3/05/2014

၂၀၁၄ ပထမနှစ်လအတွင်း ပြည်တွင်း မိုဘိုင်းဈေးကွက်၌ iPhone 5 နှင့် 5S ရောင်းအားများတက်လာ





Apple ကုမ္ပဏီမှ ထုတ်လုပ်သည့် iPhone 5 နှင့် 5s များကို အသုံးပြုသူများမှာ ၂၀၁၄ နှစ်ဆန်းပိုင်း ကာလအတွင်း ပိုမိုများပြားလာသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။
iPhone 5 နှင့် 5s ကိုအသုံးပြုနိုင်သူ အနေအထားသည် ယခုနှစ်ဆန်းပိုင်းတွင် ရန်ကုန်မိုဘိုင်း ဈေးကွက်၌ ပုံမှန်ထက်များပြား လာခြင်းဖြစ်ပြီး Apple နည်းပညာ ထုတ်ကုန်များ၏ အမှတ်တံဆိပ် လွှမ်းမိုးမူက မြို့ပြ၏မိုဘိုင်းဖုန်း သုံးစွဲသူများအပေါ် လွှမ်းမိုးမှု ပိုမိုလာခြင်းကြောင့်ဟုလည်း ပြည်တွင်းမိုဘိုင်း ဈေးကွက်ကျွမ်းကျင်သူ အချို့ကသုံးသပ် ကြသည်။
ယခုနှစ်၏ ပထမနှစ်လတာ ကာလအတွင်းတွင် ရန်ကုန်နှင့်မန္တလေး မိုဘိုင်းဖုန်းဈေးကွက်၌ iPhone 5 နှင့် iPhone 5S အမျိုးအစားများကို သုံးစွဲသူများက ပိုမိုအာရုံစိုက်နေကြပြီး ရောင်းလိုအားလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကထက် အနည်းငယ်စီ တက်လာခြင်းဖြစ်သည်။
ယင်းသို့ iPhone အမျိုးအစား မိုဘိုင်းဖုန်းအိမ်များ ကိုင်ဆောင်သူ များပြားလာခြင်း၏ အဓိကအကြောင်း ရင်းများတွင် Android OS ထက် Apple ၏ iOS နည်းပညာကို လူငယ်များ ပိုမိုစိတ်ဝင်စားလာကြခြင်းနှင့် ၎င်းထုတ်ကုန်များ၏ စွမ်းဆောင်ရည်များကို နှစ်သက်ကြခြင်းများကြောင့်ဟု အထက်ပါ ဈေးကွက်ကျွမ်းကျင်သူများ ထံမှသိရသည်။
ပြည်တွင်းဈေးကွက်တွင် အခြားသော အမှတ်တံဆိပ်များဖြစ်သည့် Samsung, Huawei အစရှိသော ဟန်းဆက်များ၏ နောက်ဆုံးပေါ် မော်ဒယ်များ၏ ဈေးနှုန်းများသည် iPhone 5 တစ်လုံး၏ဈေးနှုန်းနှင့် ကွာဟချက်နည်းပါးလာသဖြင့် ယခင် Android OS ဟန်းဆက်များထက် iPhone ကိုအသုံးပြုရန်သာ ပိုမိုအာရုံစိုက်လာကြခြင်းဟု မိုဘိုင်းဖုန်းဈေးကွက် ကျွမ်းကျင်သူများက ဆက်လက်သုံးသပ်ကြသည်။
“ရောင်းအားကတော့ တဟုန်ထိုးတက်လာတာ မဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှတော့ သုံးတဲ့သူတွေများလာတယ်။ ဈေးနှုန်းတွေကလည်း ကျန်ခဲ့တဲ့နှစ်တွေလို တော်တော်ကိုလိုက်မမီနိုင်တဲ့ အနေအထားတွေ မဟုတ်တော့တာလည်းပါမယ်။ မိုဘိုင်းလုပ်ငန်းတွေကလည်း အပြိုင်အဆိုင်များလာတော့ ကျွန်တော်တို့လုပ်ငန်းတွေဆို အမြတ်ကိုအရင်လို ရှာမရတဲ့အနေအထားတောင် ဖြစ်နေပြီ” ဟု iNora Mobile ဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုထက်မြက်အောင်က ပြောသည်။
Apple တံဆိပ် iPhone အမျိုးအစား ဟန်းဆက်ကို ကိုင်ဆောင်သူ များပြားလာသူများတွင် လူငယ်များက အများဆုံးဖြစ်ပြီး ၎င်းတို့၏လစဉ်ဝင်ငွေများကို စုဆောင်းပြီးမှ အသုံးပြုသူများနှင့် ဘဏ်များ ချိတ်ဆက်ထားသည့် အရောင်းဆိုင်များမှတစ်ဆင့် ဝယ်ယူကြသူများက ပိုမိုများပြားကြောင်း စုံစမ်းသိရှိရသည်။
“နည်းပညာတွေ အချိန်နဲ့အမျှ ပြောင်းလဲလာတဲ့အချိန်မှာ Apple ရဲ့ထုတ်ကုန်တွေကို သုံးကိုသုံးဖူးမှဖြစ်မယ်။ သုံးလည်းသုံးချင်တယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ ဝင်ငွေနဲ့အဆင်မပြေဘူး။ ဒါကြောင့် ပစ္စည်းကောင်းကောင်း သုံးချင်လို့ အချိန်ပေးငွေစုဆောင်းပြီးမှ သုံးနိုင်ပါတယ်။ ငွေပေးရသလောက်လည်းတန်တယ်” ဟု iPhone 5 အသုံးပြုသူ မသန္တာချိုကဆိုသည်။
ယခုကဲ့သို့ iPhone အမှတ်တံဆိပ် ဟန်းဆက်များကို အသုံးပြုသူများတွင် မော်ဒယ်အဟောင်းများဖြစ်သည့် iPhone 4 နှင့် 4s ကိုပြန်လည်ဝယ်ယူ ကိုင်ဆောင်သူများလည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ မိုဘိုင်းဖုန်းရောင်းဝယ်မှု ဈေးကွက်တွင် ယခုကဲ့သို့ iPhone 5 နှင့် iPhone 5S မော်ဒယ်များ အရောင်းသွက်နေချိန်တွင် Samsung အမှတ်တံဆိပ် ဟန်းဆက်များ၏ ရောင်းလိုအားမှာ အနည်းငယ်ကျဆင်း နေသည်ဟုစုံစမ်း သိရှိရသည်။




Thihahtike

Welcome From My Blog




Ref:Internet Journal

























 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download