7/02/2014

♪ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်အိုင်တီနှင့်ပတ်သက်သောကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး ♫

http://www.neweducationhighway.org/uploads/1/5/8/5/15852008/984480887_orig.jpg?274

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်အိုင်တီနှင့် ပတ်သက်သောကျောင်းသားပေါင်း တစ်သောင်းဝန်းကျင်ထွက် ရှိသော်လည်း ယင်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးကြောင်းသိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ တစ်နှစ်မှာ အိုင်တီနဲ့ပတ်သက်ပြီး ကျောင်းသားတစ်သောင်းလောက် ထွက်တယ်။ ဒီတစ်သောင်းအလုပ်ရခဲ့ရင် သူရဲ့လုပ်အားသည် တစ်လကို ဒေါ်လာတစ်ထောင်ပဲ ထားလိုက်။ လူတစ်သောင်းသည် တစ်နှစ်တစ်နှစ်မှာ သန်းကိုရာနဲ့ချီရှာလို့ရမယ်။ တစ်နှစ်မှာထွက်တဲ့ကျောင်းသား နှစ်ပေါင်းဆယ်နှစ်ဆိုလို့ရှိရင် ဘီလီယံချီရနိုင်ပါတယ်” မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်၏ တွဲဖက် အတွင်းရေးမှူး (၁) ဦးထွန်းသူရသက်က ဇွန်လ (၂၈) ရက်နေ့ကကျင်းပသော The Future of Mobile Apps and IP Right in Myanmar ဆွေးနွေးပွဲတွင်ပြောသည်။     ယခုနှစ်ပိုင်းတွင် နည်းပညာ ပြောင်းလဲမှုများပြားလာပြီး တယ်လီကွန်းကဏ္ဍလည်း မကြာမီကြီးထွားလာမည်ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်း လည်းပေါများလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။     “နည်းပညာက ဒီနှစ်တွေထဲမှာ အထူးပြောင်းလဲတယ်။ တယ်လီကွန်းကဏ္ဍက မကြာခင်ကြီးထွားလာမယ်။ အဲဒီအချိန်ကောင်းလေးမှာ ကျွန်တော်တို့ယူနိုင်မယ်ဆိုရင် လက်ရှိရှိနေတဲ့ ကျွန်တော်တို့ ပြည် တွင်းတယ်လီကွန်းမဟုတ်ဘဲနဲ့ ပြည်ပကိုပါဒီဆော့ဖ်ဝဲ industry ကနေပြီးတော့ Export လုပ်နိုင်တဲ့ အထိမှန်းထားတာဖြစ်တယ်” ဟုဦးဇော်မင်းဦးကပြောသည်။ အိုင်စီတီကဏ္ဍမှာ အားလုံးထက်အရေးကြီး သောကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အိုင်တီနှင့်ပတ်သက်၍ အထောက်အပံ့များ လိုအပ်မည်ဖြစ်ကြောင်း ဦးထွန်းသူရသက်က ဆိုသည်။ “နိုင်ငံတော်အနေနဲ့ရော၊ Civil Society အနေနဲ့ရော Basic Comm -unity အနေနဲ့ရော အထောက်အပံ့ရသင့်သလောက် မရသေးပါဘူး” ဟုသုံးသပ်ပြောကြားသည်။     တီထွင်ဖန်တီးမှုများမှာ သယံဇာတထုတ်ယူ သုံးစွဲမှုကဲ့သို့ ကုန်ခမ်းသွားမည်မဟုတ်ဘဲ ပိုမိုများပြားလာ မည်ဖြစ်ကြောင်းဆိုသည်။ “အိန္ဒိယမှာ 120 ဘီလီယံလောက် အိုင်စီတီဂျီဒီပီရှိပါတယ်။ သူရဲ့ဆော့ဖ်ဝဲဝန်ဆောင်မှုက ၇၀ ဘီလီယံလောက်ရှိတယ်။ ဗီယက်နမ်ကိုကြည့်ရင်လည်း သူ့ရဲ့ဆော့ဖ်ဝဲဝန်ဆောင်မှုထုတ်ကုန်က ၂ ဘီလီယံလောက်ရှိတယ်။ ထူးခြားတာက သယံဇာတကကုန်သွားမယ်၊ Innovation ကျတော့ပိုပိုပြီးများလာမယ်” ဟုဦးထွန်းသူရသက်က ဆွေးနွေးပြောကြားခဲ့သည်။

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>