တရုတ်ဖုန်းကုမ္ပဏီ OnePlus သည် ၂၄၉ ဒေါ်လာဖြင့် ရောင်းချသည့် စမတ်ဖုန်းသစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။
OnePlus X တွင် ၅ လက်မ 1080p HD screen ပါဝင်ပြီး Snapdragon 801
ချစ်ပ်နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှုပမာဏက 16GB
ဖြစ်သော်လည်း microSD card ဖြင့် 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။
ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။ Operating
system မှာ Android 5.1.1 ကို အခြေခံထားသော OxygenOS ဖြစ်သည်။
ဈေးသက်သာသည့် စမတ်ဖုန်းအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသောကြောင့် fingerprint
sensor ကဲ့သို့သော feature များ မပါဝင်ပေ။
One Plus X သည် iPhone 5 နှင့် အလွန်တူညီပြီး သတ္တုဘောင်နှင့် ကျောဘက်တွင်
ဖန်ထည်ကို အသုံးပြုထားသည်။ ဖုန်း၏ အောက်ခြေဘက်ရှိ စပီကာများကိုလည်း iPhone
ကဲ့သို့ အစက်ငယ်များဖြင့် ပြုလုပ်ထားသည်။

One Plus X ကို ယူကေနှင့် ဥရောပတွင် နိုဝင်ဘာလ ၅ ရက်မှ
စတင်ရောင်းချမည်ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတွင်မူ နိုဝင်ဘာလ ၁၉ ရက်၌
ရောင်းချမည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: TechInAsia