOOO Doomdays Raid game အားရယူရန် OOOOOooooo


Warmly Welcome
KoHtoo ( MMAS )





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...